အလုပ်လုပ်တဲ့ပတ်ဝန်းကျင်မှရိုးသားမှုနှင့်လွတ် လပ်စွာလုပ်ပိုင်ခွင့်
အလုပ်လုပ်တဲ့ပတ်ဝန်းကျင်မှရိုးသားမှုနှင့်လွတ် လပ်စွာလုပ်ပိုင်ခွင့်
ကျွန်မတို့ အလုပ်လုပ်ကြသည့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် လူတိုင်းက မိမိနဲ့ အလုပ် တွဲလုပ်သူတိုင်းကို ရိုးသားသူဖြစ်စေခြင်း သည် မှာ လူတိုင်း၏ ဆန္ဒဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မတို့အနေဖြင့် မိမိသည် ရိုးသားသူနှင့် တွဲ၍ အလုပ်လုပ်မည်ဆိုလျှင်ကိုယ်တိုင်လည်း ရိုးသားသူတစ်ယောက်ဖြစ်ရန်လိုအပ်ပါသည်။
ရိုးသားသူကို လူတိုင်းက ချစ်ခင်နှစ်သက်ကြ သလို ရိုးသားသူကိုလည်း ယုံကြည်မှု အပြည့် ရှိကြသည်။ ရိုးသားခြင်းသည် သစ္စာရှိခြင်း၊ ဖုံးကွယ် လျိူ.ဝှက်မှုမရှိခြင်း ကို ဆိုလိုသည်။ ရိုးသားသူတစ်ဦးသည် အမှန်တရားကိုပဲ ပြောဆိုပြီး တခြားတစ်ဦးတစ်ယောက်အပေါ် လိမ်လည်မှု ၊ လှည့်ဖြားခြင်းမရှိပဲ အမြဲတမ်း အမှန်တရားကို ချစ်မြတ်နိုးသူ ဖြစ်သည်။
လုပ်ငန်းပိုင်ရှင်များ၊ ရာထူးမြင့်မားသူများသည် မိမိ၏လုပ်ဖော်ကိုင်ဘက်များ၊ လက်အောက် ဝန်ထမ်းများကို ရိုးသားသူ၊ ယုံကြည်ရသူတွေ ကိုသာအနားမှာ ထားပြီး အလုပ်လုပ်ချင် ကြသည်။
လွတ်လပ်စွာ လုပ်ပိုင်ခွင့် ဆိုသည်မှာ ရိုးသားစွာဖြင့် အလုပ်ကိုကြိုးစား လုပ်ကိုင်သူ အတွက် ယုံကြည်စွာပေးအပ်ထားသည့်လုပ်ပိုင် ခွင့်ကို အလွှဲသုံးစား မလုပ်မိရန်မှာ အောင်မြင် ခြင်းကို လိုလားသူ အတွက် လိုက်နာရမည် သတ်မှတ်ချက်ဖြစ်သည်။
တခါတရံမှာ လူအများစုဟာ မိမိတို့ရဲ့ အမှား ကိုဖုံးကွယ်ဖို့အတွက်လွတ်လပ်စွာ လုပ်ပိုင်ခွင့် ကို အကြောင်းပြ၍ ခုတုံးလုပ်တတ်ပါသည်။ ထို့ကြောင့် လွတ်လပ်စွာ လုပ်ပိုင်ခွင့်သည် ရိုးသားသူတွေနဲ့ပဲသင့်တော်ပြီး၊ မရိုးသားသူ တွေအတွက် သူတို့အမှားကို ဖုန်းကွယ်ဖို့ အတွက် အကြောင်းပြချက် တစ်ခုဖြစ်လာ နိုင်ပါသည်။
ထို့ကြောင့် သင့်အနေဖြင့် ဘဝမှာ အောင်မြင် သူတစ်ယောက် ဖြစ်ဖို့အတွက် မိမိအလုပ် အပေါ် ရိုးသားမှု၊ကြိုးစားမှုအပြည့်ဖြင့် လုပ်ကိုင် ရန်လိုအပ်ပါသည်။ မိမိ၏ရိုးသားမှု အပေါ် ပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်သည်။
မိမိ၏ ရိုးသားမှုအပေါ် ယုံကြည်မှု အပြည့် ဖြင့်ပေးအပ်ထားသော တာဝန်ကို အလွဲသုံးစား မလုပ်မိရန် အရေးကြီးပါသည်။ လူတိုင်းသည် လွတ်လပ်စွာပြောဆို၊ နေထိုင်၊ လုပ်ကိုင်ရသည် ကိုကြိုက်နှစ်သက်ပါသည်။ သို့သော် ၎င်း လွတ်လပ်မှုကို အလွဲသုံးစား မလုပ်မိရန်မှာ အရေးကြီးပါသည်။
ရိုးသားစွာ အလုပ်လုပ်ကိုင်သူအတွက်အလုပ် ပတ်ဝန်းကျင်တွင် လူချစ်လူခင် ပေါများပြီး၊ အများ၏လေးစားမှု၊ တန်ဖိုးထားမှု၊ ယုံကြည်မှု ကိုရရှိမည်ဖြစ်ပါသည်။
လူတိုင်းသည် ဘဝတွင် မိမိတန်ဖိုးထားသည့် အရာမတူကြပါ။ တချို့က ပညာကို တန်ဖိုး ထားသလို၊ တချို့ကငွေ၊ တချို့ကဂုဏ်သိက္ခာ ဘယ်လိုတွေ တန်ဖိုးထားမှုခြင်း မတူကြပါစေရိုးသားမှုဆိုတဲ့ အရာကို တန်ဖိုးထားသူသည် ဘဝတွင်မည်သည့်ကိစ္စကိုမဆို အလွယ်တကူ နဲ့ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် သင်တို့အနေဖြင့် မိမိ၏ ရိုးသား မှုကိုယုံကြည်၍ ပေးအပ်ထားသော လွတ်လပ် စွာလုပ်ပိုင်ခွင့်ကို အလွဲသုံးစား မလုပ်မိရန်မှာ အရေးကြီးပါသည်။ မိမိ၏အလုပ်တွင် ရိုးသား မှုနှင့်လွတ်လပ်လုပ်ပိုင်ခွင့်ကို ခွဲခြားသိရှိနိုင်ပြီး ရိုးသားမှုအပြည့်ဖြင့် အောင်မြင်သော ဘဝ တွေပိုင်ဆိုင်နိုင်ကြစေရန် အတွက် မျှဝေ လိုက်ပါသည်။
မဆွေဇင် MHR
၈.၂.၂၀၁၉
Comments
Post a Comment