“ပညာဖြင့် အောင်မြင်သော ဘဝကို တည်ဆောက်ပါ”

အောင်မြင်သောဘဝတခုကို တည်ဆောက်နိုင်
ဖို့ အတွက်အခြေခံကျကျတည်ဆောက်နိုင်ရန်လိုအပ်ပါတယ်။

ကျွန်မတို့နေထိုင်နိုင်ရန် အိမ်တစ်လုံး တည်ဆောက်လျှင်လည်း အုတ်မြစ်ခိုင်ခိုင် ရဖို့ အတွက် တွင်းနက်နက်တူးပြီး foundation ကောင်းကောင်းချဖို့လိုအပ်ပါတယ်။ အထပ်မြင့် လေလေ foundation နက်နက်တူးရသကဲ့သို့ ကျွန်မတို့အတွက်လည်း ခိုင်မာ၊ အောင်မြင် သောဘဝကို တည်ဆောက် နိုင်ဖို့အတွက် အခြေခံအကျဆုံးဖြစ်သည့် ပညာကို အခြေခံမှ စ၍စနစ်တကျ သင်ယူရမှာ ဖြစ်ပါတယ်။


ပညာကိုသင်ယူသည့်အခါတွင်လည်း အလွယ် မလိုက်ပဲကိုယ်သင်ယူမည့်ပညာကို အခြေခံမှ စ၍ အပတ်တကုတ်ကြိုးစားရန်လိုအပ်ပါတယ်။

ယခုလို တိုးတက် ပြောင်းလဲနေသော ခေတ် အခြေအနေတွင် မည်သည့် ပညာကို မဆို အလွယ်တကူသင်ယူနိုင်သလို၊အလွယ်နည်းကို လိုက် ငွေပေးပြီး မည့်သည့် ပညာကိုမဆို အလွယ်တကူဝယ်ယူနိုင်သည့် ခေတ်လည်း ဖြစ်ပါတယ်။

ထို့ကြောင့် မည်သည့်အရာကိုမဆို အလွယ် တကူရလျှင် တန်ဖိုးမရှိသကဲ့သို့ ကြိုးစား အားထုတ်မှုမရှိဘဲ ရလာသည့် ပညာတစ်ခု သည်လည်း မိမိဘဝအတွက် အမြင့်ဆုံးကို တက်နိုင်မည့်ခိုင်မာသည့် foundation တစ်ခု ဖြစ်လာနိုင်မည်မဟုတ်ပါ။

တန်ဖိုးရှိပြီးထိုက်တန်သည့် ပညာတစ်ခုကို ရဖို့ အတွက် သင့်တော်တဲ့ ကြိုးစားမှု၊ ပေဆပ်မှု၊ အချိန်ပေးပြီး ပညာကိုဆည်းပူးမှုရှိရမည်ဖြစ်ပါ တယ်။ ကျွန်မတို့ ဗမာစကားပုံလေး တစ်ခုလိုပေါ့ "လက်ဖက်ကောင်းစားချင်ရင်ပလောင်တောင် တက် နှေးရတယ်" ဆိုသကဲ့သို့ ကျွန်မတို့ လည်း ကိုယ်ရဲ့အောင်မြင်မှုပန်းတိုင်တစ်ခုကို ရောက်ရှိဖို့ အတွက်ဆို အလွယ်မလိုက်ဘဲ လုံ့လ ဝီရိယ အပြည့်ဖြင့် မလျော့သော စိတ်ဓာတ် ခိုင်မာသောစိတ်ဓာတ် တို့ဖြင့် ကြိုးစားမှသာလျှင်မိမိလိုချင်သောအောင်မြင်မှု ပန်းတိုင်ကိုရနိုင်မည် ဖြစ်ပါတယ်။ ကျွန်မတို့ အမျိုးသမီးတွေဟာ စိတ်ဓာတ် အပိုင်းတွင် အမျိုးသားများထက်စာရင် ခံစားချက် (feeling, emotation) ပိုများတတ်ပါတယ်။ ထိုအချက် သည် ကျွန်မတို့ အမျိုးသမီးများကို ကျဆုံးနိုင် သည့်အချက်ဖြစ်သည်ဟုလည်းထင်မိပါသည်။

တချို့ကိစ္စများတွင် ခံစားချက်ကို ရှေ့တန်း မတင်ပဲ လုပ်ဖို့လိုအပ်လာလျှင် လုပ်ရမည် ဆိုသည့် ခိုင်မာသည့် စိတ်ဓါတ်ကိုထားပြီး ကြိုးစားမည်ဆိုလျှင် ပိုမိုအောင်မြင်လာ နိုင်ပါ သည်။

ကျွန်မထက်အသက်ငယ်ပေမယ့်လည်း ကျွန်မ အရမ်းလေးစားရတဲ့ ညီမလေး တစ်ယောက် ရှိပါတယ်။ သူမက အေးဝတ်ရည်သောင်းလို့ လည်း ခေါ်တယ်အများက မအေးသောင်းဆိုပြီး အရမ်းချစ် ကြတဲ့ ညီမလေးပါ၊ သူမဟာဆိုရင် ကျွန်မစကား ပြောကြည့်ပြီးမှ သိလိုက်ရသည် မှာ ပညာသင်ကြား ရာတွင် ရှက်နေစရာမလိုပဲကိုယ့်ဘဝအတွက် လိုအပ်မယ်ထင်တဲ့ ပညာ ဆိုလျှင်ကိုယ့်ထက် ၁၀နှစ်လောက် ငယ်တဲ့သူနဲ့ တွဲတက်ရလည်း တက်ခဲ့ ပါတယ်ဆိုတဲ့ စိတ်ဓာတ်ကိုကျွန်မအနေနဲ့အရမ်းကို လေးစား မိပါတယ်။

“ပညာလိုအိုသည်မရှိ” ဆိုတဲ့စကားအတိုင်း ကိုယ်တကယ် လိုချင်တဲ့ ပညာ၊ ကိုယ့်ဘဝ တက်လမ်းအတွက်လည်း မဖြစ်မနေ လိုအပ်နေ မယ်ဆိုလျှင် အသက်ကြီးနေလို့ ရှက်စရာ ကောင်းတယ်ဆိုတဲ့စိတ်ခံစားမှုမျိုးကို ဦးစား မပေးပဲ သတ္တိရှိရှိ ကြိုးစားမည်ဆိုလျှင် အောင်မြင်တဲ့သူများ ဖြစ်လာနိုင်ပါတယ်။

ထို့ကြောင့် မိမိတို့၏ ဘဝကို ပညာဖြင့် တည်ဆောက်မည်ဟု ဆုံးဖြတ်ထားသူများ အတွက်မိမိဘ၀ ရပ်တည်မှု အတွက်တကယ် လိုအပ်သော ပညာကို သင်ကြားမည်ဆိုလျှင် အခြခံမှစ၍မှန်မှန်ကန်ကန်ဖြင့်၊ မလျှော့သော စိတ်ဓါတ်၊ လုံ့လ ဝီရီယအပြည့်၊ မည်မျှ ခက်ခဲပါစေ လုပ်နိုင်တယ် ဆိုသည့် စိတ်ဓါတ် အပြည့်ဖြင့် ယနေ့ပဲစကြိုးစား လိုက်မယ်ဆိုလျှင် တကယ့်ကို အောင်မြင်သော ဘဝကို ပညာတတ်သူ တစ်ယောက်အနေဖြင့် လူပုံ အလယ်တွင်ရပ်တည်နိုင်မည်ဖြစ်ပါသည်။ ။

မဆွေဇင် MHR
၂၄.၆.၂၀၁၈

Comments

Popular posts from this blog

Daily Use Habits

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၂)

"မိမိဧ။်လုပ်ငန်းခွင်တွင် သင်ဧ။် စွမ်းဆောင်ရည် တိုးတက်လာစေရန် ပြုလုပ်သင့်သည့် အဆင့် (၄)ဆင့်"