“အောင်မြင်မှုကို ဘယ်လိုမှတ်ယူမလဲ?”
“အောင်မြင်မှုကို ဘယ်လိုမှတ်ယူမလဲ?”
🔹️ကျွန်မတို့နေထိုင်တဲ့ ကမ္ဘာပေါ်မှ လူဦးရေသန်းပေါင်းများစွာ ရှိပါတယ်။ ထိုအထဲမှအောင်မြင်ကျော်ကြား သူသည်အနည်းငယ်မျှသာရှိပါတယ်။ လူတစ်ယောက် အနေဖြင့်အောင်မြင်မှုရော၊ ကျော်ကြားမှုရောကိုပိုင်ဆိုင်ထားသူဆိုလျှင် ပို၍နည်းမည်ထင်ပါတယ်။ ထို့ကြောင့် ကျွန်မတို့အနေဖြင့်အောင်မြင်မှုကို သတ်မှတ်သည့်အခါ လူတစ်ဦးတစ်ယောက်ချင်းစီ၌ လက်ရှိရောက်နေတဲ့အနေအထားပေါ်မူတည်ပြီး သတ်မှတ်ချက်တွေ ကွဲပြားနိုင်ပါတယ်။
🔹️ သင့်အနေဖြင့် အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် အဓိက အကျဆုံးအချက်များအနေဖြင့် ဘ၀ရဲ့ရည်မှန်း ချက်ကို သိရှိပြီးဘ၀ကို ဘယ်လို အနေအထားမျိုးမဆိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခြင်း၊ ကျန်းမာသောဘ၀ကို ပိုင်ဆိုင်နိုင်ခြင်း၊ ဘ၀တွင်အဓိပ္ပါယ်ရှိသော အလုပ်ကို လုပ်ပြီးဘ၀ကိုရပ်တည်နိုင်ခြင်းတို့ ဖြစ်ပါတယ်။
🔹️ တစ်ခါတစ်ရံ ဘ၀တွင် ကျော်ကြားမှုမရှိလည်း အောင်မြင်မှုကို ပိုင်ဆိုင်ထားတဲ့လူပေါင်းများစွာ ရှိပါတယ်။ တစ်ချို့လူများသည်ဘ၀တွင် မိမိနေထိုင်သည့် လူမှုပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက်အကျိုးရှိစေမည့်ကိစ္စများကို ဆောင်ရွက်ပေးနိုင်သဖြင့်အားလုံး၏ လေးစားမှု၊ အားကိုးမှုကို ရရှိပြီးအောင်မြင်မှုတွေ ရရှိနိုင်ပါသည်။
🔹️ဘ၀တွင်အောင်မြင်မှုများ ရနိုင်ရန်အတွက်သင့်ဘ၀တွင် အောက်ပါ အချက်များကိုလေ့လာသင့်ပါသည်။
👉 အောင်မြင်ဖို့အတွက် အဓိကလုပ်ဆောင်သင့်သည့်အချက်လေးချက်မှာ-
(၁) သင့်ဘ၀အတွက် ဘာဖြစ်ချင်လဲ၊ဘယ်သွားချင်လဲကို တိကျတဲ့ ဆုံးဖြတ်ချက်ချနိုင်ရမယ်
(၂) သင့်ဘ၀အတွက်ချမှတ်ထားသည့် planကို အကောင်အထည်ဖော်နိုင်ဖို့အတွက်အချိန်သတ်မှတ်ထားရမယ်၊(သတိပြုသင့်သည်မှာ ရည်မှန်းချက်များအောင်မြင်ဖို့အတွက် တိကျသည့်အချိန်
သတ်မှတ်ရန် လိုအပ်ပါသည်။ မဟုတ်ပါကရည်မှန်းချက်များသည် တကယ်အကောင်အထည်မဖော်နိုင်သည့် အိမ်မက်တစ်ခုသာ ဖြစ်သွားနိုင်သည်။)
(၃) ချမှတ်ထားသော plan ကိုအောင်မြင်ဖို့အတွက် နေ့တိုင်းလုပ်ဆောင်ရမည်များကို လုပ်ရမည်ဖြစ်သည်။ သို့မှသာသင်သွားချင်သည့် ရည်မှန်းချက်ဆီကိုရောက်ရှိနိုင်မည်ဖြစ်သည်။
(၄) ကိုယ်လိုချင်တဲ့ အောင်မြင်မှုကိုမရောက်မချင်းဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့ စိတ်ဓါတ်နဲ့အောင်မြင် သည်အထိရင်ဆိုင်ရမည်ဖြစ်သည်။
💎 အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက်ကျရှုံးမှုတွေကို လက်ခံနိုင်ရမည်ဖြစ်ပါသည်။ဘ၀တွင်ဘယ်လောက်ပဲလဲကျပါစေစိတ်ဓါတ်မကျပဲပြန်ထနိုင်အောင် ကြိုးစားရမည်ဖြစ်
သည်။ သို့မှသာလျှင် သင်သွားချင်သောပန်းတိုင်ကိုရောက်နိုင်မည်ဖြစ်သည်။
💎 အောင်မြင်သူတိုင်း သည်လည်းမည်သည့်အရာကိုမှအလွယ်တကူမရနိုင်ခဲ့ပါ။
ကြိုးစားမှု၊ ပေးဆပ်မှုပေါင်း များစွာကိုရင်ဆိုင်ပြီးမှသာအောင်မြင်မှုကို ရရှိနိုင်ပါသည်။ကြိုးစားမူ၊ဇွဲရှိမူ၊ လုံ့လဝီရီယရှိမူတို့နဲ့ပြည့်ဝနေ သူများအတွက်အောင်မြင်မူဆိုတာလက်တကမ်းမှသာရှိပါသည်။
💎 လူတိုင်း ဘ၀တွင် အောင်မြင်ကျော်ကြားသူများအဖြစ် ရပ်တည်နိုင်ရန်အတွက်ရည်ရွယ်ပြီး မျှဝေပေးလိုက်ပါတယ်ရှင်။
မဆွေဇင်
၁၇.၅.၂၀၁၉
#Swe_Zin_MHR
#Swe_Zin_Mhr
#MHR_Management_Institutezc
Comments
Post a Comment