7 Personal Branding Habits (Part-II)

Personal Branding ဒုတိယပိုင္းမှာတော့ အလေ့အကျင့္ ၇ ခုကို ဆွေးနွေးပေးသွားမှာဖြစ္ပါတယ္။
သင်၏ personal brand " ကိုတည်ထောင် ဖို့အတွက် မရှိမဖြစ်လိုအပ်သော အလေ့အထ (၇) ချက်မှာ-
၁။ တစ်သမတ်တည်း ဖြစ်ရမည်။
ဥပမာ- Ferrari အမှတ်တံဆိပ်သည် "luxury sport type" ကားများကိုသာ ထုတ် လုပ်သည့် " Brand " တစ်ခုဖြစ်သည့်အတွက် သူတို့သည် ဈေးပေါသည့် "Van type" ကားများကို ဘယ်တော့မှ ထုတ်လုပ်မည် မဟုတ်ပါ။ " Brand " ဆိုသည်မှာ တစ်သမတ် တည်း ဖြစ်နေရမည်။ ဆိုလိုသည်မှာ သင့်ကိုယ် သင် ဘယ်လိုရပ်တည်မှုမျိုး ရှိသည်ဟု ပြောထားလျှင်ထိုအတိုင်း တသမတ်တည်း လုပ် ရန်လိုအပ်ပါသည်။

သင့်ဘ၀အတွက် ရွေးချယ်လိုက်သော "career" သည် တသမတ်တည်း ဖြစ်ရန် လိုအပ်သည်။ ဥပမာ - သင်သည် သင်၏ "career" ကို "finance" အဖြစ်ရွေးချယ်မည် ဆိုလျှင် သင့်ဘ၀တစ်လျှောက်လုံး လုပ်ကိုင် မည့် "career" တိုင်းတွင် "finance" ဖြင့်ပတ် သတ်သည့်အလုပ်မျိုးကိုသာ တသမတ်တည်း လုပ်ကိုင်ရန်လိုအပ်ပါသည်။
၂။ မိမိအားသာချက်ကို ဖော်ထုတ်နိုင်ရမည်။
အောင်မြင်မှု ရခဲ့သော " brand " တိုင်း သည် ဘယ်မျှလောက် အနောက်ကို ရောက် နေပါစေ ထို " brand " ၏ အားသာချက်ကို လူတိုင်းက အမြဲတမ်း ရှာဖွေနေတတ်သည်။ ထိုကဲ့သို့ပင် လူတိုင်းကသင့်ကိုအထင်ကြီး လေးစားပြီးသင်၏အကြောင်းကို လူတိုင်းက စိတ်ဝင်စားပြီး ပြောလာပြီဆိုလျှင်သင်၏ "personal brand" ကိုတန်ဖိုးတက်လာပြီး လူတိုင်းကသင့်ကိုအသိမှတ်ပြုလာခြင်း ဖြစ် သည်။


လူတိုင်းက သူတို့ အသိအမှတ်ပြုသော " brand " ကိုသာ ၀ယ်ယူကျသည်။ ထိုအချက် ကို ကြည့်ခြင်းအားဖြင့် လူတိုင်းသည်မိမိလက် ခံသော " brand " ကိုဝယ်ယူခြင်းအားဖြင့် မည် သည့် ပြဿနာမှ မရှိသည်ကို လက်ခံကြပါ သည်။
သင်၏နာမည်ကို လူတိုင်းက ပြောလာ လေလေ သင့်ကို လူတိုင်းက အသိမှတ်ပြုလာ လေလေ ဖြစ်သည်။ မိမိအနေဖြင့် လည်း လူတိုင်းက မိမိအပေါ်လက်ခံလာသည့် အားသာချက်ကို ရှာဖွေနိုင်ပြီး ပိုမိုတိုးတကကောင်းမွန်အောင် ပြုလုပ်မည်ဆိုလျှင် သင်၏ "personal brand" တန်ဖိုးပါတက်လာနိုင် ပါသည်။
၃။ သင်၏ အသက်မွေးဝမ်းကြောင်း အလုပ်ကို စိတ်ဝင်စားစရာကောင်းအောင်ပြောပြနိုင်ရမည်
ကောင်းမွန်ပြီး ထူးခြားသည့် ရုပ်ရှင်ကို လူတိုင်းက စိတ်ဝင်စား သကဲ့သို့အများနှင့်မတူ တမူထူးခြားသည့် သင့်ပင်ကိုယ် လက္ခဏာနှင့် ကိုယ်ရည်ကိုယ်သွေး ရှိလျှင် လူတိုင်းကသင့် ကို သတိထားမိကြသည်။

သင်နှင့်အတူ အလုပ် တွဲလုပ်သည့် လူတိုင်းသည် သင်၏ "professional" အောင်မြင်မှုထက် သင်၏ ကိုယ်ရည်ကိုယ်သွေး အကြောင်းကို ပိုမိုမှတ်မိ နေလိမ့်မည်။ သင်၏ ကောင်း မွန်သော ကိုယ် ရည်ကိုယ်သွေးနှင့်ပင်ကိုစရိုက်ကြောင့်လည်း သင်၏ အလုပ်အပေါ် လူအများ ပို၍ စိတ်ဝင် စားလာနိုင်သည်။

၄။ သင်၏ ကိုယ်ပိုင်" brand " ကို ပုံဖော်နိုင် ရမည်။
သင့်အနေဖြင့် သင့် "personal brand" အကြောင်း စာလုံးရေ ၁၈လုံး ထက်မနည်း ရှင်း ပြနိုင်ရမည်။ သင့်ရဲ့ အဓိက တန်ဖိုးထားသည့် အရာက ဘာလဲ? သင့်အနေနဲ့ ဘယ်လိုတွေ ကတိ ပေးထားလဲ? အစရှိသည့် ကိုယ့် "personal brand" ကို ကိုယ်စားပြုသည့် အချက်များကို ပုံဖော်နိုင်ရမည်။
၅။ လူအများရှေ့တွင်မိမိကိုယ်ကိုမိမိ ဖော်ထုတ် နိုင်ရမည်။
လူအများအရှေ့တွင် တတ်နိုင်သ လောက်စကားများများပြောပါ။
၆။ သင်၏ " career " ထက်ကျော်လွန်၍ ကြည့် ရှု နိုင်ရမည်။
သင့် "brand" ကို သင့် "career" ထက် ကျော်လွန်ချဲ့ထွင် နိုင်ရမည်။ သင့်ရဲ့ "professional knowledge" များကို သင်၏ "facebook" တွင် "share" ပေးခြင်း၊ လူမှု ရေးဆိုင်ရာ အသင်းအဖွဲ့များတွင် သင်၏ "professional" ဆိုင်ရာ ကျွမ်းကျင်မှုများကို ပါဝင်ဆွေးနွေးခြင်း၊ ဦးဆောင်ခြင်းများ ပြုလုပ် ပေးရမည်။ သင့်အနေဖြင့် အဓိပ္ပါယ်ရှိသော နည်းလမ်းများဖြင့် အဖွဲ့စည်း များတွင်ပါဝင်ခြင်း ဖြင့်သင်သည် လျှင်မြန်စွာဖြင့် အကျိုးပြုခေါင်း ဆောင်တစ်ယောက် ဖြစ်လာနိုင်ပါသည်။ "Volunteer" အလုပ်ဖြင့် မိမိ၏ လူမှုအဖွဲ့ အစည်းကိုလည်း ပြန်လည်အကျိုးပြုလုပ် ဆောင်နိုင်မည်။ ထိုကဲ့သို့ ပါဝင်မှုတွေ အများကြီး လုပ်နိုင်ပြီဆိုလျှင် သင်၏ "personal brand" သည်လည်း တဖြည်းဖြည်း လူသိများလာပြီးသင့်အား အသိမှတ်ပြုခြင်းကို ခံရမည်ဖြစ်သည်။
၇။ အမြဲတမ်းအမြင့်ဆုံးကိုရောက်အောင် သွားနိုင်ရမည်။
နောက်ဆုံး သင်လုပ်ခဲ့သည့် " career " ကို နောက်ပြန်ကြည့်သည့်အခါသင်သည် လူတိုင်း ကသတိထားမိပြီး အမြဲအမှတ်ရနေ အောင် အလုပ်များကို ကြိုးစားအားထုတ် မှုအပြည့်ဖြင့် လုပ်ခဲ့ သဖြင့် အမြဲထိပ်ဆုံးမှ ရပ် တည်နေနိုင်အောင် ကြိုးစားအားထုတ်ရမည်။
သင်၏ နာမည်ဂုဏ်သတင်း နှင့် အောင်မြင်မှုများကို လူတိုင်းက အမြဲသတိရနေပြီး၊ သင်၏
" personal brand " ကောင်းမှုကြောင့် သင်၏
မိသားစုတစ်စုလုံး၏ ဂုဏ်သိက္ခာကိုပါ မြင့်မား
အောင် ပြုလုပ်နိုင်သူတစ်ယောက်ဖြစ်နိုင်ရန်
ကြိုးစားရမည်။
ယခုလို ခေတ်အခြေနေမျိုးတွင် လူငယ်များအ
နေဖြင့် မိမိလုပ်ကိုင်ရသည့်အလုပ်ကို တန်ဖိုး
ထားပြီး မိမိ၏ " personal brand " ကို အစွမ်း
ကုန်မြှင့်တင်ပြီး ကိုယ်လုပ်သည့် အလုပ်အပေါ်
အလုပ်ကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ခြင်း၊ ကိုယ့်
လူမှုပတ်ဝန်းကျင်ကိုလည်း လူ့ကျင့်ဝတ်နှင့်
အညီ အကျိုးရှိရှိ အထောက်အပံ့ပေးနိုင်သော
လူတစ်ဦးအဖြစ်၎င်း၊ ကိုယ့်မိသားစုကိုလည်း
မိသားစုကျင့်ဝတ်နှင့်အညီ ပြုစုပျိုးထောင်
လမ်း ပြနိုင်သော လူငယ်များဖြစ်အောင်
ကြိုးစားနိုင်ရန်အတွက် ရည်ရွယ်၍ ရေးသား
ပေးခဲ့ခြင်း ဖြစ်ပါသည်။ လူငယ်များအားလုံး
အောင်မြင်မှုကို ဆွတ်ခူးနိုင်ပါစေလို့ ဆုမွန်
ကောင်း တောင်းလိုက်ပါသည်။
မဆွေဇင်MHR
၂၃.၈.၂၀၁၈

Comments

Popular posts from this blog

Daily Use Habits

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၂)

"မိမိဧ။်လုပ်ငန်းခွင်တွင် သင်ဧ။် စွမ်းဆောင်ရည် တိုးတက်လာစေရန် ပြုလုပ်သင့်သည့် အဆင့် (၄)ဆင့်"