Differences & Similarities in Personal & Pro ethic

"တူညီမှုရှိသလိုနှင့် ကွဲပြားမှုရှိသော ကိုယ်ပိုင်ကျင့်ဝတ်နှင့် Professional ကျင့်ဝတ်"

✒ တူညီမှုရှိသလိုနှင့် ကွဲပြားခြားနားမှုရှိသော ကိုယ်ပိုင်ကျင့်ဝတ်နှင့် Professional ကျင့်ဝတ်များကို အလုပ်လုပ်သည့်အခါတွင် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။

✒ ကိုယ်ပိုင်ကျင့်ဝတ်ဆိုသည်မှာ မိမိပြုလုပ်သည့် မည်သည့်ကိစ္စမဆို ကိုယ်ပိုင်အသိတရား၊ အသိစိတ်ဓာတ်ဖြင့် ပြုလုပ်ခြင်းကို ဆိုလိုပါသည်။

✒ Professional ကျင့်ဝတ်ဆိုသည်မှာ လုပ်ငန်းက ချမှတ်ထားသော စံသတ်မှတ်ချက်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်းကို ဆိုလိုပါသည်။


#ကိုယ်ပိုင်ကျင့်ဝတ် ( အသိတရား၊ အသိစိတ်ဓာတ်)


🏷 မိမိ၏ နေ့စဉ်ပြုမူ လုပ်ကိုင်ပြောဆိုသည့်အခါတွင် ကိုယ်ပိုင် ကိုယ်ကျင့်တရားနှင့်အညီ လုပ်ကိုင်ပြောဆို နေထိုင်ခြင်းကို ဆိုလိုပါသည်။

🏷 ကိုယ်ပိုင် ကိုယ်ကျင့်တရားဆိုသည်မှာ အများအပေါ်တွင် ရိုးသားမှုရြှိခင်း၊ တာဝန်ခံယူလိုစိတ် အပြည့်အဝရြှိခင်း၊ သစ္စာရြှိခင်း၊ အများအပေါ်တွင်လည်း မျှတမှုအပြည့်ဖြင့် ကြင်နာစွာဆက်ဆံခြင်းကို ဆိုလိုပါသည်။

🏷 သင့်အနေဖြင့် ကိုယ်ပိုင်ကျင့်ဝတ်ကောင်းအောင် ကြိုးစားမည်ဆိုလျှင် အောက်ပါအချက်များကို လိုက်နာကျင့်သုံးရမည် ဖြစ်ပါသည်။

၁။ စကားပြောသည့်အခါတွင် လိမ်ညာလှည့်ဖျားမှုမပါဘဲ အမှန်အတိုင်း အမြဲပြောဆိုတတ်ရမည်။

၂။ ကိုယ့်ထက်ကြီးသောသူအပေါ် လေးစားမှုရှိပြီး ငယ်သောသူအပေါ်ကိုလည်းညှာတာထောက်ထားမူရှိရမည်။

၃။ ရည်ရွယ်ပြီးပဲဖြစ်ဖြစ် မရည်ရွယ်ဘဲဖြစ်ဖြစ် မိမိကြောင့် တစ်ပါးသူကို ထိခိုက်မှုမရှိအောင် ပြုမူရမည်ဖြစ်သည်။

၄။ လူတိုင်းကိုပေါင်းသင်း၊ပြောဆို၊ဆက်ဆံသည့်အခါ စာနာစိတ်၊ ကြင်နာစိတ်အပြည့်အဝဖြင့် ဆက်ဆံပြောဆိုရမည်ဖြစ်သည်။

#Professional ကျင့်ဝတ်


🏷 ကိုယ်ပိုင်ကျင့်ဝတ်သည် တစ်ဦးချင်း၏ ယုံကြည်ချက်ပေါ် မူတည်ပြီး သတ်မှတ်ထားသော်လည်း Professional ကျင့်ဝတ်သည် မိမိလုပ်သည့်အလုပ်က သတ်မှတ်ထားသော လုပ်ငန်းခွင် သတ်မှတ်ချက်များကို မဖြစ်မနေ လိုက်နာရမည့် တစ်ဦးချင်းစီ၏ ကတိကဝတ်ဖြစ်သည်။

🏷 Professional ကျင့်ဝတ်တွင် လိုက်နာရမည့် အချက်များ ...

၁။ အလုပ်ကို အချိန်တိတိကျကျ ရောက်ရှိရမည်။

၂။ အလုပ်နှင့်ပတ်သက်သည့်ကိစ္စများ ဆောင်ရွက်သည့်အခါ သေချာစီမံပြီး ကြိုတင်ပြင်ဆင် လုပ်ကိုင်ရမည်။ အချိန်နီးမှကပ်ပြီးလုပ်သည့် အကျင့်များကို ရှောင်ရှားရမည်ဖြစ်သည်။

၃။ အလုပ်တွင် လုပ်ဖော်ကိုင်ဖက်များအကြောင်း အတင်းပြောခြင်း၊ စကားများနေခြင်း၊ အလုပ်နှင့်မဆိုင်သည့် ကိစ္စများကို အလုပ်ချိန်တွင် ပြောဆိုခြင်း၊ ဖုန်းပြောနေခြင်း၊ social media သုံးခြင်းမျိုးကို ရှောင်ရှားရမည်ဖြစ်သည်။

၄။ မိမိအဖွဲ့အစည်းနှင့်ပတ်သက်သည့် လျှို့ဝှက်ချက်များ၊ မိမိရာထူးအရ သိသင့်သိထိုက်သည့် အဖွဲ့အစည်းနှင့်ပတ်သက်သည့် အချက်အလက်များကို ထိန်းသိမ်းထားရမည်ဖြစ်သည်။ ဥပမာ - မိမိက HR မန်နေဂျာဆိုလျှင် သင့်အနေဖြင့် ဝန်ထမ်းအားလုံး၏ လစာကို သိသော်လည်း လျှို့ဝှက်ထားရမည် ဖြစ်သည်။

✒ ကိုယ်ပိုင်ကျင့်ဝတ်သည် တစ်ဦးတစ်ယောက်ချင်းစီ၏ အပြုအမူ ခံယူချက် တန်ဖိုးထားမှုပေါ်မူတည်ပြီး ကိုယ့်ဘဝအတွက် အကောင်းဆုံးကျင့်ဝတ်များကို သတ်မှတ်ကြသည်။

✒ ဥပမာအားဖြင့်ပြောရလျှင် လူတစ်ဦးတစ်ယောက်ချင်းစီအလိုက် မိမိတို့ဘဝ၏ တန်ဖိုးထားမှုမတူလျှင် သတ်မှတ်ထားသော ကိုယ်ပိုင်စံနှုန်းလည်းတူညီနိုင်မည်မဟုတ်ပါ။ တချို့က ငွေကိုတန်ဖိုးထားတယ်၊ တချို့က အကျင့်သိက္ခာကို တန်ဖိုးထားတယ်၊ တချို့က မိသားစုကို တန်ဖိုးထားကြတယ် စသဖြင့် တန်ဖိုးထားမှုမတူလျှင် ကိုယ်ပိုင်ကျင့်ဝတ်လည်း တူညီနိုင်မည်မဟုတ်ပါ။

✒ ထို့ကြောင့် လူတစ်ဦးတစ်ယောက်ချင်းစီအတွက် ကိုယ်ပိုင်ကျင့်ဝတ်ကို စဉ်းစားသည့်အခါတွင် မိမိ၏ဆုံးဖြတ်ချက်ပေါ်တွင်မူတည်ပေသည်။

✒ Professional ကျင့်ဝတ်သည် မိမိအလုပ်တွင် အောင်မြင်နိုင်သူတစ်ဦးဖြစ်ရန် ချမှတ်ထားသော အလုပ်နှင့်ပတ်သက်သည့် ကျင့်ဝတ်များကို အလေးအနက်ထားပြီး မဖြစ်မနေ လိုက်နာရမည်ဖြစ်သည်။

✒ ထို့ကြောင့်ကိုယ်ပိုင်ကျင့်ဝတ်သည် လူပေါ်တွင်မူတည်ပြီး Professional ကျင့်ဝတ်သည် မိမိဘဝအတွက် လိုအပ်သောအလုပ်တစ်ခုကို အောင်မြင်အောင် လုပ်နိုင်ရန် မဖြစ်မနေပြုလုပ်ရမည့် သတ်မှတ်ချက်ဖြစ်ပါသည်။

✒ ကျွန်မအနေဖြင့် လူတိုင်းဘဝတွင်အောင်မြင်မှုရရှိနိုင်ရန်အတွက် တူညီမှုရှိသလိုလိုနှင့် ကွဲပြားမှုရှိသော ကိုယ်ပိုင်ကျင့်ဝတ်နှင့် Professional ကျင့်ဝတ်ကို ကွဲပြားစွာသိရှိနိုင်ပြီး မိမိဘဝအတွက်လိုအပ်သော ကျင့်ဝတ်များကို အကောင်းဆုံးသတ်မှတ်နိုင်ရန် ရည်ရွယ်ပြီး မျှဝေပေးလိုက်ရပါတယ်ရှင် ...။

မဆွေဇင်
၁၃.၉.၂၀၁၉
#Swe_Zin_MHR
#Swe_Zin
#MHR_Management_Institute

Comments

Popular posts from this blog

Daily Use Habits

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၂)

"မိမိဧ။်လုပ်ငန်းခွင်တွင် သင်ဧ။် စွမ်းဆောင်ရည် တိုးတက်လာစေရန် ပြုလုပ်သင့်သည့် အဆင့် (၄)ဆင့်"