Posts

Showing posts from May, 2020

Daily Use Habits

Image
"နေ့စဉ်လူတိုင်းနဲ့ ဆက်ဆံရေးအဆင်ပြေချင်ရင် ပြုလုပ်သင့်တဲ့အချက်လေးများ......" 👍ဘဝတွင်ပျော်ရွှင်အောင်မြင်တဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်ဖို့အတွက်အောက်ပါအချက်များ ဖြင့်ဖြတ်သန်းကြည့်ရအောင်...... (၁) ကျွန်မတို့အနေဖြင့် နေ့တစ်နေ့ရဲ့ အစကိုအပြုံးဖြင့်စတင်ပါ။ ဟန်ဆောင်မှုမပါပဲ ရင်ထဲကလိုလားမှုအပြည့်ရှိတဲ့အပြုံးဖြင့် စတင်နိုင်အောင်ကြိုးစားပါ။ (၂) ကျွန်မတို့အနေဖြင့် အလုပ်လုပ်ရင် တစ်ယောက်နဲ့တစ်ယောက်ငြင်းခုံရတာတွေရှိနိုင်ပါတယ်။ အလုပ်အတွက်ကောင်းမွန်ပြီး အကျိုးရှိမယ့် ငြင်းခုံမှုမျိုးသာဖြစ်နိုင်အောင်ကြိုးစားပါ။ (၃) မိမိ၏ အယူအဆကိုလက်ခံစေချင်ရင် သင်အနေဖြင့်လည်း တစ်ဖက်လူ၏ အယူအဆကို အလေးပေးဂရုစိုက်ပါ။ (၄) ကျွန်မတို့အားလုံး အနေဖြင့်အလုပ်လုပ်သည့်အခါအမှားရှိတတ်ကြပါတယ်။ မိမိကြောင့်မှားသွားခဲ့ရင်လည်းအမှားကိုဝန်ခံပြီး အဲဒီအမှားကနေသင်ခန်းစာယူနိုင်အောင်ကြိုးစားပါ။ တခြားတစ်ဦးတစ်ယောက်၏ အမှားကိုထောက်ပြသည့်အခါတွင်လည်း ဝေဖန်အပြစ်တင်သည့်ပုံစံမျိုးမဟုတ်ပဲ ဆွေးနွေးတဲ့ပုံစံမျိုးဖြင့် တဘက်လူလက်ခံလာအောင်ပြောဆိုပါ။ (၅) စကားပြောသည့်အခါတွင်လည်း တဘက်လူအပေါ် ချိုချို သာသာ ဖြင့်ပြောဆို ဆက်ဆံပါ။ (၆) တဘက္လူစကားေ...

တစ်ဦးတစ်ယောက်ခြင်းစီအတွက်အလုပ်တွင် မသိမဖြစ်သိသင့်သောဝန်ထမ်းများအတွက် လုပ်ငန်းခွင်ကျင့်ဝတ်များ

Image
တစ်ဦးတစ်ယောက်ခြင်းစီအတွက်အလုပ်တွင် မသိမဖြစ်သိသင့်သောဝန်ထမ်းများအတွက် လုပ်ငန်းခွင်ကျင့်ဝတ်များ လူတစ်ဦးခြင်းစီအတွက်မိမိဧ။်လူမှုပတ်ဝန်းကျင် တွင် အခြားတစ်ဦးဧ။်လေးစားမှု၊ အသိအမှတ် ပြုမှုတို့ကိုရရှိလိုပါက မိမိအနေဖြင့်ကျင့်ဝတ်များ ကို နားလည်လိုက်နာမှုရှိရန်လိုအပ်ပါသည်။ ကျင့်ဝတ်ဆိုသည်မှာ ထိုလူဧ။် အပြုအမှု ၊ နေထိုင်ပုံ ၊ ပြောဆိုပုံ ၊ ဝတ်ပုံ ၊ စားပုံ ကိုဆိုလိုပါသည်။ လူတစ်ဦးခြင်းစီအလိုက် မိမိဘဝအတွက် အခြေခံလိုအပ်ချက်များကိုပြည့်စုံနိုင်ရန်၊ မိမိ ဘဝတက်လမ်းတွင် ကောင်းမွန်ပြည့်စုံမူများရ နိုင်ရန်အတွက် လုပ်ငန်းအဖွဲ့အစည်းများတွင် ဝင်ရောက်၍အလုပ်လုပ်ကိုင်ရပါသည်။ ထိုကဲ့သို့သောလူများကို ဝန်ထမ်းဟုဆိုကြပါ သည်။ ဝန်ထမ်းများအနေဖြင့် အလုပ် လုပ်သည့်အခါ အလုပ်ခွင်တွင် ရင့်ကျက်မှု ၊ အသိဥာဏ်ရှိမှုတို့ဖြင့်လုပ်ကိုင်ရမည်ဖြစ်ပါသည် လေးနက်မှုမရှိသော ၊ ဂရုတစိုက်မရှိသော ၊ သာမန်ကာ လျှံကာ ဖြစ်သောပုံစံမျိုးကို ရှောင်ကြဉ်ရမည်။ တစ်ဦးတစ်ယောက်ချင်းစီ အလုပ်လုပ်သည့်အခါလိုက်နာရမည့် စနစ်များ သည် ဝန်ထမ်းများအတွက် လိုက်နာရမည့် ကျင့်ဝတ်များဖြစ်ပါသည်။ အဖွဲ့အစည်းကနေကိုယ်အတွက် ရနိုင်မည့် အကျိုးကျေးဇူးကို လိုချင်လျှင်ကိုယ်အလုပ် လုပ်သ...

အလုပ်တွင် ကောင်းမွန်ထိရောက်သော ဆက်သွယ် ပြောဆိုခြင်း၏ အရေးပါမှု

Image
မည်သည့်ပတ်ဝန်းကျင်တွင်မဆို လူတစ်ဦး နှင့် တစ်ဦး ဆက်ဆံရေးတွင် ကောင်းမွန်ထိရောက် စွာ ပြောဆိုဆက်ဆံနိုင်ခြင်းသည်လည်း အလွန် အရေးပါသော ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါသည်။ မိမိ အလုပ်လုပ်သည့် ပတ်ဝန်းကျင်တွင် ကောင်းမွန်ထိရောက်သောဆက်သွယ်ပြောဆို နိုင်ခြင်းသည်အောင်မြင်သောဝန်ထမ်းကောင်း တစ်ယောက်၊ အောင်မြင်သောလုပ်ငန်းရှင် တစ်ယောက်အဖြစ် ရပ်တည်နိုင်ရန်အတွက် လိုအပ်သော ကျွမ်းကျင်မှု တစ်ခုဖြစ်ပါသည်။ မိမိအလုပ်ပတ်ဝန်းကျင်တွင် ကောင်းမွန် ထိရောက်သော ဆက်သွယ်ပြောဆိုနိုင်ခြင်း သည် တစ်ဦးနှင့်တစ်ဦး အငြင်းပွားမှုများကို လျော့ကျစေသည့်အပြင်၊ ကောင်းမွန်သော လုပ်ငန်းခွင်တစ်ခုကို ဖန်တီးနိုင်ရန်အတွက် လည်းများစွာအရေးပါသည်။ ကောင်းမွန်သော ဆက်သွယ် ပြန်ကြား ပြောဆိုခြင်းကြောင့် မိမိ၏ဖောက်သည်များနှင့် ကောင်းမွန်သော ဆက်ဆံရေးကိုတည်ဆောက်နိုင်သည့်အတွက် မိမိအလုပ်လုပ်သည့် အဖွဲ့အစည်းအတွက် များစွာအကျိုးအမြတ်ကိုရရှိနိုင်ပါသည်။ မိမိ၏ အဖွဲ့တွင်လည်း အဖွဲ့ဝင်အားလုံးနှင့်ဆက်ဆံရေး ကောင်းမွန်ပြီးအလုပ်များကို ထိရောက် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါသည်။ ထိုကြောင့် မိမိ၏အလုပ်ရှင်ထံမှ ကျေနပ်မှုကို ရရှိပြီး အကောင်းဆုံးဝန်ထမ်းတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရနိ...

Differences & Similarities in Personal & Pro ethic

Image
"တူညီမှုရှိသလိုနှင့် ကွဲပြားမှုရှိသော ကိုယ်ပိုင်ကျင့်ဝတ်နှင့် Professional ကျင့်ဝတ်" ✒ တူညီမှုရှိသလိုနှင့် ကွဲပြားခြားနားမှုရှိသော ကိုယ်ပိုင်ကျင့်ဝတ်နှင့် Professional ကျင့်ဝတ်များကို အလုပ်လုပ်သည့်အခါတွင် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ ✒ ကိုယ်ပိုင်ကျင့်ဝတ်ဆိုသည်မှာ မိမိပြုလုပ်သည့် မည်သည့်ကိစ္စမဆို ကိုယ်ပိုင်အသိတရား၊ အသိစိတ်ဓာတ်ဖြင့် ပြုလုပ်ခြင်းကို ဆိုလိုပါသည်။ ✒ Professional ကျင့်ဝတ်ဆိုသည်မှာ လုပ်ငန်းက ချမှတ်ထားသော စံသတ်မှတ်ချက်အတိုင်း လိုက်နာ ဆောင်ရွက်ခြင်းကို ဆိုလိုပါသည်။ #ကိုယ်ပိုင်ကျင့်ဝတ် ( အသိတရား၊ အသိစိတ်ဓာတ်) 🏷 မိမိ၏ နေ့စဉ်ပြုမူ လုပ်ကိုင်ပြောဆိုသည့်အခါတွင် ကိုယ်ပိုင် ကိုယ်ကျင့်တရားနှင့်အညီ လုပ်ကိုင်ပြောဆို နေထိုင်ခြင်းကို ဆိုလိုပါသည်။ 🏷 ကိုယ်ပိုင် ကိုယ်ကျင့်တရားဆိုသည်မှာ အများအပေါ်တွင် ရိုးသားမှုရြှိခင်း၊ တာဝန်ခံယူလိုစိတ် အပြည့်အဝရြှိခင်း၊ သစ္စာရြှိခင်း၊ အများအပေါ်တွင်လည်း မျှတမှုအပြည့်ဖြင့် ကြင်နာစွာဆက်ဆံခြင်းကို ဆိုလိုပါသည်။ 🏷 သင့်အနေဖြင့် ကိုယ်ပိုင်ကျင့်ဝတ်ကောင်းအောင် ကြိုးစားမည်ဆိုလျှင် အောက်ပါအချက်များကို လိုက်နာကျင့်သုံးရမည် ဖြစ်ပါသည်...

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့- နောက်ဆုံးအပိုင်း

Image
"ဆယ်ကျော်သက်တို့မိဘများ သိထားသင့်တဲ့အချက် (၇) ချက်" (နောက်ဆုံးအပိုင်း) (၇) "ဆယ်ကျော်သက်များကပေးလာတဲ့ အခွင့်အရေးကိုသာ ယူပါ" ❤ ကိုယ့်သားသမီးဆီက သတင်းအချက်အလက်အားလုံးကို သူတို့ရဲ့ဆယ်ကျော်သက်ဘဝမှာ သင်ရရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူတို့ပေးသိချင်တဲ့ ကိစ္စရပ်တွေ သတင်းအချက်အလက်တွေကိုတော့ ကိုယ့်အတွက်ကြီးမားတဲ့ လက်ဆောင်တစ်ခုအနေနဲ့ သဘောထားပြီး လက်ခံသင့်ပါတယ်လို့ ပြောထားပါတယ်။ ❤ အခုအချိန်မှာအရွယ်ရောက်ပြီးသား သမီးတစ်ယောက်ရဲ့မိခင်ဖြစ်သူက သူမရဲ့သမီး ၁၆နှစ်အရွယ်တုန်းက ကျောင်းကနေ အိမ်ကို စိတ်ပျက်လက်ပျက်နဲ့ပြန်လာခဲ့တဲ့အကြောင်းကို ပြန်ပြောင်းအောင်းမေ့နေပါတယ်။ အဲဒီအချိန်က သမီးဖြစ်သူက ကျောင်းကနေအိမ်ပြန်ရောက်တော့ တရှုံ့ ရှုံ့နဲ့ငိုနေပါတယ်။ ဘာဖြစ်ခဲ့လဲဆိုတာလည်းမပြောပါဘူး။ အဲဒါနဲ့မိခင်က ဆိုဖာထိုင်ခုံပေါ်မှာ သူမရဲ့ဘေးနားဝင်ထိုင်ပြီးသူမလက်လေးကိုပဲကိုင်ထားပေးလိုက်ပါတယ်။ သူမငိုပြီးတဲ့အခါမှာတော့ သူမမိခင်ကို တစ်ချက်ကြည့်ပြီး ကျေးဇူးတင်ပါတယ် အမေလို့ပြောပြီး သူမအခန်းထဲဝင်သွားခဲ့ပါတယ်။ ❤ မိခင်ဖြစ်သူဟာ သူမသမီး ဘာဖြစ်ခဲ့လည်းဆိုတာကို ဒီနေ့အထိမသိခဲ့ပါဘူး။ မေးလည်းမမေးခဲ့ဘူး။ သိအောင်လည်းမက...

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၄)

Image
"ဆယ်ကျော်သက်တို့မိဘများ သိထားသင့်တဲ့အချက် (၇) ချက်" (အပိုင်း-၄) (၅) "ကိုယ်ပိုင်သီးခြားလွတ်လပ်ခွင့်ပြုပေးပါ" ❤ ဆယ်ကျော်သက်တွေမှာ လိုအပ်တဲ့ အရေးကြီးခံစားမှုတစ်ခုက သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ မိဘတွေဟာ ညွှန်ကြားချက်တွေ အချိန်ပြည့်ပေးမနေဘဲ၊ သူတို့ကို သီးခြားလွတ်လပ်ခွင့်တွေပေးထားတယ်၊ သူတို့ရထားတယ် ဆိုတဲ့ခံစားချက်ပါ။ သူတို့ရဲ့ကိုယ်ပိုင်အခန်းက ဒီအရွယ်မှာသူတို့အတွက် အရေးပါတဲ့ ကမ္ဘာလေးဖြစ်ပါတယ်။ ဘယ်မိဘကမှ သူတို့သီးသန့်နေရဖို့ အိမ်ကထွက်သွားမှာကို လိုချင်မှာမဟုတ်ပါဘူး။ ဒါကြောင့် မိမိတို့ရဲ့နေအိမ်မှာပဲ သူတို့အတွက်သီးသန့်အခန်းလေး စီစဉ်ခွင့်ပြုပေးဖို့လိုပါတယ်။ သူတို့ရဲ့အဲဒီကိုယ်ပိုင်အခန်းတွေမှာတော့ နေ့စဉ်ဆယ်ကျော်သက်တွေရဲ့စကားသံတွေ၊ ဆယ်ကျော်သက်အကြောင်းအရာတွေ၊ သီချင်းသံတွေ၊ စားသောက်မှုတွေ၊ ဂိမ်းကစားသံတွေနဲ့ ဆူညံနေမှာပါပဲ။ ဒါပေမဲ့လည်း ဒါဟာအဆင်ပြေပါတယ်။ မိဘတွေအတွက်လည်း သူတို့ အိမ်ထဲမှာပဲရှိနေတယ်၊ လုံခြုံမှုရှိနေတယ်ဆိုတာကို သိရပြီး စိတ်အေးရနိုင်ပါတယ်။ ❤ သူတို့ရဲ့ သီးခြားကမ္ဘာလေးကိုပိုင်ဆိုင်ချင်တဲ့ ဆယ်ကျော်သက်တို့ရဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ဆယ်ကျော်သက်အရွယ်မှာ မိဘရင်ခွင်...

ဆယ်ကျော်သက်တို့ မိဘများဖတ်ဖို့ (၃)

Image
"ဆယ်ကျော်သက်တို့မိဘများ သိထားသင့်တဲ့အချက် (၇) ချက်" (အပိုင်း-၃) (၃) "တိုင်ပင်ဆွေးနွေးသူ အတိုင်ပင်ခံလို ဆက်ဆံပေးပါ၊ မန်နေဂျာလိုမဆက်ဆံပါနဲ့" ♥️ Michael Riera ရဲ့နောက်ထပ်အဆိုအရ ဆယ်ကျော်သက်တွေဟာ မိဘတွေက သူတို့ကိုအကြံဉာဏ် ဆုံးဖြတ်ချက်တွေပေးရင် ကောင်းတဲ့အကြံဉာဏ်တြွေဖစ်နေရင်တောင်မှ ပြန်ကန် (လက်မခံ) တတ်ပါတယ်တဲ့။ သူတို့အတွက် မန်နေဂျာပုံစံလူမျိုးတွေမလိုအပ်ပါဘူး။ သူတို့အတွက်၊ သူတို့ကြုံတွေ့နေတဲ့ကိစ္စရပ်တွေအတွက် အကြံပေးနိုင်တဲ့၊ ရင်းနှီးတဲ့မဟာမိတ်ဆက်ဆံရေးရှိတဲ့ လူတွေသာ လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်း အတိုင်ပင်ခံတစ်ယောက်ရဲ့ လုပ်ဆောင်မှုကို စဉ်းစားကြည့်ပါ။ ကိစ္စတစ်ခုကို ချက်ချင်းဝင်ရောက်စွက်ဖက်ပြီး ပြောင်းလဲရမယ်လို့ ပြောမယ့်အစား သူကသေချာဂရုတစိုက် အချိန်ပေးနားထောင်ပြီးမှ ခင်ဗျားရဲ့ ဆုံးဖြတ်မှု၊ ရွေးချယ်မှုတွေကို ကျိုးကြောင်းဆီလျော်စွာနဲ့ ဦးစားပေးသင့်တာကို ဦးစားပေးဖို့ ရှင်းလင်းပြောပြတယ် မဟုတ်လား။ ♥️"ကိုယ့်သားသမီးဆယ်ကျော်သက်ဟာ အမှားလုပ်ထားမိတဲ့အခြေအနေမျိုးမှာ ချက်ချင်းဝင်ရောက်စွက်ဖက်ပြီး အကြံဉာဏ်ဝင်ပေးတာဟာ ရှောင်ရှားဖို့လိုအပ်တဲ့ အရေးကြီးတဲ့အချက်တစ်ခုပါ" လို...