Good Personality (Part II)

"သင့်ဘ၀အတွက် လိုအပ်သော သင်၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရမည့် အချက်များ” (ဒုတိယပိုင်း)


(၅) သင်၏ ပေါင်းသင်းဆက်ဆံရေးကို အမြဲတမ်း ကောင်းမွန်အောင် ပြုလုပ်ပါ။


🔹️အောင်မြင်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးသည် အဓိက အရေးကြီးဆုံး အချက်တစ်ခုဖြစ်သည်။သင့်အနေဖြင့် နေ့စဉ်မဖြစ်မနေ လူအများနဲ့ အပြန်အလှန် ပြောဆို ဆက်ဆံမှုများ ပြုလုပ်ပြီး သင့်၏ ပေါင်းသင်း ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် လေ့ကျင့်ယူရမည်ဖြစ်သည်။သင့်အလုပ်နေရာ၊ သင့်မိသားစု၊ သင့်မိတ်ဆွေ အပေါင်းအသင်းများကြားတွင် သင့်အနေဖြင့် စကားပြောဆိုရာတွင် အများ၏ ချစ်ခင်မှု၊ လေးစားမှုကို ရယူနိုင်အောင် ကြိုးစားရမည်ဖြစ်သည်။

(၆) သင့်၏ ခေါင်းဆောင်နိုင်မှု စွမ်းရည်ကိုလည်း တိုးတက်အောင်ကြိုးစားပါ။


🔹️သင်၏ ဘ၀တွင် Professional ကျကျဖြင့်အောင်မြင်မှုကို ရချင်လျှင် သင့်အနေဖြင့် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားရမည်ဖြစ်သည်။
🔹️သင်၏ အလုပ်မှာရော၊ မိသားစုဘ၀မှာရော၊ လူမှုပတ်ဝန်းကျင်မှာရော သင့်ကို လူတိုင်းက လေးစားအားကျပြီး စံထားရသော ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်အောင် ဦးဆောင်နိုင်ရန်အတွက် သင်၏ ခေါင်းဆောင်နိုင်မှု စွမ်းရည်ကို အမြဲတိုးတက်အောင် ကြိုးစားရမည်ဖြစ်သည်။

(၇) သင်၏ တင်ဆက်ပုံ၊ တင်ပြပုံ စွမ်းရည်ကို လည်း တိုးတက်အောင် ကြိုးစားပါ။


🔹️ သင့်အနေဖြင့် မိမိပြောချင်သည့် အကြောင်းအရာများကို ပြောဆိုဆွေးနွေးသည့်အခါ တစ်ဖက်လူ နားလည်လာအောင်၊ စိတ်ဝင်စားလာအောင်၊ မိမိဘက်ပါလာအောင် ကျွမ်းကျင်လိမ္မာ ပါးနပ်စွာ ပြောဆိုတင်ပြနိုင်ခြင်းသည် အများနှင့်မတူသည့် မိမိ၏ ထူးခြားမှုများကို အရည်အသွေး တစ်ခုဖြစ်အောင် ကြိုးပမ်းရမည်ဖြစ်ပါသည်။

(၈) မိမိနှင့်တွေ့ဆုံသည့် လူတိုင်းကို လေးစားစွာ ပြောဆိုဆက်ဆံပါ။


🔹️သင့်အနေဖြင့် တစ်ဘက်လူကို လုပ်ပေးမည်ဟု ပြောထားသော ကတိကို ပြည့်အောင် လုပ်ပေးရမည်မှာ အလွန်အရေးကြီးသော အချက်ဖြစ်ပါသည်။
🔹️ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေး ရှိဖို့အတွက် အမြဲတမ်းရိုးသားပြီး၊ အများ၏ ယုံကြည်မှုရှိရမည့် အချက်သည် မဖြစ်မနေရှိရန် လိုအပ်ပါသည်။
🔹️သင့်နေဖြင့် အများနှင့် ပြောဆိုဆက်ဆံရာတွင် တစ်ဖက်လူကို လေးစားမှု အပြည့်ဖြင့် ဆက်ဆံခြင်းဖြင့် သင်၏ အပေါ် တစ်ဖက်လူ၏ အမြင်တွင် ကောင်းမွန်ပြီး ဂုဏ်သိက္ခာရှိသော လူတစ်ဦးအဖြစ် လက်ခံမည်ဖြစ်သည်။
🔹️သင့်အတွက် ကောင်းမွန်သော ဘ၀တစ်ခုကို တည်ဆောက်ရာတွင် တခြားလူအပေါ်တွင်လည်း လေးစားရန် လိုအပ်သလို ကိုယ့်ကိုယ်ကိုလည်း လေးစားမှုအပြည့် ရှိရမည်ဖြစ်သည်။

👉 သင်၏ဘ၀တွင် ကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်နိုင်ရန်အတွက် အထက်တွင် ဖော်ပြထားသော အချက်များကို ပြုပြင်လိုက်နာပြီး အောင်မြင်သော ဘ၀များကို ပိုင်ဆိုင်နိုင်ရန်အတွက် မျှဝေလိုက်ပါသည်။

မဆွေဇင်
၇.၆.၂၀၁၉
#Swe_Zin_MHR
#Swe_Zin_Mhr
#MHR_Management_Institute

Comments

Popular posts from this blog

Daily Use Habits

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၂)

"မိမိဧ။်လုပ်ငန်းခွင်တွင် သင်ဧ။် စွမ်းဆောင်ရည် တိုးတက်လာစေရန် ပြုလုပ်သင့်သည့် အဆင့် (၄)ဆင့်"