7 Personal Branding Habits (Part I)
"အောင်မြင်သော Professional တစ်ယောက် အတွက် သိရန်လိုအပ်သည့် 7 Personal Branding Habits "
ကျွန်မတို့မြန်မာစကားပုံအရ "လူသာသေ နာမည်မသေစေနဲ့" ဆိုတဲ့ စကားပုံအတိုင်း လူတစ်ယောက်အတွက် ကိုယ့်နာမည်ကို အကောင်းဆုံး branding လုပ်နိုင်ရန်လို အပ်ပါ သည်။
ယခုလို အပြိုင်အဆိုင် အရမ်းများသည့် တိုးတက် ပြောင်းလဲနေသောခေတ်တွင် မိမိ၏ လုပ်ငန်း အောင်မြင်နိုင်ဖို့ (သို့မဟုတ်) မိမိကို လူအများသိအောင် လုပ်နိုင်ဖို့သည်အလွန် အရေးကြီးသည့် အချက်တစ်ချက် ဖြစ်လာပါ သည်။
ထို့ကြောင့်မိမိတို့အနေဖြင့် အောင်မြင်သူများ အဖြစ် လူအများရှေ့တွင် ရပ်တည်နိုင်ရန် အတွက် မိမိကိုယ်ကို Personal Branding တည်ဆောက်ရန် အလွန်အရေးကြီးပါသည်။
ဥပမာ - သင်ဟာကွတ်ကီးဝယ်ဖို့အတွက် ဘယ်လိုရွေးချယ်မလဲ?
- ကွတ်ကီးတွင်ပါဝင်တဲ့ပစ္စည်းကို ကြည့်မလား?
- ကွတ်ကီးအရသာကို အရင်စမ်းမြည်းကြည့် မလား?
- ကွတ်ကီးဝယ်သည့်အခါ ဒီကွတ်ကီးကို ဈေးကွက်အတွင်းသို့သွင်းလာတဲ့အဖွဲ့ အစည်း ရဲ့ဂုဏ်သိက္ခာနဲ့အဖွဲ့အစည်းရဲ့သမိုင်းကြောင်း ကိုကြည့်မလား?
ထောင်ပေါင်းများစွာသော ပစ္စည်းများထဲမှ ပစ္စည်းတစ်ခုကို ရွေးချယ်သည့်အခါတွင် အမှတ်တံဆိပ်ရြှိခင်းသည် ဆုံးဖြတ်ချက် ချသည့်အခါတွင်များစွာ အထောက်အကူ ပြုပါ သည်။ ပစ္စည်းတစ်ခုတွင် Brand ရှိပါက ထို Brand သည် မည်သည့်အရာကို ဦးစားပေး ထုတ်လုပ်ထားသည်ကို အမြဲတမ်းတသမတ် တည်း သတ်မှတ်ထားတတ်သည်။
ကွတ်ကီး Brand တစ်ခုက အမြဲတမ်းသူ့ ကွတ်ကီး အရသာကောင်းဖို့ကို အဓိကထားပြီး ထုတ်လုပ်သည်။ ထိုကဲ့သို့ brand ရှိသော ပစ္စည်းတိုင်းသည် သူ၏အားသာချက်များကို အမြဲတမ်း တသမတ်တည်း ထုတ်လုပ်သည့် အတွက် ပစ္စည်းအများကြီးရှိသည့်တိုင် Brand ရှိသူကသာ ကိုယ်ပိုင်အားသာချက်များဖြင့် ရေရှည်ရပ်တည်နိုင်မည်ဖြစ်သည်။ Brand မရှိ သောပစ္စည်းတစ်ခုကို ဝယ်ယူဖို့ဆုံးဖြတ်ချက် သည့်အခါတွင်အခက်အခဲများစွာ ဖြစ်နိုင်သကဲ့ သို့ မိမိ၏ နာမည်ကို ကောင်းမွန်စွာ မတည် ဆောက်နိုင်ခဲ့လျှင် မိမိအနေဖြင့် လူအများ ကြားတွင် ရေရှည်ရပ်တည်နိုင်ရန် အခက်အခဲ များ ရှိလာနိုင်မည် ဖြစ်ပါသည်။
ထိုကဲ့သို့ပင် အသက်မွေးဝမ်းကြောင်း အလုပ် လုပ်သည့်အခါတွင်လည်းထိုနည်းလမ်း အတိုင်း ပင်ဖြစ်သည်။ အဖွဲ့အစည်းများသည်လည်း ကိုယ့်လုပ်ငန်းအတွက် လိုအပ်သော ဝန်ထမ်း ငှါးသည့်အခါတွင်လည်း ထိုလူ၏ ကိုယ်ပိုင် Brand ကို အဓိကဖော်ထုတ်ကြည့်ရှု ရှာဖွေ ကြသည်။ ထို့ကြောင့် ယနေ့ခေတ်ကဲ့သို့ Crowded Labour Market တွင်သင့်အနေဖြင့် အများထက်သာလွန်ပြီး မည်သည့်အပြစ်အနာအဆာ မှမရှိပဲ Peronal Brand ကောင်းသူ တစ်ယောက်ဖြစ်လာ ရန်လိုအပ်ပါ သည်။
သင်၏ Brand သည် သင်၏ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာဖြစ်သည်။ သင်သည်မိမိလုပ်သည့် အလုပ်အပေါ်တန်ဖိုးထားပြီး၊ အလုပ်အပေါ် တသမတ်တည်း ထားပြီး လုပ်ကိုင်မည်ဆိုလျှင် နောက်ဆုံးတွင် သင်၏ ဂုဏ်သတင်းနဲ့ ကောင်းသတင်းများကို လူတွေအလိုလိုလက်ခံ လာမည်ဖြစ်ပါသည်။
အခုလိုCareer အပြိုင်အဆိုင်အရမ်းများသည့် ခေတ်တွင် မိမိကိုယ်ကို Professional တစ်ယောက်ဖြစ်နိုင်ဖို့အတွက် မိမိ၏ Personal Branding ကိုတည်ဆောက်ရန်လိုအပ်ပါသည်။ သင့်အတွက် Professional Opportunities များစွာထွက်ပေါ်လာနိုင်ဖို့အတွက် မိမိကိုယ်ကို Personal Branding လုပ်ပြီး အခွင့်အလမ်း ကောင်းများကို ရယူရမည်ဖြစ်ပါသည်။
Personal Branding အတွက်ဘယ်လိုအလေ့အကျင့်တွေ ရှိသင့်တယ်ဆိုတာကို ဒုတိယပိုင်းမှာ ဆက်လက် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
သင်ကိုယ်တိုင်ရော ဘယ်လိုအလေ့အကျင့်တွေနဲ့ Personal Branding လုပ်နေတယ် ဆိုတာ ဝေမျှပေးပါဦးနော်။
မဆွေဇင် MHR
၂၃. ၈. ၂၀၁၈
Comments
Post a Comment