Good Personality (Part I)
“သင့်ဘ၀အတွက် လိုအပ်သော သင်၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရမည့် အချက်များ” (ပထမပိုင်း)
👉 သင့်ဘ၀တွင် သင်၏ကျွမ်းကျင်မှုများ၊ သင်၏ကိုယ်ရည်ကိုယ်သွေး၊ သင်၏အပြုအမူ၊ အပြောအဆို အစရှိသည့် အချက်များကို အမြဲတမ်း အကောင်းဆုံးဖြစ်အောင် လေ့ကျင့် နေရခြင်းသည် သင့်ဘ၀အတွက် ဘယ်တော့မှ အဆုံးသတ်သွားမည်မဟုတ်ပါ။
👉 သင့်အနေဖြင့် အမြဲတမ်း ကျွမ်းကျင်မှု အသစ်တွေကို လေ့လာသင်ယူမှုပြုပြီး အမြဲတမ်း မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားနေရမည်ဖြစ်သည်။
👉 သင်၏ကိုယ်ရည်ကိုယ်သွေးကို တိုးတက်အောင် ပြုလုပ်ခြင်းဖြင့် သင့်ဘ၀အောင်မြင်မှုအတွက် ကောင်းမွန်သော ဘ၀လမ်းကြောင်းကို ရရှိနိုင်မည်ဖြစ်သည်။
👉 ကိုယ်ရည်ကိုယ်သွေး ဆိုသည်မှာ သင်၏ အပြုအမူ၊ တွေးခေါ်သည့်ပုံစံသည် အများနှင့် မတူပဲ ထူးခြားမှု ရှိနေရန် လိုအပ်သည်။
👉 သင်၏ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရန်အတွက် သင့်အနေဖြင့် သင်၏ အပြုအမူကို ပိုမိုတိုးတက်လာနိုင်အောင် ကြိုးစားရမည်သာမက သင်၏ တွေးခေါ်စဉ်းစားပုံကိုလည်း တိုးတက်အောင် ကြိုးစားရမည် ဖြစ်သည်။
💎 အောက်တွင် ဖော်ပြထားသော အချက်များသည် သင်၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်ကောင်းမွန်အောင် ပြုပြင် လေ့လာသင့်သည့် အချက်များဖြစ်သည်။
(၁) အကောင်းဆုံး နားထောင်နိုင်သူ ဖြစ်အောင်ကြိုးစားပါ။
🔹️သင့်အနေဖြင့် အကောင်းဆုံး နားထောင်နိုင်ခြင်းသည် သင့်ပတ်ဝန်းကျင်တွင် သင့်အတွက် သင်ယူလေ့လာစရာအများကြီး တွေ့ရှိနိုင်မည်ဖြစ်သည်။
🔹️ လူတော်တော်များများသည် ကိုယ်တိုင်ပဲ ပြောချင်ကြသည်၊ သူများပြောတာကို နားထောင်ရသည်ကို အရမ်းအားနည်း ကြသည်။ ထို့ကြောင့် သင့်အနေဖြင့် ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် good listener တစ်ယောက်ဖြစ်အောင် ကြိုးစားရမည်ဖြစ်သည်။
🔹️သင့်အနေဖြင့် good listener တစ်ယောက်ဖြစ်လာလျှင် တစ်ဘက်သား ပြောသည့် စကားကို သေချာနားထောင်ပေးသဖြင့် တစ်ဖက်လူ၏ စိတ်ခံစားမှုကို သိလာနိုင်ပြီး သူအပေါ်တွင်လည်း ကိုယ်ချင်းစာနာ ပေးနိုင်ပြီး သင်၏ကိုယ်ရည်ကိုယ်သွေး ပိုမိုတိုးတက်လာမည်ဖြစ်သည်။
(၂) သင့်ရဲ့ စိတ်ဝင်စားမှုကို ပိုမိုချဲ့ထွင်ပါ။
🔹️သင့်အနေဖြင့် အမြဲတမ်း ပတ်ဝန်းကျင်အသစ်၊ မိတ်ဆွေအသစ်များဖြင့် စကားများများပြောပေးပါ။
🔹️တစ်နေရာ တည်းမှာပဲ နေခြင်းမဟုတ်ပဲ ကိုယ့်အတွက် အဆင်ပြေမည့် ပတ်ဝန်းကျင် အသစ်မှ မိတ်ဆွေအသစ်များဖြင့် ပြောဆို ဆက်ဆံခြင်းဖြင့် သင့်အတွက် အတွေ့အကြုံ အသစ်တွေ ထပ်မံရရှိလာပြီး မိမိကိုယ်ကို ပိုမို ယုံကြည်မှုရှိလာနိုင်မည် ဖြစ်သည်။
🔹️သင့်ဘ၀အတွက် အခွင့်အလမ်းသစ်များကို ပိုမိုရှာဖွေနိုင်ပြီး သင့်အတွက် ပုံမှန်ထက် ထူးခြားသည့် အတွေးအခေါ် အသစ်များကို ရရှိနိုင်မည်ဖြစ်သည်။
🔹️ထို့ကြောင့် သင်၏ စိတ်ဝင်စားမှုများကို ပိုမိုတိုးတက်လာနိုင်ရန်အတွက် စာများများဖတ်ခြင်းများ ပြုလုပ်သင့်ပါ သည်။ သို့မှသာ သင့်အနေဖြင့် မည်သူနှင့်မဆို ဆွေးနွေးပြောဆိုလာနိုင်ပြီး ကောင်းမွန်သည့် ကိုယ်ရည်ကိုယ်သွေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။
(၃) စကားပြောကောင်းသူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။
🔹️သင့်အနေဖြင့် စကားပြောကောင်းသူတစ်ယောက်ဖြစ်နိုင်ဖို့အတွက် လူအများနှင့် စကားများများပြောရမည် ဖြစ်သည်။ လူတွေနဲ့ များများစကားပြောခြင်းဖြင့် ကိုယ့်ကိုယ်ကိုလည်း ပိုမိုယုံကြည်မှုရှိလာပြီး လူအများနှင့် ပေါင်းသင်းဆက်ဆံတတ်သည့် ကိုယ်ရည်ကိုယ်သွေး တိုးတက်လာမည်ဖြစ်သည်။
🔹️ထို့အပြင် မိမိတွင်ရှိသော knowledge ကို မျှဝေပြီး တစ်ခြားတစ်ဦးတွင် ရှိသည့် knowledge များကိုလည်း learn လုပ်နိုင်မည်ဖြစ်သည်။
🔹️မည်သူနဲ့မဆို စကားပြောဆိုရဲပြီး သင့်အနေဖြင့် တဖြည်းဖြည်းစကားပြောကောင်းသူ တစ်ယောက် ဖြစ်လာနိုင်ပါသည်။
(၄) မိတ်ဆွေသစ်များဖြင့် မိတ်ဆွေဖွဲ့ပါ။
🔹️သင်၏ ကိုယ်ရည်ကိုယ်သွေးကို တိုးတက်ချင်လျှင် မိတ်ဆွေသစ်များဖြင့် မိတ်ဖွဲ့ပြီး မိမိ၏ network ကို ပိုပြီး ကြီးအောင်ပြုလုပ်ရမည်ဖြစ်သည်။
🔹️မိတ်ဆွေသစ်များဖြင့် မိတ်ဆွေဖွဲ့ခြင်းဖြင့် သင့်အနေဖြင့် လူအမျိုးမျိုးအကြောင်းကို ပိုမိုသိလာပြီး သူတို့၏ အတွေးအခေါ် အသစ်၊ အမြင်သစ်များကို သိလာပြီး သင်၏ကိုယ်ရည်ကိုယ်သွေးကို ပိုမိုတိုးတက် ကောင်းမွန် လာအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။
မဆွေဇင်
၂၄.၅.၂၀၁၉
#Swe_Zin_MHR
#Swe_Zin_Mhr
#MHR_Management_Institute
Comments
Post a Comment