Daily Use Habits

"နေ့စဉ်လူတိုင်းနဲ့ ဆက်ဆံရေးအဆင်ပြေချင်ရင် ပြုလုပ်သင့်တဲ့အချက်လေးများ......"


👍ဘဝတွင်ပျော်ရွှင်အောင်မြင်တဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်ဖို့အတွက်အောက်ပါအချက်များ ဖြင့်ဖြတ်သန်းကြည့်ရအောင်......

(၁) ကျွန်မတို့အနေဖြင့် နေ့တစ်နေ့ရဲ့ အစကိုအပြုံးဖြင့်စတင်ပါ။ ဟန်ဆောင်မှုမပါပဲ ရင်ထဲကလိုလားမှုအပြည့်ရှိတဲ့အပြုံးဖြင့် စတင်နိုင်အောင်ကြိုးစားပါ။



(၂) ကျွန်မတို့အနေဖြင့် အလုပ်လုပ်ရင် တစ်ယောက်နဲ့တစ်ယောက်ငြင်းခုံရတာတွေရှိနိုင်ပါတယ်။ အလုပ်အတွက်ကောင်းမွန်ပြီး အကျိုးရှိမယ့် ငြင်းခုံမှုမျိုးသာဖြစ်နိုင်အောင်ကြိုးစားပါ။


(၃) မိမိ၏ အယူအဆကိုလက်ခံစေချင်ရင် သင်အနေဖြင့်လည်း တစ်ဖက်လူ၏ အယူအဆကို အလေးပေးဂရုစိုက်ပါ။

(၄) ကျွန်မတို့အားလုံး အနေဖြင့်အလုပ်လုပ်သည့်အခါအမှားရှိတတ်ကြပါတယ်။ မိမိကြောင့်မှားသွားခဲ့ရင်လည်းအမှားကိုဝန်ခံပြီး အဲဒီအမှားကနေသင်ခန်းစာယူနိုင်အောင်ကြိုးစားပါ။ တခြားတစ်ဦးတစ်ယောက်၏ အမှားကိုထောက်ပြသည့်အခါတွင်လည်း ဝေဖန်အပြစ်တင်သည့်ပုံစံမျိုးမဟုတ်ပဲ ဆွေးနွေးတဲ့ပုံစံမျိုးဖြင့် တဘက်လူလက်ခံလာအောင်ပြောဆိုပါ။

(၅) စကားပြောသည့်အခါတွင်လည်း တဘက်လူအပေါ် ချိုချို သာသာ ဖြင့်ပြောဆို ဆက်ဆံပါ။

(၆) တဘက်လူစကားပြောလျှင် ကြားဖြတ်မပြောပဲ သူပြောသည်စကားကိုဆုံးအောင်နားထောင် ပြီးမှမိမိပြောချင်တာကိုပြောပါ။ မိမိပြောချင်တာပြောပြီး တဘက်လူပြောသည့်အခါ ဂရုတစိုက်နားမထောင်ပဲ လုပ်ချင်တာလုပ်နေသည့်ပုံစံမျိုး မပြုလုပ်သင့်ပါ။

(၇) မည်သည့်ကိစ္စမဆို ကိုယ့်အတွက်ပဲမကြည့်ပဲ ကိုယ်ချင်းစာ တတ်အောင် ကြိုးစားပါ။

(၈) တခြားလူရဲ့ အောင်မြင်မှုကိုလည်း လှိုက်လှဲစွာ ဂုဏ်ပြုပါ။ (ဝတ်ကျေတန်းကျေ မပြုလုပ်ပါနဲ့)

(၉) အလုပ်ပြီးမြောက်ရေးကို အထောက်အကူ ပြုပေးပြီး အကျိုးရှိစေမယ့် စကားမျိုးသာပြောဆိုပါ။

(၁၀) တစ်ဘက်​သား၏ အားနည်းချက်ကိုမပြောမီ သူ၏အားသားချက်များကို ဦးစွာဖော်ပြပါ။

(၁၁) သင်လုပ်စေချင်သော အလုပ်ကို တစ်ဘက်သားအား ခိုင်းသည့်အခါတွင်လည်း သူကိုယ်တိုင် လိုလိုလားလားလုပ်ချင်အောင် ပြောဆိုပါ။

(၁၂) အခြားသူများပေါ်တွင် အမြဲတမ်း စိတ်ရင်းအမှန်ဖြင့် ပြောဆိုဆက်ဆံပါ။

(၁၃) မိမိ နှင့်ပတ်သတ်တဲ့ မိတ်ဆွေတို့ ၏ နာမည်များကို မှတ်သားထားပါ။

(၁၄) လူတိုင်းကမိမိ အပေါ်ယုံကြည်လာအောင်၊ အထင်ကြီးလာအောင် အပြောမဟုတ်ပဲ အလုပ်နဲ့သက်သေပြပါ။

(၁၅) မိမိ ထက်ကြီးသူဖြစ်စေ ငယ်သူဖြစ်စေ လေးစားမှုဖြင့်ဆက်ဆံပါ။

(၁၆) မည်သည့်ကိစ္စမဆို ကိုယ်ဘက်ကပဲ မကြည့်ပဲ တခြားလူဘက်ကနေလည်း ကြည့်ပေးပါ။

(၁၇) မိမိ ကိုယ်ကို အမြဲတမ်းနှိမ့်ချစွာ ပြောဆိုဆက်ဆံပါ။

(၁၈) စကားပြောသည်အခါတွင်လည်း စဉ်းစားချင့်ချိန်ပြောဆိုပါ။ မိမိ ပြောသည့်စကားအပေါ်တွင်လည်း တာဝန် ယူတဲ့စိတ်အပြည့်ရှိပါ။

(၁၉) လူတိုင်းအပေါ် ရိုးသားစွာဆက်ဆံပါ။ မိမိအလုပ်အပေါ်သစ္စာရှိပါ။ မိမိ၏ကြိုးစားမူကြောင့်ရရှိထားတဲ့ အလုပ်အပေါ်တန်ဖိုးထားပါ။

(၂၀) မိမိအပေါ် ယုံကြည်လို့ပေးအပ်ထားတဲ့ ရာထူးနဲ့လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားမလုပ်မိဖို့သတိထားပါ။



👍ကျွန်မတို့အားလုံး အထက်ပါအချက်ကလေးတွေအတိုင်းကြိုးစားနေထိုင်ပြီးနေ့စဉ်ဘဝတွေကိုအကောင်းဆုံးဖြတ်သန်းနိုင် စေရန်ရည်ရွယ်ပြီးမျှဝေလိုက်ပါတယ်ရှင်။


မဆွေဇင်

၂၇.၉.၂၀၁၉

#Swe_Zin_MHR

#Swe_Zin

#MHR_Management_Institute




28 Sep 2019

Comments

Popular posts from this blog

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၂)

"မိမိဧ။်လုပ်ငန်းခွင်တွင် သင်ဧ။် စွမ်းဆောင်ရည် တိုးတက်လာစေရန် ပြုလုပ်သင့်သည့် အဆင့် (၄)ဆင့်"