Posts

Showing posts from 2020

Things You Should Never Wear in the Workplace

Image
"လုပ်ငန်းခွင်တွင်မဝတ်သင့်သည်အဝတ်အစားပုံစံများ" 📌 သင့်၏အဝတ်အစားဝတ်ပုံသည်အရေးကြီးပါသည်။ မြန်မာ့စကားပုံအရ "တောင်းမှာအကွတ်၊လူမှာအဝတ်ဆိုသည်အတိုင်း အဝတ်ဝတ်ရာတွင် မိမိသွားရမည့်နေရာ၊မိမိလုပ်ကိုင်သည့်အလုပ်၏ရာထူးအဆင့်နှင့်သင့်တော်သောအဝတ်က်ိုဝတ်ဆင်ရန်လိုအပ်ပါသည်။ 📌အလုပ်တွင်မိမိ၏စွမ်းဆောင်ရည်ကောင်းမွန်ရန်အရေးကြီးသကဲ့သို့ပြောပုံဆိုပုံ၊ဝတ်ပုံစားပုံသည်လည်းအလွန်အရေးကြီးပါသည်။ သို့မှသာသင်သည်လုပ်ငန်းတွင် အဘက်ဘက်ကပြီးပြည့်စုံပြီး Professional ဆန်နေမည်ဖြစ်ပါသည်။ 📌 အောက်တွင်ဖော်ပြထားသောအချက်များသည်လုပ်ငန်းတွင်မဝတ်သင့်သည့်ဝတ်စားပုံများဖြစ်ပါသည်။ (၁) အလုပ်သို့ညစ်ပေ၊တွန့်ကြေသောအဝတ်များမဝတ်သင့်ပါ။ ◾ သင်အလုပ်သို့လာသောအခါ သင့်ဝတ်ထားသောအင်္ကျီင်္သည် သန့်ရှင်းပြီးတွန့်ကြေမှု မရှိရန်အမြဲကြည့်ရမည်ဖြစ်သည်။ မီးပူမတိုက်ထားသောအဝတ်များကို ရုံးသို့ဝတ်လာခြင်းမပြုလုပ်သင့်ပါ။ ◾ လမ်းတွင်မတော်တဆ ညစ်ပေသွားလျှင် ပြန်လဲနိုင်ရန်အတွက် ရုံးတွင်အဝတ်အစားအပိုထားရှိသင့်ပါသည်။ ◾ ထို့အပြင်သင့်၏ ဆံပင်၊လက်သည်းတို့သည်လည်းသပ်ရပ်ပြီးသန့်ရှင်းရမည်ဖြစ်သည်။ သင့်ဖိနပ်ကိုလည်း အမြဲသန့်ရှင်းနေပြီး အရမ်းဟောင်းနွမ်းစုတ်ပြတ...

"မိမိဧ။်လုပ်ငန်းခွင်တွင် သင်ဧ။် စွမ်းဆောင်ရည် တိုးတက်လာစေရန် ပြုလုပ်သင့်သည့် အဆင့် (၄)ဆင့်"

Image
သင်သည် သင်ဧ။်အလုပ်တွင် စွမ်းဆောင်ရည် တိုးတက်မူများစွာ ရရှိနိုင်ရန်အတွက် စွမ်းဆောင်ရည်ကိုတိုးတက်စေနိုင်သည့် အပြု အမူ ပေါင်းများစွာကို ပြုလုပ်ခဲ့သော်လည်း သင်မျှော်မှန်းထားသလောက် စွမ်းဆောင်ရည် တိုးတက်လာမှုမရှိပါလျှင် သင့်အတွက် ပြောင်းလဲမှုတစ်ခုပြုလုပ်ရန်လိုအပ်နေပါသည်။ သင်၏ စွမ်းဆောင်ရည်တိုးတက်လာစေရန် သင့်ဧ။်စိတ်နေသဘောထား၊ အပြုအမူနှင့် အချိန်ကိုထိရောက်စွာစီမံခန့်ခွဲ နိုင်မှသာလျှင် သင့်အတွက် ထိရောက်သောတိုးတက်မှုကို ရနိုင်မည်ဖြစ်ပါသည်။ အောက်တွင်ဖော်ပြထားသော အချက်(၄)ချက် သည် လွယ်ကူထိရောက်စွာဖြင့် သင့်ဧ။် စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်မည့် နည်းလမ်းများဖြစ်ပါသည်။ (၁)အလုပ်အပေါ်ဦးစားပေးအစီအစဉ်ဖြင့်စီမံခန့် ခွဲနိုင်သူဖြစ်အောင်လေ့လာသင်ယူပါ။ အလုပ် တွင်စွမ်းဆောင်ရည်တိုးတက်လာဖို့ အတွက် သင်သည်အဓိကဦးစားပေးလုပ်ရမည့် အလုပ် များကိုသတ်မှတ်ထားရန်လိုအပ်ပါသည်။နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရသော အလုပ်များထဲမှ မိမိဦးစားပေးလုပ်ကိုင်ရမည့်အလုပ်နှင့် သက် ဆိုင်သောအလုပ်၊ မသက်ဆိုင်သောအလုပ်ကို စနစ်တကျခွဲခြားတက်ရန်လိုအပ်ပါသည်။ထိုကဲ့ သို့ပြုလုပ်နိုင်လျှင်သင့်တွင်မည်သည့် ကိစ္စက အရေးကြီးပြုလုပ်ရမည်ဆိုသည်ကို သိမြင် လာ...

“အောင်မြင်မှုကို ဘယ်လိုမှတ်ယူမလဲ?”

Image
“အောင်မြင်မှုကို ဘယ်လိုမှတ်ယူမလဲ?” 🔹️ကျွန်မတို့နေထိုင်တဲ့ ကမ္ဘာပေါ်မှ လူဦးရေသန်းပေါင်းများစွာ ရှိပါတယ်။ ထိုအထဲမှအောင်မြင်ကျော်ကြား သူသည်အနည်းငယ်မျှသာရှိပါတယ်။ လူတစ်ယောက် အနေဖြင့်အောင်မြင်မှုရော၊ ကျော်ကြားမှုရောကိုပိုင်ဆိုင်ထားသူဆိုလျှင် ပို၍နည်း မည်ထင်ပါတယ်။ ထို့ကြောင့် ကျွန်မတို့အနေဖြင့်အောင်မြင်မှုကို သတ်မှတ်သည့်အခါ လူတစ်ဦးတစ်ယောက်ချင်းစီ၌ လက်ရှိရောက်နေတဲ့အနေအထားပေါ်မူတည်ပြီး သတ်မှတ်ချက်တွေ ကွဲပြားနိုင်ပါတယ်။ 🔹️ သင့်အနေဖြင့် အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် အဓိက အကျဆုံးအချက်များအနေဖြင့် ဘ၀ရဲ့ရည်မှန်း ချက်ကို သိရှိပြီးဘ၀ကို ဘယ်လို အနေအထားမျိုးမဆိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခြင်း၊ ကျန်းမာသောဘ၀ကို ပိုင်ဆိုင်နိုင်ခြင်း၊ ဘ၀တွင်အဓိပ္ပါယ်ရှိသော အလုပ်ကို လုပ်ပြီးဘ၀ကိုရပ်တည်နိုင်ခြင်းတို့ ဖြစ်ပါတယ်။ 🔹️ တစ်ခါတစ်ရံ ဘ၀တွင် ကျော်ကြားမှုမရှိလည်း အောင်မြင်မှုကို ပိုင်ဆိုင်ထားတဲ့လူပေါင်းများစွာ ရှိပါတယ်။ တစ်ချို့လူများသည်ဘ၀တွင် မိမိနေထိုင်သည့် လူမှုပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက်အကျိုးရှိစေမည့်ကိစ္စများကို ဆောင်ရွက်ပေးနိုင်သဖြင့်အားလုံး၏ လေးစားမှု၊ အားကိုးမှုကို ရရှိပြီးအောင်မြင်မှုတွေ ရရှိနိုင်ပါသည်။ ...

Good Personality (Part I)

Image
“သင့်ဘ၀အတွက် လိုအပ်သော သင်၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရမည့် အချက်များ” (ပထမပိုင်း) 👉 သင့်ဘ၀တွင် သင်၏ကျွမ်းကျင်မှုများ၊ သင်၏ကိုယ်ရည်ကိုယ်သွေး၊ သင်၏အပြုအမူ၊ အပြောအဆို အစရှိသည့် အချက်များကို အမြဲတမ်း အကောင်းဆုံးဖြစ်အောင် လေ့ကျင့် နေရခြင်းသည် သင့်ဘ၀အတွက် ဘယ်တော့မှ အဆုံးသတ်သွားမည်မဟုတ်ပါ။ 👉 သင့်အနေဖြင့် အမြဲတမ်း ကျွမ်းကျင်မှု အသစ်တွေကို လေ့လာသင်ယူမှုပြုပြီး အမြဲတမ်း မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားနေရမည်ဖြစ်သည်။ 👉 သင်၏ကိုယ်ရည်ကိုယ်သွေးကို တိုးတက်အောင် ပြုလုပ်ခြင်းဖြင့် သင့်ဘ၀အောင်မြင်မှုအတွက် ကောင်းမွန်သော ဘ၀လမ်းကြောင်းကို ရရှိနိုင်မည်ဖြစ်သည်။ 👉 ကိုယ်ရည်ကိုယ်သွေး ဆိုသည်မှာ သင်၏ အပြုအမူ၊ တွေးခေါ်သည့်ပုံစံသည် အများနှင့် မတူပဲ ထူးခြားမှု ရှိနေရန် လိုအပ်သည်။ 👉 သင်၏ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရန်အတွက် သင့်အနေဖြင့် သင်၏ အပြုအမူကို ပိုမိုတိုးတက်လာနိုင်အောင် ကြိုးစားရမည်သာမက သင်၏ တွေးခေါ်စဉ်းစားပုံကိုလည်း တိုးတက်အောင် ကြိုးစားရမည် ဖြစ်သည်။ 💎 အောက်တွင် ဖော်ပြထားသော အချက်များသည် သင်၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်ကောင်းမွန်အောင် ပြုပြင် လေ့လာသင့်သည့် အချက်များဖြစ်သည်။ ...

Daily Use Habits

Image
"နေ့စဉ်လူတိုင်းနဲ့ ဆက်ဆံရေးအဆင်ပြေချင်ရင် ပြုလုပ်သင့်တဲ့အချက်လေးများ......" 👍ဘဝတွင်ပျော်ရွှင်အောင်မြင်တဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်ဖို့အတွက်အောက်ပါအချက်များ ဖြင့်ဖြတ်သန်းကြည့်ရအောင်...... (၁) ကျွန်မတို့အနေဖြင့် နေ့တစ်နေ့ရဲ့ အစကိုအပြုံးဖြင့်စတင်ပါ။ ဟန်ဆောင်မှုမပါပဲ ရင်ထဲကလိုလားမှုအပြည့်ရှိတဲ့အပြုံးဖြင့် စတင်နိုင်အောင်ကြိုးစားပါ။ (၂) ကျွန်မတို့အနေဖြင့် အလုပ်လုပ်ရင် တစ်ယောက်နဲ့တစ်ယောက်ငြင်းခုံရတာတွေရှိနိုင်ပါတယ်။ အလုပ်အတွက်ကောင်းမွန်ပြီး အကျိုးရှိမယ့် ငြင်းခုံမှုမျိုးသာဖြစ်နိုင်အောင်ကြိုးစားပါ။ (၃) မိမိ၏ အယူအဆကိုလက်ခံစေချင်ရင် သင်အနေဖြင့်လည်း တစ်ဖက်လူ၏ အယူအဆကို အလေးပေးဂရုစိုက်ပါ။ (၄) ကျွန်မတို့အားလုံး အနေဖြင့်အလုပ်လုပ်သည့်အခါအမှားရှိတတ်ကြပါတယ်။ မိမိကြောင့်မှားသွားခဲ့ရင်လည်းအမှားကိုဝန်ခံပြီး အဲဒီအမှားကနေသင်ခန်းစာယူနိုင်အောင်ကြိုးစားပါ။ တခြားတစ်ဦးတစ်ယောက်၏ အမှားကိုထောက်ပြသည့်အခါတွင်လည်း ဝေဖန်အပြစ်တင်သည့်ပုံစံမျိုးမဟုတ်ပဲ ဆွေးနွေးတဲ့ပုံစံမျိုးဖြင့် တဘက်လူလက်ခံလာအောင်ပြောဆိုပါ။ (၅) စကားပြောသည့်အခါတွင်လည်း တဘက်လူအပေါ် ချိုချို သာသာ ဖြင့်ပြောဆို ဆက်ဆံပါ။ (၆) တဘက္လူစကားေ...

တစ်ဦးတစ်ယောက်ခြင်းစီအတွက်အလုပ်တွင် မသိမဖြစ်သိသင့်သောဝန်ထမ်းများအတွက် လုပ်ငန်းခွင်ကျင့်ဝတ်များ

Image
တစ်ဦးတစ်ယောက်ခြင်းစီအတွက်အလုပ်တွင် မသိမဖြစ်သိသင့်သောဝန်ထမ်းများအတွက် လုပ်ငန်းခွင်ကျင့်ဝတ်များ လူတစ်ဦးခြင်းစီအတွက်မိမိဧ။်လူမှုပတ်ဝန်းကျင် တွင် အခြားတစ်ဦးဧ။်လေးစားမှု၊ အသိအမှတ် ပြုမှုတို့ကိုရရှိလိုပါက မိမိအနေဖြင့်ကျင့်ဝတ်များ ကို နားလည်လိုက်နာမှုရှိရန်လိုအပ်ပါသည်။ ကျင့်ဝတ်ဆိုသည်မှာ ထိုလူဧ။် အပြုအမှု ၊ နေထိုင်ပုံ ၊ ပြောဆိုပုံ ၊ ဝတ်ပုံ ၊ စားပုံ ကိုဆိုလိုပါသည်။ လူတစ်ဦးခြင်းစီအလိုက် မိမိဘဝအတွက် အခြေခံလိုအပ်ချက်များကိုပြည့်စုံနိုင်ရန်၊ မိမိ ဘဝတက်လမ်းတွင် ကောင်းမွန်ပြည့်စုံမူများရ နိုင်ရန်အတွက် လုပ်ငန်းအဖွဲ့အစည်းများတွင် ဝင်ရောက်၍အလုပ်လုပ်ကိုင်ရပါသည်။ ထိုကဲ့သို့သောလူများကို ဝန်ထမ်းဟုဆိုကြပါ သည်။ ဝန်ထမ်းများအနေဖြင့် အလုပ် လုပ်သည့်အခါ အလုပ်ခွင်တွင် ရင့်ကျက်မှု ၊ အသိဥာဏ်ရှိမှုတို့ဖြင့်လုပ်ကိုင်ရမည်ဖြစ်ပါသည် လေးနက်မှုမရှိသော ၊ ဂရုတစိုက်မရှိသော ၊ သာမန်ကာ လျှံကာ ဖြစ်သောပုံစံမျိုးကို ရှောင်ကြဉ်ရမည်။ တစ်ဦးတစ်ယောက်ချင်းစီ အလုပ်လုပ်သည့်အခါလိုက်နာရမည့် စနစ်များ သည် ဝန်ထမ်းများအတွက် လိုက်နာရမည့် ကျင့်ဝတ်များဖြစ်ပါသည်။ အဖွဲ့အစည်းကနေကိုယ်အတွက် ရနိုင်မည့် အကျိုးကျေးဇူးကို လိုချင်လျှင်ကိုယ်အလုပ် လုပ်သ...

အလုပ်တွင် ကောင်းမွန်ထိရောက်သော ဆက်သွယ် ပြောဆိုခြင်း၏ အရေးပါမှု

Image
မည်သည့်ပတ်ဝန်းကျင်တွင်မဆို လူတစ်ဦး နှင့် တစ်ဦး ဆက်ဆံရေးတွင် ကောင်းမွန်ထိရောက် စွာ ပြောဆိုဆက်ဆံနိုင်ခြင်းသည်လည်း အလွန် အရေးပါသော ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါသည်။ မိမိ အလုပ်လုပ်သည့် ပတ်ဝန်းကျင်တွင် ကောင်းမွန်ထိရောက်သောဆက်သွယ်ပြောဆို နိုင်ခြင်းသည်အောင်မြင်သောဝန်ထမ်းကောင်း တစ်ယောက်၊ အောင်မြင်သောလုပ်ငန်းရှင် တစ်ယောက်အဖြစ် ရပ်တည်နိုင်ရန်အတွက် လိုအပ်သော ကျွမ်းကျင်မှု တစ်ခုဖြစ်ပါသည်။ မိမိအလုပ်ပတ်ဝန်းကျင်တွင် ကောင်းမွန် ထိရောက်သော ဆက်သွယ်ပြောဆိုနိုင်ခြင်း သည် တစ်ဦးနှင့်တစ်ဦး အငြင်းပွားမှုများကို လျော့ကျစေသည့်အပြင်၊ ကောင်းမွန်သော လုပ်ငန်းခွင်တစ်ခုကို ဖန်တီးနိုင်ရန်အတွက် လည်းများစွာအရေးပါသည်။ ကောင်းမွန်သော ဆက်သွယ် ပြန်ကြား ပြောဆိုခြင်းကြောင့် မိမိ၏ဖောက်သည်များနှင့် ကောင်းမွန်သော ဆက်ဆံရေးကိုတည်ဆောက်နိုင်သည့်အတွက် မိမိအလုပ်လုပ်သည့် အဖွဲ့အစည်းအတွက် များစွာအကျိုးအမြတ်ကိုရရှိနိုင်ပါသည်။ မိမိ၏ အဖွဲ့တွင်လည်း အဖွဲ့ဝင်အားလုံးနှင့်ဆက်ဆံရေး ကောင်းမွန်ပြီးအလုပ်များကို ထိရောက် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါသည်။ ထိုကြောင့် မိမိ၏အလုပ်ရှင်ထံမှ ကျေနပ်မှုကို ရရှိပြီး အကောင်းဆုံးဝန်ထမ်းတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရနိ...

Differences & Similarities in Personal & Pro ethic

Image
"တူညီမှုရှိသလိုနှင့် ကွဲပြားမှုရှိသော ကိုယ်ပိုင်ကျင့်ဝတ်နှင့် Professional ကျင့်ဝတ်" ✒ တူညီမှုရှိသလိုနှင့် ကွဲပြားခြားနားမှုရှိသော ကိုယ်ပိုင်ကျင့်ဝတ်နှင့် Professional ကျင့်ဝတ်များကို အလုပ်လုပ်သည့်အခါတွင် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ ✒ ကိုယ်ပိုင်ကျင့်ဝတ်ဆိုသည်မှာ မိမိပြုလုပ်သည့် မည်သည့်ကိစ္စမဆို ကိုယ်ပိုင်အသိတရား၊ အသိစိတ်ဓာတ်ဖြင့် ပြုလုပ်ခြင်းကို ဆိုလိုပါသည်။ ✒ Professional ကျင့်ဝတ်ဆိုသည်မှာ လုပ်ငန်းက ချမှတ်ထားသော စံသတ်မှတ်ချက်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်းကို ဆိုလိုပါသည်။ #ကိုယ်ပိုင်ကျင့်ဝတ် ( အသိတရား၊ အသိစိတ်ဓာတ်) 🏷 မိမိ၏ နေ့စဉ်ပြုမူ လုပ်ကိုင်ပြောဆိုသည့်အခါတွင် ကိုယ်ပိုင် ကိုယ်ကျင့်တရားနှင့်အညီ လုပ်ကိုင်ပြောဆို နေထိုင်ခြင်းကို ဆိုလိုပါသည်။ 🏷 ကိုယ်ပိုင် ကိုယ်ကျင့်တရားဆိုသည်မှာ အများအပေါ်တွင် ရိုးသားမှုရြှိခင်း၊ တာဝန်ခံယူလိုစိတ် အပြည့်အဝရြှိခင်း၊ သစ္စာရြှိခင်း၊ အများအပေါ်တွင်လည်း မျှတမှုအပြည့်ဖြင့် ကြင်နာစွာဆက်ဆံခြင်းကို ဆိုလိုပါသည်။ 🏷 သင့်အနေဖြင့် ကိုယ်ပိုင်ကျင့်ဝတ်ကောင်းအောင် ကြိုးစားမည်ဆိုလျှင် အောက်ပါအချက်များကို လိုက်နာကျင့်သုံးရမည် ဖြစ်ပါသည်...

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့- နောက်ဆုံးအပိုင်း

Image
"ဆယ်ကျော်သက်တို့မိဘများ သိထားသင့်တဲ့အချက် (၇) ချက်" (နောက်ဆုံးအပိုင်း) (၇) "ဆယ်ကျော်သက်များကပေးလာတဲ့ အခွင့်အရေးကိုသာ ယူပါ" ❤ ကိုယ့်သားသမီးဆီက သတင်းအချက်အလက်အားလုံးကို သူတို့ရဲ့ဆယ်ကျော်သက်ဘဝမှာ သင်ရရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူတို့ပေးသိချင်တဲ့ ကိစ္စရပ်တွေ သတင်းအချက်အလက်တွေကိုတော့ ကိုယ့်အတွက်ကြီးမားတဲ့ လက်ဆောင်တစ်ခုအနေနဲ့ သဘောထားပြီး လက်ခံသင့်ပါတယ်လို့ ပြောထားပါတယ်။ ❤ အခုအချိန်မှာအရွယ်ရောက်ပြီးသား သမီးတစ်ယောက်ရဲ့မိခင်ဖြစ်သူက သူမရဲ့သမီး ၁၆နှစ်အရွယ်တုန်းက ကျောင်းကနေ အိမ်ကို စိတ်ပျက်လက်ပျက်နဲ့ပြန်လာခဲ့တဲ့အကြောင်းကို ပြန်ပြောင်းအောင်းမေ့နေပါတယ်။ အဲဒီအချိန်က သမီးဖြစ်သူက ကျောင်းကနေအိမ်ပြန်ရောက်တော့ တရှုံ့ ရှုံ့နဲ့ငိုနေပါတယ်။ ဘာဖြစ်ခဲ့လဲဆိုတာလည်းမပြောပါဘူး။ အဲဒါနဲ့မိခင်က ဆိုဖာထိုင်ခုံပေါ်မှာ သူမရဲ့ဘေးနားဝင်ထိုင်ပြီးသူမလက်လေးကိုပဲကိုင်ထားပေးလိုက်ပါတယ်။ သူမငိုပြီးတဲ့အခါမှာတော့ သူမမိခင်ကို တစ်ချက်ကြည့်ပြီး ကျေးဇူးတင်ပါတယ် အမေလို့ပြောပြီး သူမအခန်းထဲဝင်သွားခဲ့ပါတယ်။ ❤ မိခင်ဖြစ်သူဟာ သူမသမီး ဘာဖြစ်ခဲ့လည်းဆိုတာကို ဒီနေ့အထိမသိခဲ့ပါဘူး။ မေးလည်းမမေးခဲ့ဘူး။ သိအောင်လည်းမက...

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၄)

Image
"ဆယ်ကျော်သက်တို့မိဘများ သိထားသင့်တဲ့အချက် (၇) ချက်" (အပိုင်း-၄) (၅) "ကိုယ်ပိုင်သီးခြားလွတ်လပ်ခွင့်ပြုပေးပါ" ❤ ဆယ်ကျော်သက်တွေမှာ လိုအပ်တဲ့ အရေးကြီးခံစားမှုတစ်ခုက သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ မိဘတွေဟာ ညွှန်ကြားချက်တွေ အချိန်ပြည့်ပေးမနေဘဲ၊ သူတို့ကို သီးခြားလွတ်လပ်ခွင့်တွေပေးထားတယ်၊ သူတို့ရထားတယ် ဆိုတဲ့ခံစားချက်ပါ။ သူတို့ရဲ့ကိုယ်ပိုင်အခန်းက ဒီအရွယ်မှာသူတို့အတွက် အရေးပါတဲ့ ကမ္ဘာလေးဖြစ်ပါတယ်။ ဘယ်မိဘကမှ သူတို့သီးသန့်နေရဖို့ အိမ်ကထွက်သွားမှာကို လိုချင်မှာမဟုတ်ပါဘူး။ ဒါကြောင့် မိမိတို့ရဲ့နေအိမ်မှာပဲ သူတို့အတွက်သီးသန့်အခန်းလေး စီစဉ်ခွင့်ပြုပေးဖို့လိုပါတယ်။ သူတို့ရဲ့အဲဒီကိုယ်ပိုင်အခန်းတွေမှာတော့ နေ့စဉ်ဆယ်ကျော်သက်တွေရဲ့စကားသံတွေ၊ ဆယ်ကျော်သက်အကြောင်းအရာတွေ၊ သီချင်းသံတွေ၊ စားသောက်မှုတွေ၊ ဂိမ်းကစားသံတွေနဲ့ ဆူညံနေမှာပါပဲ။ ဒါပေမဲ့လည်း ဒါဟာအဆင်ပြေပါတယ်။ မိဘတွေအတွက်လည်း သူတို့ အိမ်ထဲမှာပဲရှိနေတယ်၊ လုံခြုံမှုရှိနေတယ်ဆိုတာကို သိရပြီး စိတ်အေးရနိုင်ပါတယ်။ ❤ သူတို့ရဲ့ သီးခြားကမ္ဘာလေးကိုပိုင်ဆိုင်ချင်တဲ့ ဆယ်ကျော်သက်တို့ရဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ဆယ်ကျော်သက်အရွယ်မှာ မိဘရင်ခွင်...

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၃)

Image
"ဆယ်ကျော်သက်တို့မိဘများ သိထားသင့်တဲ့အချက် (၇) ချက်" (အပိုင်း-၃) (၃) "တိုင်ပင်ဆွေးနွေးသူ အတိုင်ပင်ခံလို ဆက်ဆံပေးပါ၊ မန်နေဂျာလိုမဆက်ဆံပါနဲ့" ♥️ Michael Riera ရဲ့နောက်ထပ်အဆိုအရ ဆယ်ကျော်သက်တွေဟာ မိဘတွေက သူတို့ကိုအကြံဉာဏ် ဆုံးဖြတ်ချက်တွေပေးရင် ကောင်းတဲ့အကြံဉာဏ်တြွေဖစ်နေရင်တောင်မှ ပြန်ကန် (လက်မခံ) တတ်ပါတယ်တဲ့။ သူတို့အတွက် မန်နေဂျာပုံစံလူမျိုးတွေမလိုအပ်ပါဘူး။ သူတို့အတွက်၊ သူတို့ကြုံတွေ့နေတဲ့ကိစ္စရပ်တွေအတွက် အကြံပေးနိုင်တဲ့၊ ရင်းနှီးတဲ့မဟာမိတ်ဆက်ဆံရေးရှိတဲ့ လူတွေသာ လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်း အတိုင်ပင်ခံတစ်ယောက်ရဲ့ လုပ်ဆောင်မှုကို စဉ်းစားကြည့်ပါ။ ကိစ္စတစ်ခုကို ချက်ချင်းဝင်ရောက်စွက်ဖက်ပြီး ပြောင်းလဲရမယ်လို့ ပြောမယ့်အစား သူကသေချာဂရုတစိုက် အချိန်ပေးနားထောင်ပြီးမှ ခင်ဗျားရဲ့ ဆုံးဖြတ်မှု၊ ရွေးချယ်မှုတွေကို ကျိုးကြောင်းဆီလျော်စွာနဲ့ ဦးစားပေးသင့်တာကို ဦးစားပေးဖို့ ရှင်းလင်းပြောပြတယ် မဟုတ်လား။ ♥️"ကိုယ့်သားသမီးဆယ်ကျော်သက်ဟာ အမှားလုပ်ထားမိတဲ့အခြေအနေမျိုးမှာ ချက်ချင်းဝင်ရောက်စွက်ဖက်ပြီး အကြံဉာဏ်ဝင်ပေးတာဟာ ရှောင်ရှားဖို့လိုအပ်တဲ့ အရေးကြီးတဲ့အချက်တစ်ခုပါ" လို...

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၂)

Image
"ဆယ်ကျော်သက်တို့မိဘများ သိထားသင့်တဲ့အချက် (၇) ချက်" (အပိုင်း-၂) (၁) "နားထောင်တတ်တဲ့ အလေ့အကျင့်၊ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ" ❤ "တစ်နေရာတည်းမှာပဲ ငြိမ်ငြိမ်လေးထိုင်ပြီး စကားတွေပြောဆို ဆွေးနွေးနေဖို့ဆိုတာ ဆယ်ကျော်သက်တို့ရဲ့သဘာဝမဟုတ်ပါဘူး" လို့ New York မြို့ Columbia -Presbyterian Medical Center က Behavioral and Developmental pediatrician တစ်ဦးဖြစ်တဲ့ Dr. Candace Erickson ကဆိုပါတယ်။ ဆိုလိုချင်တာက သိချင်တာ၊ ပြောချင်တာရှိရင် လူကြီးတွေလို အစည်းအဝေးတစ်ခုပုံစံမျိုး မလုပ်သင့်ဘူးလို့ ဆိုတာမျိုးပါ။ အဲဒီတော့ နေရာမရွေး၊ အချိန်မရွေး သူတို့နဲ့ ပြောဆိုဆက်ဆံနိုင်ဖို့ မိမိတို့မိသားစုမှာ အလေ့အထတစ်ခု၊ ပတ်ဝန်းကျင်တစ်ခု ဖန်တီးထားနိုင်ဖို့လိုပါတယ်။ သူတို့ပြောဆိုချင်တဲ့အခါ အချိန်မရွေးနားထောင်ပေးနိုင်တဲ့၊ သူတို့ကြုံတွေ့နေရတဲ့ အကြောင်းအရာတွေ၊ အခက်အခဲတွေကို ပေါ့ပေါ့ပါးပါးနဲ့ ပြောနိုင်ဆိုနိုင်တဲ့ အခြေအနေဝန်းကျင်တစ်ရပ် ဖန်တီးထားပေးပါ။ အဲဒါဆိုရင်သူတို့အရေးတကြီးကိစ္စကြုံတွေ့ပြီး ရင်ဖွင့်စရာ၊ ပြောစရာရှိလာတဲ့အခါ၊ မိဘတွေဆီကို သာမန်အလေ့အထတစ်ခုလိုပဲ ပေါ့ပေါ့ပါးပါး၊ တွန့်ဆုတ်မှုနည်းပါးစ...

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၁)

Image
"ဆယ်ကျော်သက်တို့မိဘများသိထားသင့်တဲ့ အချက်(၇)ချက်" (အပိုင်း - ၁) ယခုအချိန်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသောကျောင်းသူ/သား များ အနေဖြင့် သူတို့ဘဝအတွက် ဘဝလမ်းကြောင်းများကို ရွေးချယ်တဲ့အခါ မိဘများကဖြစ်စေချင်သောဆန္ဒနဲ့ သား၊သမီးကဖြစ်ချင်သောဆန္ဒတို့ တစ်ထပ်တည်းကျရန် ခက်ခဲနိုင်ပါတယ်။ ထိုအခါတွင် ဆယ်ကျော်သက်အရွယ် သား၊သမီးနှင့်မိဘအကြား ပြဿနာများရှိလာနိုင်ပါတယ်။ ၄ပြဿနာများကို အကောင်းဆုံးဖြေရှင်းနိုင်ရန်အတွက် မိဘများအနေဖြင့် ဆယ်ကျော်သက်များနဲ့ပတ်သက်တဲ့ စိတ်နေစိတ်ထား၊ သူတို့ရဲ့ပြောင်းလဲလာတဲ့အပြုအမူ၊ သူတို့ရဲ့ခံယူချက် အစရှိတဲ့အကြောင်းအရာများကို သိနိုင်ရန်အတွက် ကျွန်မဖတ်ထားတဲ့ဆောင်းပါးမှ ဆယ်ကျော်သက်မိဘများသိသင့်သည် အချက် (၇) ကိုမျှဝေပေးလိုက်ပါတယ်ရှင်။ ဆယ်ကျော်သက်ဆိုတာ teens တြွေဖစ်တဲ့ အသက် ၁၃ နှစ်မှ ၁၉ နှစ်အထိ "from Thirteen to Nineteen years old"အရွယ်တွေကိုခေါ်ပါတ ယ်။ ၁၃ နှစ်အရွယ ်က စတယ်လို့ဆိုပေမယ့်လည်း ဒီအသက်အရွယ်မတိုင် ခင် ၁၁ နှစ် ၁၂ နှစ် အရွယ်တွေမှာလည်း ငယ်ရွယ်စဉ်ကနဲ့မတူတဲ့ အနည်းငယ်ပြောင်းလဲမှုလေးတွေ တွ ေ့လာရပါတယ်။ အထူးသဖြင့်ဒီနေ့ခေတ်မှာပေါ့။ ကျွန်မ မှာလည်း ဆယ်ကျော်သက်အရွယ်ထ...

အမျိုးသမီးတစ်ဦး၏ ဘဝကို ပညာဖြင့် အလှဆင်ပါ။

Image
"အမျိုးသမီးတစ်ဦး၏ ဘဝကို ပညာဖြင့် အလှဆင်ပါ။" ကျွန်မတို့ မြန်မာ အမျိုးသမီးများသည် ရှေး အဆက်ဆက်ကပင် မိန်းကလေးဆို ပညာ တတ်စရာမလိုဘူး အချိန်ကျလို့ အရွယ် ရောက်ရင် အိမ်ထောင်ပြုမှာပဲ စာသင်စရာ မလိုပါဘူးစာရေးတတ်၊ ဖတ်တတ်ရင်ရပါပြီလို့ အမြဲတမ်းပြောဆိုမှုတွေကို ကျွန်မတို့လူတိုင်း ကြားဘူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် ယခုလိုပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီး မှာ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် ပညာတတ်မှ လူရာဝင်ပြီး လူ့အသိုင်း အဝိုင်းမှာဝင်ဆန့်နိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ လိုအမျိုးသမီးတွေ အတွက် ပညာရေးက ပို၍ပင် လိုအပ်သည်ဟု ကျွန်မအနေဖြင့် ထင်မိပါတယ်။ အမျိုးသမီးတယောက်သည်လှပနေဖို့ဆိုလျှင် ရုပ်အင်္ဂါအရလှပရန်လိုအပ်သလို ၊ စ်ိတ်ထား ကောင်းမွန်ပြီး၊ လူတိုင်းက လေးစားရသော အသိပညာ ဗဟုသုတ ကြွယ်ဝမှုအပြင် ကောင်းမွန်သော စဉ်းစားတွေးခေါ်နိုင်သော ဥာဏ်ပညာကြွယ်ဝရန်လိုအပ်ပါတယ်။ ထိုကဲ့ သို့သော အမျိုးသမီးမျိုးဆိုရင် လူတိုင်းက လေးလေးစားစား ဆက်ဆံခံရခြင်း၊ ကိုယ်ရဲ့ ပညာဥာဏ်ရှိမှုကြောင့် မိဘဆွေမျိုး အသိုင်း အဝိုင်းတွင်ကိုယ့်မိဘမှာ အများ၏ ချီးကျူး ပြောဆိုခံရခြင်းစသည့်အကျိုးများကို ခံစား ရပါတယ်။ အိမ်ထောင်ကျသည့် အခါတွင်...

How to Control Emotions in Workplace

Image
"အလုပ်တွင် ဖြစ်ပေါ်လာသည့် စိတ်ခံစားချက်များကို ဘယ်လိုထိန်းချုပ်မလဲ။" ■ ကျွန်မအပါအဝင် လူတိုင်းတွင်ထိန်းချုပ်ရအခက်ဆုံး အရာကိုပြပါဆိုလျှင် စိတ်ဖြစ်မည်ထင်ပါသည်။ နာရီပိုင်းအတွင်းအမျိုးမျိုးဖြစ်ပေါ်နေသောအရာသည်စိတ်၏ခံစားချက်များဖြစ်သည်။ ဒေါသဖြစ်မှု၊ ဝမ်းနည်းမှု၊ ဝမ်းသာမှု အစရှိသောစိတ်နဲ့ပတ်သတ်သည့် ခံစားချက်များကို ကောင်းစွာမထိန်းချုပ်နိုင်သည့်အတွက် ပြဿနာပေါင်းများစွာကိုရင်ဆိုင်ဖြေရှင်းရပါသည်။ ■ အထူးသဖြင့်ကျွန်မတို့အနေဖြင့် မိမိအလုပ်လုပ်သည့် ပတ်ဝန်းကျင်တွင် လူအမျိုးမျိုးနှင့် နေ့စဉ်ကြုံတွေ့နေရသည့်အခါ ခံစားချက်ပေါင်းမျိုးစုံကို ကောင်းစွာထိန်းချုပ်နိုင်အောင်ကြိုးစားရမည်ဖြစ်ပါသည်။ ■ ထို့ကြောင့်ကျွန်မတို့အနေဖြင့် အလုပ်လုပ်သည့် ဝန်းကျင်တွင် မိမိစိတ်နဲ့လက်မခံနိုင်သည့် အခြေအနေမျိုးရှိခဲ့ရင်လည်း မိမိ၏စိတ်ကို အကောင်းဆုံးထိန်းချုပ်နိုင်ရန်အတွက် အောက်တွင်ဖော်ပြထားသောအချက်များကို လေ့လာကြည့်ရအောင်........... # စိတ်၏ခံစားချက်နှင့်လုပ်ဆောင်ရမည် အပြုအမှုကိုခွဲခြားနိုင်ရမည်။ ● ဒီအချက်သည်အလွန်အရေးကြီးပါသည်။ ကျွန်မတို့အနေဖြင့် လူတစ်ဦးနဲ့စကားပြောသည်အခါ မိမိစိတ်တွင်ဖြစ်ပေါ်နေသည့် ခံစားခ...

အလုပ်လုပ်တဲ့ပတ်ဝန်းကျင်မှရိုးသားမှုနှင့်လွတ် လပ်စွာလုပ်ပိုင်ခွင့်

Image
အလုပ်လုပ်တဲ့ပတ်ဝန်းကျင်မှရိုးသားမှုနှင့်လွတ် လပ်စွာလုပ်ပိုင်ခွင့် ကျွန်မတို့ အလုပ်လုပ်ကြသည့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် လူတိုင်းက မိမိနဲ့ အလုပ် တွဲလုပ်သူတိုင်းကို ရိုးသားသူဖြစ်စေခြင်း သည် မှာ လူတိုင်း၏ ဆန္ဒဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့အနေဖြင့် မိမိသည် ရိုးသားသူနှင့် တွဲ၍ အလုပ်လုပ်မည်ဆိုလျှင်ကိုယ်တိုင်လည်း ရိုးသားသူတစ်ယောက်ဖြစ်ရန်လိုအပ်ပါသည်။ ရိုးသားသူကို လူတိုင်းက ချစ်ခင်နှစ်သက်ကြ သလို ရိုးသားသူကိုလည်း ယုံကြည်မှု အပြည့် ရှိကြသည်။ ရိုးသားခြင်းသည် သစ္စာရှိခြင်း၊ ဖုံးကွယ် လျိူ.ဝှက်မှုမရှိခြင် း ကို ဆိုလိုသည်။ ရိုးသားသူတစ်ဦးသည် အမှန်တရားကိုပဲ ပြောဆိုပြီး တခြားတစ်ဦးတစ်ယောက်အပေါ် လိမ်လည်မှု ၊ လှည့်ဖြားခြင်းမရှိပဲ အမြဲတမ်း အမှန်တရားကို ချစ်မြတ်နိုးသူ ဖြစ်သည်။ လုပ်ငန်းပိုင်ရှင်များ၊ ရာထူးမြင့်မားသူများသည် မိမိ၏လုပ်ဖော်ကိုင်ဘက်များ၊ လက်အောက် ဝန်ထမ်းများကို ရိုးသားသူ၊ ယုံကြည်ရသူတွေ ကိုသာအနားမှာ ထားပြီး အလုပ်လုပ်ချင် ကြသည်။ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ဆိုသည်မှာ ရိုးသားစွာဖြင့် အလုပ်ကိုကြိုးစား လုပ်ကိုင်သူ အတွက် ယုံကြည်စွာပေးအပ်ထားသည့်လုပ်ပိုင် ခွင့် ကို အလွှဲသုံးစား မလုပ်မိရန်မ...

7 Personal Branding Habits (Part-II)

Image
Personal Branding ဒုတိယပိုင္းမှာတော့ အလေ့အကျင့္ ၇ ခုကို ဆွေးနွေးပေးသွားမှာဖြစ္ပါတယ္။ သင်၏ personal brand " ကိုတည်ထောင် ဖို့အတွက် မရှိမဖြစ်လိုအပ်သော အလေ့အထ (၇) ချက်မှာ- ၁။ တစ်သမတ်တည်း ဖြစ်ရမည်။ ဥပမာ- Ferrari အမှတ်တံဆိပ်သည် "luxury sport type" ကားများကိုသာ ထုတ် လုပ်သည့် " Brand " တစ်ခုဖြစ်သည့်အတွက် သူတို့သည် ဈေးပေါသည့် "Van type" ကားများကို ဘယ်တော့မှ ထုတ်လုပ်မည် မဟုတ်ပါ။ " Brand " ဆိုသည်မှာ တစ်သမတ် တည်း ဖြစ်နေရမည်။ ဆိုလိုသည်မှာ သင့်ကိုယ် သင် ဘယ်လိုရပ်တည်မှုမျိုး ရှိသည်ဟု ပြောထားလျှင်ထိုအတိုင်း တသမတ်တည်း လုပ် ရန်လိုအပ်ပါသည်။ သင့်ဘ၀အတွက် ရွေးချယ်လိုက်သော "career" သည် တသမတ်တည်း ဖြစ်ရန် လိုအပ်သည်။ ဥပမာ - သင်သည် သင်၏ "career" ကို "finance" အဖြစ်ရွေးချယ်မည် ဆိုလျှင် သင့်ဘ၀တစ်လျှောက်လုံး လုပ်ကိုင် မည့် "career" တိုင်းတွင် "finance" ဖြင့်ပတ် သတ်သည့်အလုပ်မျိုးကိုသာ တသမတ်တည်း လုပ်ကိုင်ရန်လိုအပ်ပါသည်။ ၂။ မိမိအားသာချက်ကို ဖော်ထုတ်နိုင်ရမည်။ အောင်မြင်မှု ရခဲ့သော " brand " တိုင်း သည် ဘယ်မျှလောက် အန...

“ပညာဖြင့် အောင်မြင်သော ဘဝကို တည်ဆောက်ပါ”

Image
အောင်မြင်သောဘဝတခုကို တည်ဆောက်နိုင် ဖို့ အတွက်အခြေခံကျကျတည်ဆောက်နိုင်ရန်လိုအပ်ပါတယ်။ ကျွန်မတို့နေထိုင်နိုင်ရန် အိမ်တစ်လုံး တည်ဆောက်လျှင်လည်း အုတ်မြစ်ခိုင်ခိုင် ရဖို့ အတွက် တွင်းနက်နက်တူးပြီး foundation ကောင်းကောင်းချဖို့လိုအပ်ပါတယ်။ အထပ်မြင့် လေလေ foundation နက်နက်တူးရသကဲ့သို့ ကျွန်မတို့အတွက်လည်း ခိုင်မာ၊ အောင်မြင် သောဘဝကို တည်ဆောက် နိုင်ဖို့အတွက် အခြေခံအကျဆုံးဖြစ်သည့် ပညာကို အခြေခံမှ စ၍စနစ်တကျ သင်ယူရမှာ ဖြစ်ပါတယ်။ ပညာကိုသင်ယူသည့်အခါတွင်လည်း အလွယ် မလိုက်ပဲကိုယ်သင်ယူမည့်ပညာကို အခြေခံမှ စ၍ အပတ်တကုတ်ကြိုးစားရန်လိုအပ်ပါတယ်။ ယခုလို တိုးတက် ပြောင်းလဲနေသော ခေတ် အခြေအနေတွင် မည်သည့် ပညာကို မဆို အလွယ်တကူသင်ယူနိုင်သလို၊အလွယ်နည်းကို လိုက် ငွေပေးပြီး မည့်သည့် ပညာကိုမဆို အလွယ်တကူဝယ်ယူနိုင်သည့် ခေတ်လည်း ဖြစ်ပါတယ်။ ထို့ကြောင့် မည်သည့်အရာကိုမဆို အလွယ် တကူရလျှင် တန်ဖိုးမရှိသကဲ့သို့ ကြိုးစား အားထုတ်မှုမရှိဘဲ ရလာသည့် ပညာတစ်ခု သည်လည်း မိမိဘဝအတွက် အမြင့်ဆုံးကို တက်နိုင်မည့်ခိုင်မာသည့် foundation တစ်ခု ဖြစ်လာနိုင်မည်မဟုတ်ပါ။ တန်ဖိုးရှိပြီးထိုက်တန်သည့် ပညာတစ်ခုကို ရဖို့ အတွက် သင့်တော်တဲ့ ကြိုးစားမှု၊ ပေဆပ်မှု၊...