ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၃)

"ဆယ်ကျော်သက်တို့မိဘများ သိထားသင့်တဲ့အချက် (၇) ချက်" (အပိုင်း-၃)


(၃) "တိုင်ပင်ဆွေးနွေးသူ အတိုင်ပင်ခံလို ဆက်ဆံပေးပါ၊ မန်နေဂျာလိုမဆက်ဆံပါနဲ့"


♥️ Michael Riera ရဲ့နောက်ထပ်အဆိုအရ ဆယ်ကျော်သက်တွေဟာ မိဘတွေက သူတို့ကိုအကြံဉာဏ် ဆုံးဖြတ်ချက်တွေပေးရင် ကောင်းတဲ့အကြံဉာဏ်တြွေဖစ်နေရင်တောင်မှ ပြန်ကန် (လက်မခံ) တတ်ပါတယ်တဲ့။ သူတို့အတွက် မန်နေဂျာပုံစံလူမျိုးတွေမလိုအပ်ပါဘူး။ သူတို့အတွက်၊ သူတို့ကြုံတွေ့နေတဲ့ကိစ္စရပ်တွေအတွက် အကြံပေးနိုင်တဲ့၊ ရင်းနှီးတဲ့မဟာမိတ်ဆက်ဆံရေးရှိတဲ့ လူတွေသာ လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်း အတိုင်ပင်ခံတစ်ယောက်ရဲ့ လုပ်ဆောင်မှုကို စဉ်းစားကြည့်ပါ။ ကိစ္စတစ်ခုကို ချက်ချင်းဝင်ရောက်စွက်ဖက်ပြီး ပြောင်းလဲရမယ်လို့ ပြောမယ့်အစား သူကသေချာဂရုတစိုက် အချိန်ပေးနားထောင်ပြီးမှ ခင်ဗျားရဲ့ ဆုံးဖြတ်မှု၊ ရွေးချယ်မှုတွေကို ကျိုးကြောင်းဆီလျော်စွာနဲ့ ဦးစားပေးသင့်တာကို ဦးစားပေးဖို့ ရှင်းလင်းပြောပြတယ် မဟုတ်လား။

♥️"ကိုယ့်သားသမီးဆယ်ကျော်သက်ဟာ အမှားလုပ်ထားမိတဲ့အခြေအနေမျိုးမှာ ချက်ချင်းဝင်ရောက်စွက်ဖက်ပြီး အကြံဉာဏ်ဝင်ပေးတာဟာ ရှောင်ရှားဖို့လိုအပ်တဲ့ အရေးကြီးတဲ့အချက်တစ်ခုပါ" လို့ စိတ်ပညာရှင် Elizabeth Ellis ကပြောပါတယ်။ သူဟာ "Raising a Responsible Child" ဆိုတဲ့စာအုပ်ကိုရေးသားခဲ့သူပါ။ သူကထပ်ပြီး "အဲဒီလိုတွေလုပ်မယ့်အစား သူတို့ကို ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေ၊ အမှားတွေအပေါ်မှာပြန်သုံးသပ်စဉ်းစားဖို့ ကူညီပေးတာမျိုးကို လုပ်ပေးဖို့လိုအပ်ပါတယ်။ ဆယ်ကျော်သက်တွေဟာသူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ ဖြေရှင်းခွင့်ရတဲ့အခြေအနေမျိုးအတွက် သင့်ကိုအထင်ကြီးလေးစား ကျေးဇူးတင်နိုင်ပါတယ်"လို့ဆိုပါတယ်။ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုခု၊ ဥပမာအားဖြင့်ကျောင်းမှာသူတို့မနှစ်သက်တဲ့ သူငယ်ချင်းအုပ်စုထဲကနေ ခွာထွက်ချင်တဲ့အခါမျိုးမှာ မိဘတွေရဲ့ ထောက်ပံ့ကူညီအားပေးမှုကို လိုချင်သလိုမျိုးပေါ့။ အဲဒီလိုအချိန်မှာ မိဘကအားပေးကူညီခဲ့ရင် သူတို့အတွက် ဆယ်ကျော်သက်အရွယ် (ပုန်ကန်လေ့ရှိတဲ့အရွယ်) ဖြစ်နေရင်တောင်မှ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်မှာပါ။

(၄) "ဆယ်ကျော်သက်တွေရှေ့မှာ မိဘနှစ်ပါး ညီညွတ်ကြောင်းပြပါ"


♥️ ပုံမှန်အားဖြင့်ဆယ်ကျော်သက်ဘဝမှာ သားသမီးအများစုဟာ တစ်ကြိမ်တစ်ခါတော့ မိဘနှစ်ပါးကြားမှာ လှည့်စားတတ်ကြပါတယ်။ ဥပမာ- အမေကမသွားခိုင်းပေမယ့် သွားဖို့အဖေ့ကိုခွင့်တောင်းပြီးသား၊အဖေကလည်းခွင့်ပြုပြီးသား အစရှိတဲ့ပုံစံမျိုးနဲ့ မိဘတွေကိုထိပ်တိုက်တွေ့စေတဲ့ အခြေအနေမျိုးပေါ့။ မိဘနှစ်ပါးက ကိစ္စရပ်တစ်ခုခု အပေါ်မှာ အငြင်းပွားမှု၊သို့မဟုတ် ရန်ဖြစ်တာမျိုးကို သူတို့တွေ့မြင်ရတယ်ဆိုရင် ဒီလိုမိဘနှစ်ပါးအကြားမှာ သူတို့ကစားဖို့ ပိုပြီးလွယ်ကူလေ့ရှိပါတယ်။ ဒါ့ကြောင်း အရိုးရှင်းဆုံးနည်းလမ်းကတော့ ကလေးတွေရှေ့မှာမိဘနှစ်ပါး အငြင်းမပွား၊ ရန်မဖြစ်ဖို့ပါပဲ။ ဒါဟာအပြောလွယ်ပေမယ့် ခက်ခဲနိုင်ပါတယ်။ တစ်ခါတလေ သူတို့မမြင်ပေမယ့် ကြားနေရနိုင်တာမျိုးလည်းရှိတတ်ပါတယ်။ အဲဒီလိုကြုံခဲ့ရင်လည်း ကလေးအရှေ့မှာ ရန်ပြေငြိမ်းပြီး တစ်ယောက်နဲ့တစ်ယောက် အချက်ပြပြီး ငြင်းခုံမှု အဆုံးသတ်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီဖို့ ပြန်လည်တည်ဆောက်နိုင်ပါတယ်။

♥️ ပုံမှန်အားဖြင့်တော့ သားသမီးကို အုပ်ထိန်းဖို့မိဘနှစ်ပါးမှာ တာဝန်အညီအမျှရှိပေမယ့် တစ်ကယ်လို့ အုပ်ထိန်းသူတစ်ဦးဦးက မိခင်၊ ဖခင် အရင်းမဟုတ်ဘဲ နောက်အိမ်ထောင်ဖြစ်နေခဲ့ရင်လည်း ဒီအချက်ကိုလိုက်နာနိုင်ပါတယ်။  ဒီ example လေးကိုလေ့လာကြည့်ရင်ပိုပြီး သိသာမယ်ထင်ပါတယ်။

John နဲ့ Cyndi ဆိုတဲ့ စုံတွဲမှာ John ရဲ့ ရှေ့အိမ်ထောင်က ပါလာတဲ့ Gerry ဆိုတဲ့ ဆယ်ကျော်သက် ၁၆ နှစ်အရွယ်သားကို အတူတကွအုပ်ထိန်းဖို့ တာဝန်ခွဲယူထားကြပါတယ်။ Gerry ရဲ့ ကျောင်းအားကစားပွဲတိုင်းကို မိထွေးဖြစ်သူ Cyndi ကလိုက်ပါအားပေးလေ့ရှိပါတယ်။ Cyndi က Gerry နဲ့ပတ်သက်ပြီးဆိုဆုံးမမှုတွေမှာ အပြောအဆိုမှားခဲ့ရင် အမေအရင်းမဟုတ်တဲ့အတွက် ပြဿနာဖြစ်မှာကို အမြဲစိုးရိမ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမက Gerry ကိုအုပ်ထိန်းမှုပေးရမယ့်တာဝန်ကို ယူခဲ့ပါတယ်။

တစ်ရက်မှာတော့သူတို့မိသားစုက Gerry တစ်ယောက် ကျောင်းရန်ပွဲမှာ ပါဝင်ခဲ့မိလို့ ကျောင်းကခေတ္တအနားပေးထားခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အခြေအတင်ဖြစ်ကြတယ်။ Gerry တစ်ယောက် အိမ်ထဲကနေအပြင်ထွက်သွားလို့ Cyndi ကအိမ်ထဲပြန်ဝင်ပြီး အေးအေးဆေးဆေး ဆွေးနွေးဖို့ပြန်ခေါ်တယ်။ ဒါပေမဲ့ Gerry ကအော်ဟစ်ပြီး "ခင်ဗျားနဲ့ ဘာမှပြောစရာမလိုဘူး၊ ခင်ဗျားက အမေအရင်းမဟုတ်ဘူးလို့" လို့ပြောလိုက်ပေမယ့် Cyndi ပြန်တုံ့ပြန်လိုက်ပုံက "မဟုတ်ဘူး၊ ငါမင်းအမေအရင်း မဟုတ်ပါဘူး၊ ဒါပေမဲ့မင်းကိုငါ ဂရုစိုက်ပါတယ်၊ ငါမင်းကို စောင့်ရှောက်ပါတယ်၊ ဘယ်နည်းနဲ့မြှပဿနာတွေထဲ မင်းကျရောက်နေတာ ငါလက်ခံမှာမဟုတ်ဘူး။ မင်းကျရှုံးသွားရမယ့်အခြေအနေမျိုး ငါဘယ်တော့မှအရောက်မခံနိုင်ဘူး" လို့ပြန်ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Gerry တစ်ယောက်ချက်ချင်းငြိမ်သက်သွားပြီး သူတို့မိသားစုသုံးယောက်ဟာ အတူတကွအေးအေးဆေးဆေးနဲ့ ဆွေနွေးတိုင်ပင်ကြပါတော့တယ်။

အပေါ်တွင်ပြောပြထားတဲ့ example လေးအတိုင်းပါပဲ ဆယ်ကျော်သက်တွေ့ဟာ သူတို့စိတ်တိုပြီးအော်ဟစ်နေချိန်တွင် မိဘများအနေနဲ့သူတို့နဲ့အပြိုင် စိတ်တိုနေလို့မရဘဲ သူတို့ကိုချော့ပြီး သူတို့ နစ်နာဆုံးရှံး မှကိုမလိုလားကြောင့်ကို အေးဆေးစွာ ပြောပြီးသူတို့ကို နားချရမည်ဖြစ်ပါသည်။



(နောက်အပတ် တွေမှာလည်းကျန် အချက်များကိုဆက်လက်တင်ပြသွားပါ့မယ်ရှင်)
Crd : Saw Than Htut Lynn
မဆွေဇင်
၁၂.၇.၂၀၁၉
#Swe_Zin_MHR
#Swe_Zin_Mhr
#MHR_Management_Institute

Comments

Popular posts from this blog

Daily Use Habits

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၂)

"မိမိဧ။်လုပ်ငန်းခွင်တွင် သင်ဧ။် စွမ်းဆောင်ရည် တိုးတက်လာစေရန် ပြုလုပ်သင့်သည့် အဆင့် (၄)ဆင့်"