ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၂)
"ဆယ်ကျော်သက်တို့မိဘများ သိထားသင့်တဲ့အချက် (၇) ချက်" (အပိုင်း-၂) (၁) "နားထောင်တတ်တဲ့ အလေ့အကျင့်၊ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ" ❤ "တစ်နေရာတည်းမှာပဲ ငြိမ်ငြိမ်လေးထိုင်ပြီး စကားတွေပြောဆို ဆွေးနွေးနေဖို့ဆိုတာ ဆယ်ကျော်သက်တို့ရဲ့သဘာဝမဟုတ်ပါဘူး" လို့ New York မြို့ Columbia -Presbyterian Medical Center က Behavioral and Developmental pediatrician တစ်ဦးဖြစ်တဲ့ Dr. Candace Erickson ကဆိုပါတယ်။ ဆိုလိုချင်တာက သိချင်တာ၊ ပြောချင်တာရှိရင် လူကြီးတွေလို အစည်းအဝေးတစ်ခုပုံစံမျိုး မလုပ်သင့်ဘူးလို့ ဆိုတာမျိုးပါ။ အဲဒီတော့ နေရာမရွေး၊ အချိန်မရွေး သူတို့နဲ့ ပြောဆိုဆက်ဆံနိုင်ဖို့ မိမိတို့မိသားစုမှာ အလေ့အထတစ်ခု၊ ပတ်ဝန်းကျင်တစ်ခု ဖန်တီးထားနိုင်ဖို့လိုပါတယ်။ သူတို့ပြောဆိုချင်တဲ့အခါ အချိန်မရွေးနားထောင်ပေးနိုင်တဲ့၊ သူတို့ကြုံတွေ့နေရတဲ့ အကြောင်းအရာတွေ၊ အခက်အခဲတွေကို ပေါ့ပေါ့ပါးပါးနဲ့ ပြောနိုင်ဆိုနိုင်တဲ့ အခြေအနေဝန်းကျင်တစ်ရပ် ဖန်တီးထားပေးပါ။ အဲဒါဆိုရင်သူတို့အရေးတကြီးကိစ္စကြုံတွေ့ပြီး ရင်ဖွင့်စရာ၊ ပြောစရာရှိလာတဲ့အခါ၊ မိဘတွေဆီကို သာမန်အလေ့အထတစ်ခုလိုပဲ ပေါ့ပေါ့ပါးပါး၊ တွန့်ဆုတ်မှုနည်းပါးစ...