ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၁)
"ဆယ်ကျော်သက်တို့မိဘများသိထားသင့်တဲ့ အချက်(၇)ချက်" (အပိုင်း - ၁)
ယခုအချိန်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသောကျောင်းသူ/သား များ အနေဖြင့် သူတို့ဘဝအတွက် ဘဝလမ်းကြောင်းများကို ရွေးချယ်တဲ့အခါ မိဘများကဖြစ်စေချင်သောဆန္ဒနဲ့ သား၊သမီးကဖြစ်ချင်သောဆန္ဒတို့ တစ်ထပ်တည်းကျရန် ခက်ခဲနိုင်ပါတယ်။ ထိုအခါတွင် ဆယ်ကျော်သက်အရွယ် သား၊သမီးနှင့်မိဘအကြား ပြဿနာများရှိလာနိုင်ပါတယ်။ ၄ပြဿနာများကို အကောင်းဆုံးဖြေရှင်းနိုင်ရန်အတွက် မိဘများအနေဖြင့် ဆယ်ကျော်သက်များနဲ့ပတ်သက်တဲ့ စိတ်နေစိတ်ထား၊ သူတို့ရဲ့ပြောင်းလဲလာတဲ့အပြုအမူ၊ သူတို့ရဲ့ခံယူချက် အစရှိတဲ့အကြောင်းအရာများကို သိနိုင်ရန်အတွက် ကျွန်မဖတ်ထားတဲ့ဆောင်းပါးမှ ဆယ်ကျော်သက်မိဘများသိသင့်သည် အချက် (၇) ကိုမျှဝေပေးလိုက်ပါတယ်ရှင်။
ဆယ်ကျော်သက်ဆိုတာ teens တြွေဖစ်တဲ့ အသက် ၁၃ နှစ်မှ ၁၉ နှစ်အထိ "from Thirteen to Nineteen years old"အရွယ်တွေကိုခေါ်ပါတယ်။ ၁၃ နှစ်အရွယ်က စတယ်လို့ဆိုပေမယ့်လည်း ဒီအသက်အရွယ်မတိုင်ခင် ၁၁ နှစ် ၁၂ နှစ် အရွယ်တွေမှာလည်း ငယ်ရွယ်စဉ်ကနဲ့မတူတဲ့ အနည်းငယ်ပြောင်းလဲမှုလေးတွေ တွေ့လာရပါတယ်။ အထူးသဖြင့်ဒီနေ့ခေတ်မှာပေါ့။
ကျွန်မ မှာလည်း ဆယ်ကျော်သက်အရွယ်ထဲဝင်လာတော့မယ့် သားတော်မောင်ကြောင့် တွေ့လာရတဲ့သူ့ရဲ့ပြောင်းလဲမှုတွေ၊ ရှေ့လျှောက် ပြောင်းလဲကြုံတွေ့ရမယ့် အပြောင်းအလဲတွေအတွက် ကြိုတင် လေ့လာကြည့်ရင်း ကိုယ့်လိုပဲ အခြားဆယ်ကျော်သက်တို့ရဲ့ မိဘများလည်း မိမိသားသမီးတို့ကို ပိုမိုနားလည်နိုင်ဖို့ မျှဝေလိုက်ပါတယ်။
***************************************
ကိုယ့်ရဲ့သားသမီး စတင်ပြီး ကြီးကောင်ဝင်/ပျိုဖော်ဝင်တဲ့အရွယ်ဆိုတာ သူတို့အတွက်ရော၊ သူတို့မိဘတွေအတွက်ပါ ပြောင်းလဲမှုတွေနဲ့ကြုံတွေ့ရတဲ့အချိန်ပါ။
ပုံမှန်ရှိခဲ့တဲ့ အပြုအမူတွေ၊ မိဘတွေကို ရင်ရင်းနှီးနှီး တီတီတာတာ နေထိုင်ခဲ့တဲ့အခြေအနေတွေကနေ တဖြည်းဖြည်းအမူအကျင့်တွေ ပြောင်းလာပြီး သူစိမ်းပြင်ပြင် တစ်ရှောင်ရှောင် စဖြစ်လာကြတဲ့အခါ မိဘများဘက်ကလည်း စိတ်မကောင်းဖြစ်မှုတွေ၊ စိုးရိမ်မကင်းဖြစ်မှုတွေ ကြုံတွေ့လာနိုင်ရတဲ့ကာလတွေပါ။
သူတို့လေးတွေကို ကိုယ်ကမိဘပဲဆိုပြီး ဟိုအရင်ကဆက်ဆံခဲ့ပုံ၊ မိဘစိတ်တိုင်းကျ အလွယ်တကူပုံသွင်းပြီး မိဘကချပေးတဲ့အစီအစဉ်အတိုင်း လိုက်နာလိုက်လျှောက်ခဲ့ကြပုံတွေကနေ ခြားနားလာပြီး ကတောက်ကဆ ပဋိပက္ခ နည်းနည်းစီစဖြစ်လာတဲ့ အချိန်ဆိုတော့ မိဘများ အထိန်းအသိမ်းမတတ်ရင် ပိုမိုဆိုးရွားသွားစေနိုင်လို့ မိဘတွေအနေနဲ့ ဒီအရွယ်တွေကိုအုပ်ထိန်းတဲ့အခါ ဒီအချိန်၊ ဒီအရွယ်မှာ ဖြစ်ပေါ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကိုသိရှိထားရင် သူတို့ရဲ့ အရွယ်ပြောင်းလဲမှုဟာ ဆိုးကျိုးဖြစ်မှုအနည်းဆုံးနဲ့ စိတ်ဒဏ်ရာ အနာတရမဖြစ်ဘဲ မိသားစုနဲ့ အဆင်ပြေပြေ လျှောက်လှမ်းသွားနိုင်မှာပါ။
သူတို့လေးတွေရဲ့ဘဝအချိုးအကွေ့တစ်ခုဖြစ်သလို မိဘများဘက်ကလည်း ကိုယ့်ရဲ့ စိတ်နေသဘောထားနဲ့ သူတို့အပေါ် ထားရှိတဲ့ ဆက်ဆံပုံ၊ ရှုမြင်ပုံ၊ စဉ်းစားပုံ၊ ချဉ်းကပ်ပုံတွေကို လိုအပ်သလိုပြောင်းလဲပေးနိုင်ဖို့ လိုအပ်ပါတယ်။
ဥပမာအားဖြင့် .... ကိုယ့်ဆယ်ကျော်သက်သားသမီးက ကိုယ့်ကိုစကားပြောတာထက် သူ့သူငယ်ချင်းတွေနဲ့စကားပြောရဖို့ကို ပိုမိုခုံမင်လာမယ်၊ သူရဲ့အခန်းတံခါးကို အမြဲတမ်းပိတ်ထားမယ်...... စသည်ဖြင့် အပြုအမူတွေပြောင်းလဲလာတဲ့အခါမှာ မိဘများအနေနဲ့ ဒီအရွယ်ပြောင်းချိန်မှာဖြစ်တတ်တဲ့ သဘောသဘာဝကို သိရှိဖို့လိုပါတယ်။ အရင်ကဧည့်ခန်းဆိုဖာပေါ်မှာ မိဘနဲ့ လုံးထွေးပွေ့ဖက်ပြီး စကားတွေပြောတတ်တဲ့ သားသမီးက သူတို့တစ်ခုခုလိုချင်တဲ့အခါမှသာ အဲဒီလိုအပြုအမူတွေနဲ့ပြန်ကပ်တတ်လာမယ်။
တစ်ခါတစ်ရံမှာ ကလေးငယ်လေးလိုဆက်ဆံခံချင်ပေမယ့် အခြားအချိန်တစ်ခုမှာ သူတို့ကိုအရွယ်ရောက်ပြီးသား သူတစ်ယောက်လိုဆက်ဆံစေချင်ကြတယ်။ အဲဒီအချိန်မှာ တွေ့ကြုံရမယ့် စိန်ခေါ်မှုကတော့ ဘယ်အချိန်မှာ ဘယ်လိုဆက်ဆံပေးရမလဲဆိုတာ မိဘများ ရှာဖွေသိရှိနိုင်ဖို့ပါ။
"Uncommon Sense for Parents with Teenagers"ဆိုတဲ့ စာအုပ်ကိုရေးသားတဲ့ Michael Riera ရဲ့အဆိုအရ ကလေးတွေဟာ အသက် (၁၁) နှစ်မတိုင်ခင်အထိ သူတို့ရဲ့ မိဘတွေကိုပဲ ဖြစ်ကြောင်းကုန်စင်ပြောလေ့ရှိပါတယ်။ တစ်နည်းအားဖြင့် အရာအရာမှာမိဘက နံပါတ်တစ်ပါ။ ဒါပေမဲ့လည်း သူတို့ရဲ့ဆယ်ကျော်သက် ကာလတွေလည်းရောက်ရော အခြေအနေ တွေက ပြောင်းပြန်ဖြစ်ကုန်တော့တာပဲလို့ Riera ကဆိုပါတယ်။
သူတို့ရဲ့သူငယ်ချင်းတွေကိုအရင်ပြောပြမယ်၊ ပြီးရင်ဖြစ်နိုင်တာက သူတို့ရဲ့ဆရာ၊ ဆရာမ နဲ့ နောက်ဆုံးမှ မိဘတြွေဖစ်နိုင်ပါတယ်။
မိမိသားသမီးရဲ့လက်ရှိအသက်အရွယ်၊ အနေအထားနဲ့ ဖြစ်တတ်တဲ့သဘောသဘာဝကို ကောင်းကောင်းသိနေတဲ့မိဘများဟာ ဆယ်ကျော်သက်များကို အကောင်းဆုံးကူညီဖေးမနိုင်ပါတယ်။
အမေရိကန်နိုင်ငံ Philadelphia မြို့ Temple University ကစိတ်ပညာပါမောက္ခလည်းဖြစ်၊ "You and Your Adolescent" ဆိုတဲ့စာအုပ်ကိုရေးသားသူလည်းဖြစ်တဲ့ Prof: Laurence Steinberg ရဲ့သုတေသနတွေ့ရှိချက်အရ မိမိတို့ရဲ့နေ့တစ်ဓူဝ ကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေကို မိဘများနဲ့အသေးစိတ်ကအစ ပြောပြတိုင်ပင်တတ်တဲ့ ဆယ်ကျော်သက်တွေဟာ ကျောင်းမှာကြုံတွေ့နိုင်တဲ့ ပြဿနာတွေနဲ့ အရက်၊ မူးယစ်ဆေး စတဲ့ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်နိုင်ချေ နည်းပါးနိုင်ပါတယ်တဲ့။
ဒီနေ့အချိန်ကာလလိုမျိုး နည်းပညာလည်းတိုးတက်ပြီး ဆယ်ကျော်သက်တွေအတွက် အရာအားလုံးနီးပါး လက်လှမ်းမီနိုင်နေတဲ့အချိန်မှာ မိဘများအနေနဲ့ သူတို့ကို အပြည့်အဝ ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့၊ သူတို့နဲ့ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ဖို့ပိုမိုခက်ခဲလာတဲ့ အချိန်အခါမျိုးနဲ့ ကြုံတွေ့နေရပါတယ်။
ဒီလိုအခက်အခဲတွေကိုအတတ်နိုင်ဆုံးလျော့ပါးစေဖို့၊ ဆယ်ကျော်သက်တို့နဲ့ ၄တို့ရဲ့မိဘများကြား တိတ်ဆိတ်ခြင်းဆိုတဲ့ နံရံ အဆီးအတားတွေ ချိုးဖျက်နိုင်ဖို့ လိုက်နာဆောင်ရွက်သင့်တဲ့ အချက် (၇) ချက်ကို မျှဝေလိုက်ရပါတယ်..
(နောက်အပိုင်းတွေမှာအချက်(၇) ချက်ကိုတစ်ချက်ချင်းစီပို့စ်တင်သွားပါ့မယ်)
Crd : Saw Than Htut Lynn
မဆွေဇင်
၂၈.၆.၂၀၁၉
#Swe_Zin_MHR
#Swe_Zin_Mhr
#MHR_Management_Institute
Comments
Post a Comment