"မိမိဧ။်လုပ်ငန်းခွင်တွင် သင်ဧ။် စွမ်းဆောင်ရည် တိုးတက်လာစေရန် ပြုလုပ်သင့်သည့် အဆင့် (၄)ဆင့်"



သင်သည် သင်ဧ။်အလုပ်တွင် စွမ်းဆောင်ရည် တိုးတက်မူများစွာ ရရှိနိုင်ရန်အတွက် စွမ်းဆောင်ရည်ကိုတိုးတက်စေနိုင်သည့် အပြု အမူ ပေါင်းများစွာကို ပြုလုပ်ခဲ့သော်လည်း သင်မျှော်မှန်းထားသလောက် စွမ်းဆောင်ရည် တိုးတက်လာမှုမရှိပါလျှင် သင့်အတွက် ပြောင်းလဲမှုတစ်ခုပြုလုပ်ရန်လိုအပ်နေပါသည်။

သင်၏ စွမ်းဆောင်ရည်တိုးတက်လာစေရန် သင့်ဧ။်စိတ်နေသဘောထား၊ အပြုအမူနှင့် အချိန်ကိုထိရောက်စွာစီမံခန့်ခွဲ နိုင်မှသာလျှင် သင့်အတွက် ထိရောက်သောတိုးတက်မှုကို ရနိုင်မည်ဖြစ်ပါသည်။

အောက်တွင်ဖော်ပြထားသော အချက်(၄)ချက် သည် လွယ်ကူထိရောက်စွာဖြင့် သင့်ဧ။် စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်မည့် နည်းလမ်းများဖြစ်ပါသည်။

(၁)အလုပ်အပေါ်ဦးစားပေးအစီအစဉ်ဖြင့်စီမံခန့် ခွဲနိုင်သူဖြစ်အောင်လေ့လာသင်ယူပါ။

အလုပ် တွင်စွမ်းဆောင်ရည်တိုးတက်လာဖို့ အတွက် သင်သည်အဓိကဦးစားပေးလုပ်ရမည့် အလုပ် များကိုသတ်မှတ်ထားရန်လိုအပ်ပါသည်။နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရသော အလုပ်များထဲမှ မိမိဦးစားပေးလုပ်ကိုင်ရမည့်အလုပ်နှင့် သက် ဆိုင်သောအလုပ်၊ မသက်ဆိုင်သောအလုပ်ကို စနစ်တကျခွဲခြားတက်ရန်လိုအပ်ပါသည်။ထိုကဲ့ သို့ပြုလုပ်နိုင်လျှင်သင့်တွင်မည်သည့် ကိစ္စက အရေးကြီးပြုလုပ်ရမည်ဆိုသည်ကို သိမြင် လာနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်အလုပ်ကို မှန်ကန်ထိရောက်စွာဖြင့်မြန်ဆန်စွာ လုပ်နိုင် သည့်စွမ်းဆောင်ရည်ကို ပိုင်ဆိုင်လာနိုင် ပါသည်။ အလုပ်ကိုဦးစားပေးဆောင်ရွက်ပြီး မိမိပြုလုပ်ရမည့် အလုပ်ကိုလည်းမှန်မှန်ကန် ကန်နှင့် အမှားမရှိပဲပြုလုပ်နိုင်သောသူကို မိမိ၏မန်နေဂျာနှင့်အထက်အရာရှိအားလုံး ၏ ဦးစားပေး တန်ဖိုးထားမှုကို ရရှိမည် ဖြစ်ပါ သည်။ မိမိ၏ အထက်အရာရှိ အနေဖြင့် မိမိပြုလုပ်သော အလုပ်များကို ၄င်းအနေ ဖြင့် ပြန်လှည့်ကြည့်စရာမလိုလောက်အောင် သပ် သပ်ရပ်ရပ် လုပ်ပေးနိုင်လျှင် မိမိသည် အလုပ် တွင် စွမ်းဆောင်ရည် ကောင်းလာပြီဖြစ်သော ကြောင့်ရာထူးတိုးခြင်း ၊ လစာတိုးခြင်းများတွင် ဦးစားပေးစဉ်းစားခံရသူ စာရင်းတွင်ပါဝင် လာနိုင်မည်ဖြစ်သည်။

(၂)အကောင်းမြင်တတ်သည့်စိတ်သဘောထား မျိုးဖြစ်အောင်တည်ဆောက်ယူပါ။

အလုပ်တွင်စွမ်းဆောင်ရည် တိုးတက်လာဖို့ အတွက် နောက်ထပ်နည်းလမ်းတစ်ခုမှာ သင်သည်မိမိ၏အလုပ်အပေါ်တွင် အကောင်း မြင်တတ်သည့် စိတ်နေသဘောထားမျိုးဖြစ် အောင်တည်ဆောက်နိုင်ရမည်။ အထက်လူကြီး များသည် မိမိ၏ဝန်ထမ်းများကိုရာထူးတိုးရန် စဉ်းစားသည့်အခါတွင်အလုပ်အပေါ်အကောင်း မြင်တတ်ပြီး ၊ အခြားဝန်ထမ်းအားလုံးနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိသည့်သူမျိုးကို ပိုပြီးကြိုက်နှစ်သက်ကြသည်။ မိမိသည် လူတိုင်းကအလွယ်တကူနှင့် သတိထားမိတတ်သည့်သူမျိုးဖြစ်အောင်မိမိအ ပေါ် တာဝန်ပေး အပ်သောအလုပ်များကိုစိတ်စေတနာ အပြည့်ဖြင့်အကောင်းမြင်ပြီး အကောင်းဆုံး ဖြစ်အောင်လုပ်ကိုင်ပေးရပါမည်။ စိတ်အပြောင်း အလဲအရမ်းမမြန်ပဲ တသမတ်တည်းသဘော ထားတတ်သည့်သူမျိုးဖြစ်အောင် မိမိကိုယ်ကို တည်ဆောက်ယူရပါမည်။သို့မှသာမိမိအနေဖြင့် အလုပ်တွင်စိတ်ဝင်စားမှုရှိပြီး၊အလုပ်အပေါ်ကြိုး ကြိုးစားစားလုပ်ကိုင်ခြင်း၊ လူတိုင်းအပေါ်လည်း အကောင်းမြင်နိုင်သည့် စိတ်ဓာတ်ကိုလည်း တည်ဆောက်လာနိုင်သည်အတွက် မိမိ၏ စွမ်းဆောင်ရည်တိုးတက်လာရန်အတွက်နည်း လမ်းကောင်းတစ်ခုဖြစ်လာနိုင်ပါသည်။

(၃) အလုပ်အတွက်လိုအပ်သောကျွမ်းကျင်မှု များကိုပိုမိုတိုးတက်လာအောင် ကြိုးစားပါ။

အလုပ်နှင့်ပက်သက်သည့် ဗဟုသုတပညာ များကိုလည်းရှာဖွေလေ့လာပါ။ အလုပ်တွင် စွမ်းဆောင်ရည်တိုးတက်နိုင်ဖို့အတွက် အလုပ် နှင့်သက်ဆိုင်သည့် ကျွမ်းကျင်မှုများ၊ ပြောင်းလဲလာသောနည်းပညာများကိုအမြဲတမ်း တိုးတက်နေနိုင်ရန်အတွက် သင်တန်းများ တက်ရောက် လေ့လာနေရမည်ဖြစ်ပါသည်။ ထိုကဲ့သို့အလုပ်အတွက်လိုအပ်သည့်သင်တန်း များ တက်ရောက်လိုသည်ကိုလည်း မိမိ၏ အထက်အရာရှိအားအသိပေး ပြောကြားရန် လိုအပ်ပါသည်။ သင်တန်းများတက်ရောက် ခြင်းဖြင့် အလုပ်အတွက်ရော မိမိ၏ careerအတွက် ပါတိုးတက်မှုရှိန်ိုင်သည် ကိုမိမိ၏အထက်လူကြီးများအား သေချာဆွေး နွေးရှင်းပြပြီး သူတို့၏သဘောတူညီမှုဖြင့် တက်ရောက်ရန်လိုအပ်ပါသည်။ မိမိအနေဖြင့် လည်းအလုပ် အတွက် ဗဟုသုတတိုးစေမည့် စာအုပ်များဖတ်ခြင်း၊ဟောပြောပွဲများ တက်ခြင်း ဖြင့် လိုအပ်သောဗဟုသုတများကိုရှာဖွေရန် လိုအပ်ပါသည်။မိမိသိထားသောဗဟုသုတများ၊ ပညာရပ်များကိုလည်း မိမိဧ။် လက်အောက် ဝန်ထမ်းများကိုပြန်လည်၍မျှဝေပေးခြင်း၊ မိမိနှင့် level တူလုပ်ဖော်ကိုင်ဖက်များနှင့်ဆွေးနွေးခြင်း များပြုလုပ်ရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ပြုလုပ် ခြင်းဖြင့်မိမိ၏ careerအတွက်နောက်ထပ် တစ်ဆင့်တက်နိုင်ရန်လူကြီးများ၏အသိအမှတ် ပြုခြင်းကိုရရှိနိုင်မည်ဖြစ်ပါသည်။ မိမိကိုယ်ကို upgrade ဖြစ်အောင်မိမိ၏ skills and knowledge ကိုမြှင့်တင်ခြင်းသည် မိမိဘဝ အတွက်အောင်မြင်မှုရအောင် အမှန်တကယ် လိုအပ်သောအရှိန်မြှင့်ကြိုးစားမှုတစ်ခုပင်ဖြစ်ပါ သည်။

(၄) အလုပ်တွင်ထူးခြားသောပင်ကိုယ်အရည် အသွေး၏ အရေးပါမှုမိမိနှင့်အလုပ်တွဲလုပ်သူ များအားလုံးနှင့် ထိရောက်သော communication လုပ်နိုင်သည့်စွမ်းရည်ရှိမှုနှင့် မိမိ၏ထူးခြားသောပင်ကိုအရည်အသွေးကိုဖော် ပြနိုင်ခြင်းသည်မိမိ၏အလုပ်တွင်အောင်မြင်မှု ရရှိနိုင်ရန်၈၅ရာခိုင်နှုန်းအထိရေးပါမူရှိသည်ကို သိရှိရန်လိုအပ်ပါသည်။ မိမိလုပ်ကိုင်သည် အလုပ်အပေါ်ကျေနပ်မူအပြည့်ရှိခြင်း၊ လေးစား မှုရှိခြင်းတို့ကိုဖော်ပြခြင်းဖြင့် မိမိ၏အလုပ်အပေါ် အလေးအနက်တန်းဖိုးထားသည့် စိတ်ဓာတ်ကို ဖော်ပြရမည်ဖြစ်ပါသည်။ မိမိအလုပ်လုပ်သည့် အခါတွင်လည်း မိမိအပေါ် အခြားသူများ၏ ယုံကြည်မူ၊ အားကိုးမူ၊ လေးစားမူတို့ကို တနေ့တခြား တိုးတက်လာအောင်ပြုလုပ်ရမည် ဖြစ်ပါသည်။ မိမိကိုယ်မိမိတန်ဖိုးထားပြီး အလုပ် က်ိုကြိုးစားလုပ်ကိုင်သင့်ပါသည်။ လူတိုင်း အပေါ်တွင် ရိုးသားမှုအပြည့်ဖြင့် ဆက်ဆံပြီးတခြားသူတစ်ဦးကလိုအပ်၍အကူအညီတောင်း ၍ပေးမည်ဆိုလျှင်လည်း တဘက်သားအပေါ် တွင်ရိုးရှင်းစွာဖြင့် သူ၏ လိုအပ်ချက်များကို သေချာနားထောင်ပြီး မိမိကူညီနိုင်သည်အထိ အစွမ်းကုန်ကူညီပေးခြင်းဖြင့်အများ၏ယုံကြည် မှုကိုပိုမိုရရှိနိုင်ပါသည်။ မိမိသည်leader တစ်ယောက်အဖြစ်သို့ ရောက်ရှိလာသည့် အခါတွင်လည်းတဘက်လူ၏ပြောဆိုမှုများအား အကောင်းဆုံးနားထောင်သူ တစ်ယောက်ဖြစ် အောင်ကြိုးစားရမည်။ ထိုကဲ့သို့ပြုလုပ်နိုင်ခြင်း သည်တစ်ဘက်လူကိုမိမိဘက်သို့ပါလာအောင် အကောင်းဆုံး ဆွဲဆောင်နိုင်ခြင်းဖြစ်သည်။ တစ်ဘက်လူကမေးသော မေးခွန်းကိုလည်း စိတ်ဝင်တစားနားထောင်ပြီး သူသိလိုသော အဖြေကိုလည်း ဂရုတစိုက်ဖြင့် အသေးစိတ် ပြောကြားပေးရမည်ဖြစ်ပါသည်။

အထက်ပါဖော်ပြထားသော အချက်များကို မိမိအနေဖြင့် အသေးစိတ်မှတ်ထားသားပြီး မိမိအတွက်လိုအပ်သောအချက်များ ရှိခဲ့လျှင် လည်း အကောင်းဆုံးကြိုးစားပြုပြင်နိုင်မည် ဆိုလျှင် လုပ်ငန်းတွင်မိမိ၏စွမ်းဆောင်ရည် တိုးတက်လာနိုင်ပြီးမိမိအတွက်အခွင့်အလမ်း ကောင်းများ၊ အများ၏လေးစားချစ်ခင်မှုများ ကိုပါရရှိနိုင်မည်ဖြစ်ပါသည်။

ထိုအခါတွင်အလုပ်တွင် မိမိဧ။် personal branding ကလည်းပိုမ်ိုကောင်းမွန်လာပြီး မိမိပြောပုံ၊ဆိုပုံ၊အလုပ်လုပ်ကိုင်ပုံအားလုံးသည် လည်းProfessional တစ်ယောက်ကဲ့သို့ဖြစ်လာ မည်ဖြစ်ပါသည်။ မိမိကိုယ်ကိုအကောင်းဆုံး self-management and self-control ပြုလုပ်နိုင်ခြင်းသည်မိမိဘဝအတွက် တိုးတက် အောင်မြင်မူရရှိနိုင်သော အကောင်းဆုံးပြုလုပ် နိုင်သည့်နည်းလမ်းတစ်ခုဖြစ်ပါသည်။

အောင်မြင်သော လူငယ် တစ်ယောက်အဖြစ် ဘဝတွင် အကောင်းဆုံးရပ်တည်နိုင်ရန် အတွက် သင့်ရဲ့ စွမ်းဆောင်ရည်များကို အကောင်းဆုံးတိုးတက်လာ အောင်ကြိုးစားပြီး အောင်မြင်သောဘဝများကိုပိုင်ဆိုင်နိုင်သည့်လူ ငယ်များအဖြစ်ဆက်လက်လျှောက်လှမ်းနိုင်စေ ရန်ရည်ရွယ်ပြီးဝေမျှလိုက်ရပါသည်။

မဆွေဇင် MHR
၁၄.၉.၂၀၁၈

Comments

Popular posts from this blog

Daily Use Habits

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၂)