How to Control Emotions in Workplace

"အလုပ်တွင် ဖြစ်ပေါ်လာသည့် စိတ်ခံစားချက်များကို ဘယ်လိုထိန်းချုပ်မလဲ။"


■ ကျွန်မအပါအဝင် လူတိုင်းတွင်ထိန်းချုပ်ရအခက်ဆုံး အရာကိုပြပါဆိုလျှင် စိတ်ဖြစ်မည်ထင်ပါသည်။ နာရီပိုင်းအတွင်းအမျိုးမျိုးဖြစ်ပေါ်နေသောအရာသည်စိတ်၏ခံစားချက်များဖြစ်သည်။ ဒေါသဖြစ်မှု၊ ဝမ်းနည်းမှု၊ ဝမ်းသာမှု အစရှိသောစိတ်နဲ့ပတ်သတ်သည့် ခံစားချက်များကို ကောင်းစွာမထိန်းချုပ်နိုင်သည့်အတွက် ပြဿနာပေါင်းများစွာကိုရင်ဆိုင်ဖြေရှင်းရပါသည်။

■ အထူးသဖြင့်ကျွန်မတို့အနေဖြင့် မိမိအလုပ်လုပ်သည့် ပတ်ဝန်းကျင်တွင် လူအမျိုးမျိုးနှင့် နေ့စဉ်ကြုံတွေ့နေရသည့်အခါ ခံစားချက်ပေါင်းမျိုးစုံကို ကောင်းစွာထိန်းချုပ်နိုင်အောင်ကြိုးစားရမည်ဖြစ်ပါသည်။

■ ထို့ကြောင့်ကျွန်မတို့အနေဖြင့် အလုပ်လုပ်သည့် ဝန်းကျင်တွင် မိမိစိတ်နဲ့လက်မခံနိုင်သည့် အခြေအနေမျိုးရှိခဲ့ရင်လည်း မိမိ၏စိတ်ကို အကောင်းဆုံးထိန်းချုပ်နိုင်ရန်အတွက် အောက်တွင်ဖော်ပြထားသောအချက်များကို လေ့လာကြည့်ရအောင်...........

# စိတ်၏ခံစားချက်နှင့်လုပ်ဆောင်ရမည် အပြုအမှုကိုခွဲခြားနိုင်ရမည်။


● ဒီအချက်သည်အလွန်အရေးကြီးပါသည်။ ကျွန်မတို့အနေဖြင့် လူတစ်ဦးနဲ့စကားပြောသည်အခါ မိမိစိတ်တွင်ဖြစ်ပေါ်နေသည့် ခံစားချက်များကိုဦးစားမပေးပဲ မိမိလုပ်ရမည့်အလုပ်ကိုဦးစားပေးပြီးပြောရမည်ဖြစ်သည်။ သို့မှသာ မိမိစိတ်တွင်ဖြစ်ပေါ်လာမည့် ခံစားချက်များကိုကောင်းစွာထိန်းချုပ်နိုင်မည်ဖြစ်သည်။

● မည်သည့်ကိစ္စကိုမဆိုပြုလုပ်သည့်အခါတွင် စိတ်ခံစားချက်ကိုဦးစားမပေးပဲ အလုပ်ပြီးမြောက်ရေးကိုဦးစားပေးရမည်ဖြစ်သည်။


# စိတ်ကိုတည်ငြိမ်မှုရှိရမည်။


● မည်သည့်အလုပ်မဆိုအချိန်နဲ့အမျှ စိတ်ဖိစီးမှုများအမြဲရှိနိုင်ပါသည်။

● အလုပ်နဲ့ပတ်သတ်သည့် ဖိအားတွေ၊ အလုပ်နဲ့ပတ်သတ်သည့် နောက်ဆုံးပေးရမည့်ရက်၊ အလုပ်နဲ့ပတ်သတ်သည် စိန်ခေါ်မှုအသစ်များ စသည်စိတ်လှုပ်ရှားစရာများ ရှိလာသည့်အခါတွင်လည်း စိတ်ခံစားချက်များမပြင်းထန်ရန်လိုအပ်ပါသည်။ ထို့အခြေအနေမျိုးရင်ဆိုင်လာရင် သင့်အနေဖြင့်စိတ်ကိုဦးစွာတည်ငြိမ်မှုရှိ အောင်ထိန်းချုပ်နိုင်ရမည်။

● အရမ်းစိတ်လှုပ်ရှားနေချိန်တွင် တည်ငြိမ်မှုရအောင်လုပ်ရသည်မှာ အပြောလွယ်သလောက်အလွန်ခက်ခဲပါသည်။ သို့သော်လည်းသင့်အနေဖြင့် အကောင်းဆုံးထိန်းချုပ်ပြီး တဖြည်းဖြည်းလေ့ကျင့်ယူရမည်ဖြစ်သည်။

● သို့မှသာ ကျွန်မတို့အနေဖြင့် မည်သည်အခက်အခဲကိုမဆို စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်ပြီး ခေါင်းအေးအေးထားကာ လုပ်သင့်သည်များကို ဖြည်းဖြည်းချင်လုပ်ဆောင်နိုင်ပြီး မိမိဖြစ်ချင်သည့်ရည်မှန်းချက်များပြီးမြောက်နိုင်မည်ဖြစ်သည်။

● ထို့ကြောင့် ကျွန်မတို့အနေဖြင့်ဘယ်လို အခက်အခဲမျိုးနဲ့ပဲရင်ဆိုင်ရပါစေ စိတ်ကိုအကောင်းဆုံးတည်ငြိမ်အောင် ထိန်းချုပ်နိုင်ခြင်းသည် အလွန်အရေးကြီးပါသည်။



# တုံ့ပြန်မှုကိုစောင့်ရမည်။


● စိတ်ခံစားမှုအရမ်းပြင်းထန်လျှင် မိမိစဉ်းစားသည့်အကြောင်းအရာကို ရှင်းရှင်းလင်းလင်းတွေးတောနိုင်မည်မဟုတ်ပါ။

● စိတ်ခံစားမှုအရမ်းပြင်းထန်လျှင် တဘက်လူ၏တုံ့ပြန်မှုကိုမစောင့်ပဲ မိမိလုပ်ချင်တာများကိုလုပ်လိုက်သည်အတွက် အမှားဖြစ်တတ်ပါသည်။

● ထို့ကြောင့်ကျွန်မတို့အနေဖြင့် မည်သည့်ကိစ္စမဆို စိတ်မြန်လက်မြန် မပြုလုပ်ပဲ တဘက်လူ၏တုံ့ပြန်မှုကိုသည်းခံပြီးစောင့်တဲ့အကျင့်ကိုကျင့်သုံးရမည်ဖြစ်သည်။


# မိမိ၏စိတ်ခံစားမှုများကိုချရေးရမည်။


● တခါတရံတွင် မိမိ၏စိတ်ခံစားချက်များကို ထိန်းချုပ်ရပါများလာသည့်အခါ မထိန်းနိုင်သည်အခါအရမ်းပေါက်ကွဲတတ်ပါသည်။

● ထို့ကြောင့်သင့်အနေဖြင့်မိမိ၏ ခံစားချက်များကို သင့်အနေဖြင့်ယုံကြည်ရပြီးသင့်ကိုနှစ်သိမ့်ပေးနိုင်မည် သူကိုဖွင့်ပြောခြင်း သို့မဟုတ် ခံစားချက်များကိုချရေးထားခြင်းများကိုပြုလုပ်သင့်ပါသည်။

● ထို့ကဲ့သို့ချရေးထားခြင်းဖြင့် မိမိ၏စိတ်ကိုလည်းသက်သာမှုကိုရရှိစေပြီး ဖြစ်လာသည်ပြသာနာများကိုလည်း ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်းတွေ့နိုင်ပါသည်။


# အမြဲတမ်းအကောင်းမြင်နိုင်အောင်ကြိုးစားရမည်။


● အလုပ်တွင်ကျွန်မတို့အနေဖြင့် စိတ်ခံစားမှုမျိုးစုံကို အမြဲကြုံတွေ့နေရမည်ဖြစ်သည်။

● အလုပ်တွင် လူအမျိုးစုံနှင့်တွေဆုံရသည့်အတွက် အမြဲတမ်းဒေါသဖြစ်နေတတ်သူ၊ အမြဲအတမ်းအနှောင့်အယှက်လုပ်တတ်သူ၊ အမြဲတမ်းစိတ်ဖိစီးနေသူ၊ အမြဲတမ်းစိုးရိမ်ပူပန်နေသူ၊ အမြဲတမ်းအဆိုးမြင်တတ်သူ အစရှိသည် လူအမျိုးမျိုးနဲ့အလုပ်လုပ်ရသည်အတွက် မိမိအနေဖြင့်စိတ်ကိုအကောင်းဆုံးထိန်းချုပ်ပြီး အကောင်းမြင်နိုင်အောင်ကြိုးစားရမည်ဖြစ်သည်။

● သင့်အနေဖြင့် သူတို့နဲ့အပြိုင်စိတ်ကိုမထိန်းချုပ်ပဲ ထားမည်ဆိုလျှင် သင့်ထံသို့အဆိုးဖြစ်စေမည် စိတ်များဝင်ရောက်လာနိုင်ပြီး သင့်၏အောင်မြင်မှုအတွက်များစွာထိခိုက်နိုင်မည်ဖြစ်သည်။

■ ကျွန်မတို့အနေဖြင့် ဖြတ်သန်းရာတဲ့ဘဝတလျှောက်လုံးတွင် အမှားများကင်းနိုင်ဖို့အတွက် မိမိတို့၏စိတ်ကိုအကောင်းဆုံးထိန်းချုပ်နိုင်အောင် ကြိုးစားရမည်ဖြစ်သည်။

■ မည်သည်အရာမဆို စိတ်၏ခံစားမှုကိုဦးစားမပေးပဲ ဦးနှောက်နဲ့တွေးခေါ်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို လုပ်နိုင်မှသာလျှင် မိမိဘဝအတွက်အောင်မြင်မှုများကိုပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

■ ကျွန်မအနေဖြင့် လူတိုင်းအတွက် ထိန်းချုပ်နိုင်ဖို့ အခက်အခဲဆုံးဖြစ်သည့် စိတ်၏ခံစားချက်များကိုထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီး မျှဝေပေးလိုက်ပါတယ်ရှင်။ အားလုံးလည်းသင်တို့၏ စိတ်များကိုအကောင်းဆုံးထိန်းချုပ်နိုင်ပြီးအောင်မြင်သူများဖြစ်နိုင်ကြပါစေ။

မဆွေဇင်
၂၀.၉.၂၀၁၉
#Swe_Zin_MHR
#Swe_Zin
#MHR_Management_Institute

Comments

Popular posts from this blog

Daily Use Habits

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၂)

"မိမိဧ။်လုပ်ငန်းခွင်တွင် သင်ဧ။် စွမ်းဆောင်ရည် တိုးတက်လာစေရန် ပြုလုပ်သင့်သည့် အဆင့် (၄)ဆင့်"