ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့- နောက်ဆုံးအပိုင်း
"ဆယ်ကျော်သက်တို့မိဘများ သိထားသင့်တဲ့အချက် (၇) ချက်" (နောက်ဆုံးအပိုင်း)
(၇) "ဆယ်ကျော်သက်များကပေးလာတဲ့ အခွင့်အရေးကိုသာ ယူပါ"
❤ ကိုယ့်သားသမီးဆီက သတင်းအချက်အလက်အားလုံးကို သူတို့ရဲ့ဆယ်ကျော်သက်ဘဝမှာ သင်ရရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူတို့ပေးသိချင်တဲ့ ကိစ္စရပ်တွေ သတင်းအချက်အလက်တွေကိုတော့ ကိုယ့်အတွက်ကြီးမားတဲ့ လက်ဆောင်တစ်ခုအနေနဲ့ သဘောထားပြီး လက်ခံသင့်ပါတယ်လို့ ပြောထားပါတယ်။
❤ အခုအချိန်မှာအရွယ်ရောက်ပြီးသား သမီးတစ်ယောက်ရဲ့မိခင်ဖြစ်သူက သူမရဲ့သမီး ၁၆နှစ်အရွယ်တုန်းက ကျောင်းကနေ အိမ်ကို စိတ်ပျက်လက်ပျက်နဲ့ပြန်လာခဲ့တဲ့အကြောင်းကို ပြန်ပြောင်းအောင်းမေ့နေပါတယ်။ အဲဒီအချိန်က သမီးဖြစ်သူက ကျောင်းကနေအိမ်ပြန်ရောက်တော့ တရှုံ့ ရှုံ့နဲ့ငိုနေပါတယ်။ ဘာဖြစ်ခဲ့လဲဆိုတာလည်းမပြောပါဘူး။ အဲဒါနဲ့မိခင်က ဆိုဖာထိုင်ခုံပေါ်မှာ သူမရဲ့ဘေးနားဝင်ထိုင်ပြီးသူမလက်လေးကိုပဲကိုင်ထားပေးလိုက်ပါတယ်။ သူမငိုပြီးတဲ့အခါမှာတော့ သူမမိခင်ကို တစ်ချက်ကြည့်ပြီး ကျေးဇူးတင်ပါတယ် အမေလို့ပြောပြီး သူမအခန်းထဲဝင်သွားခဲ့ပါတယ်။
❤ မိခင်ဖြစ်သူဟာ သူမသမီး ဘာဖြစ်ခဲ့လည်းဆိုတာကို ဒီနေ့အထိမသိခဲ့ပါဘူး။ မေးလည်းမမေးခဲ့ဘူး။ သိအောင်လည်းမကြိုးစားခဲ့ဘူး။ သူမကဘာပြောလဲဆိုတော့ " ကျွန်မသတိထားမိခဲ့ပါတယ်။ အဲဒီနေ့က သမီးလိုအပ်ခဲ့တာ သူမကို မေးခွန်းမေးဖို့မဟုတ်ဘူး။ သူမ သက်သောင့်သက်သာဖြစ်သွားဖို့ပဲ လိုအပ်ခဲ့တာပါ။ သမီးဖြစ်သူက သူမကိုဘေးကနေလက်ကိုကိုင်ထားပြီး သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးလို့ရတဲ့အခွင့်အရေး မိခင်ကိုပေးခဲ့ပါတယ်။
❤ နှစ်တွေ အတော်ကြာညောင်းခဲ့ပြီး တစ်ရက်မှာ သားအမိနှစ်ယောက် အဲဒီနေ့ကကိစ္စနဲ့ပတ်သက်ပြီး စကားတွေပြန်ပြောဖြစ်ကြတယ်။ သမီးဖြစ်သူဟာအဲဒီတုန်းကဘာ့ကြောင့် သူစိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရလဲဆိုတဲ့အကြောင်းအရင်းကို မှတ်တောင်မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ သူမှတ်မိတာက သူမ မိခင်ဟာသူမအတွက်ရှိနေပေးခဲ့တယ် ဆိုတာကိုပါပဲ။ အဲဒီအခါမှာမိခင်ဖြစ်သူက သမီးကိုပြောလိုက်ပါတယ်၊ "အဲဒီအချက်ကသာ အရေးအကြီးဆုံးပဲလေ"
👉 ကျွမ်းကျင်သူပညာရှင်များ လက်ခံထားတဲ့အချက်က တော့ ဆယ်ကျော်သက်တွေကို မိဘအနေနဲ့ အုပ်ထိန်းစောင့်ရှောက်ရတဲ့ လုပ်ငန်းစဉ်ဟာ ဆွေးနွေးညှိနှိုင်းမှုရှိခြင်း (Negotiation) နဲ့ မိဘနဲ့သားသမီးတို့ရဲ့ ဆက်ဆံရေးပုံစံကို ပြန်လည်သုံးသပ်သတ်မှတ် (Redefining) နေရတာပါ။ ပွင့်လင်းတဲ့ဆက်ဆံရေး "open communication" ဟာ အဓိကအကျဆုံးနဲ့ အရေးအကြီးဆုံးဖြစ်ပါတယ်။
👉 ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့ ဆယ်ကျော်သက်ကာလတွေမှာ တစ်ကယ်လိုအပ်တာက သူတို့အကူအညီ လိုအပ်တဲ့အချိန် သူတို့အချိန်မရွေးချဉ်းကပ်နိုင်တဲ့၊ သူတို့ကိုလမ်းညွှန်မှုပေးနိုင်တဲ့၊ ရင့်ကျက်ပြီး ဉာဏ်ပညာပြည့်ဝတဲ့သူကို လိုအပ်တာပါ။ အကယ်၍များသင်က အဲဒီသူရဲ့အခန်းကဏ္ဍကို ဖြည့်ဆည်းနိုင်တယ်ဆိုရင် သင့်မှာထူးခြားပြီးအရင်က မရခဲ့ဖူးတဲ့ စိတ်ကျေနပ်မှုမျိုး ရရှိခံစားရမှာပါ။
👉 စိတ်ပညာရှင်တစ်ဦးဖြစ်သူ Ellis ကဘာပြောလဲဆိုတော့ "ဆယ်ကျော်သက်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့် လေ့လာနေရခြင်း၊ သူတို့ဘယ်လိုလူတွေဖြစ်လာကြမလဲ ဆိုတာလေ့လာကြည့်ရှုနေရခြင်းနဲ့ သူတို့ပြဿနာတွေကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာကို စောင့်ကြည့်နေရခြင်းတို့ဟာ မိဘဖြစ်ရခြင်း၊ သားသမီးကိုထိန်းသိမ်းစောင့်ရှောက်ခြင်း (Parenting) ကိစ္စရပ်တွေမှာ တန်ဖိုးရှိလှတဲ့ ဆုလာဘ် တစ်ခုပါပဲလို့ ဆိုခဲ့ပါတယ်။
👉 ကျွန်မတို့လို မိဘများအနေဖြင့် မိမိ၏ အောင်မြင်မှုထက် သား၊သမီးများ၏ အောင်မြင်မှုကိုအကောင်းဆုံး ပြုစုပျိုးထောင်ပေးနိုင်ရမည်ဖြစ်သည်။ မိမိသည် ဘယ်လောက်ပင်အောင်မြင်သူဖြစ်နေပါစေ မိမိမွေးထုတ်လိုက်သော သား၊သမီးက ဆိုးသွမ်းပြီး လမ်းမှားရောက်နေမယ်ဆိုလျှင် သင်သည်မိဘကောင်းတစ်ယောက်မဖြစ်တဲ့အတွက် သင်၏အောင်မြင်မူများကိုဆက်ထိန်းနိုင်မည့် မျိုးဆက်ကို မပြုစုနိုင်သည်အတွက် သင်အောင်မြင်မူများသည်အချိန်တစ်ခုကိုရောက်လျှင် ပျက်ပြယ်သွားနိုင်ပါသည်။
👉 ထို့ကြောင့်ကျွန်မတို့အနေဖြင့် မိဘဖြစ်လာပြီးဆိုလျှင် မိမိ၏အောင်မြင်မူထက်သား၊သမီးများ၏ အောင်မြင်မူကိုသာပို၍ ဦးစားပေးရမည်ဖြစ်သည်။ သို့မှသာလျှင် နောက်တစ်ချိန်တွင် မိမိနေရာကို လွှဲပေးနိုင်မည့် သားကောင်း၊သမီးကောင်းများကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။
👉 ကျွန်မတို့အားလုံးသည်လည်း တစ်ချိန်က ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်မတို့မိဘများ၏ အကောင်းဆုံးသွန်သင်ဆုံးမမူကြောင့်သာလျှင် ကျွန်မတို့အနေဖြင့်အခုလိုအေးချမ်းတဲ့ဘဝတစ်ခုကိုရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါတယ်၊ ကျွန်မတို့ကလည်းဆက်လက်ပြီး ကျွန်မတို့၏မျိုးဆက်သစ်အတွက် အကောင်းဆုံးလမ်းညွှန်မူများ ပေးနိုင်ရန်ရည်ရွယ်ပြီး ဤဆောင်းပါးလေးကိုမျှဝေပေးခဲ့ခြင်းဖြစ်ပါတယ်။
👉 မိသားစုအားလုံးအေးချမ်းပျော်ရွှင်ပြီး ထူးချွန်အောင်မြင်သော သား၊သမီးများစွာကို မွေးထုတ်နိုင်ပြီး အောင်မြင်သောဘဝများစွာကိုပိုင်ဆိုင်နိုင်ကြပါစေလိုဆုတောင်းပေးပါတယ်။ ကျွန်မ၏ "ဆယ်ကျော်သက်မိဘများ သိထားသင့်သည် အချက်(၇)ချက်" ဆောင်းပါးကို တောက်လျှောက်ဖတ်ပေးသူအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
Crd : Saw Than Htut Lynn
မဆွေဇင်
၂၆.၇.၂၀၁၉
#Swe_Zin_MHR
#Swe_Zin
#MHR_Management_Institute
Comments
Post a Comment