Posts

Things You Should Never Wear in the Workplace

Image
"လုပ်ငန်းခွင်တွင်မဝတ်သင့်သည်အဝတ်အစားပုံစံများ" 📌 သင့်၏အဝတ်အစားဝတ်ပုံသည်အရေးကြီးပါသည်။ မြန်မာ့စကားပုံအရ "တောင်းမှာအကွတ်၊လူမှာအဝတ်ဆိုသည်အတိုင်း အဝတ်ဝတ်ရာတွင် မိမိသွားရမည့်နေရာ၊မိမိလုပ်ကိုင်သည့်အလုပ်၏ရာထူးအဆင့်နှင့်သင့်တော်သောအဝတ်က်ိုဝတ်ဆင်ရန်လိုအပ်ပါသည်။ 📌အလုပ်တွင်မိမိ၏စွမ်းဆောင်ရည်ကောင်းမွန်ရန်အရေးကြီးသကဲ့သို့ပြောပုံဆိုပုံ၊ဝတ်ပုံစားပုံသည်လည်းအလွန်အရေးကြီးပါသည်။ သို့မှသာသင်သည်လုပ်ငန်းတွင် အဘက်ဘက်ကပြီးပြည့်စုံပြီး Professional ဆန်နေမည်ဖြစ်ပါသည်။ 📌 အောက်တွင်ဖော်ပြထားသောအချက်များသည်လုပ်ငန်းတွင်မဝတ်သင့်သည့်ဝတ်စားပုံများဖြစ်ပါသည်။ (၁) အလုပ်သို့ညစ်ပေ၊တွန့်ကြေသောအဝတ်များမဝတ်သင့်ပါ။ ◾ သင်အလုပ်သို့လာသောအခါ သင့်ဝတ်ထားသောအင်္ကျီင်္သည် သန့်ရှင်းပြီးတွန့်ကြေမှု မရှိရန်အမြဲကြည့်ရမည်ဖြစ်သည်။ မီးပူမတိုက်ထားသောအဝတ်များကို ရုံးသို့ဝတ်လာခြင်းမပြုလုပ်သင့်ပါ။ ◾ လမ်းတွင်မတော်တဆ ညစ်ပေသွားလျှင် ပြန်လဲနိုင်ရန်အတွက် ရုံးတွင်အဝတ်အစားအပိုထားရှိသင့်ပါသည်။ ◾ ထို့အပြင်သင့်၏ ဆံပင်၊လက်သည်းတို့သည်လည်းသပ်ရပ်ပြီးသန့်ရှင်းရမည်ဖြစ်သည်။ သင့်ဖိနပ်ကိုလည်း အမြဲသန့်ရှင်းနေပြီး အရမ်းဟောင်းနွမ်းစုတ်ပြတ...

"မိမိဧ။်လုပ်ငန်းခွင်တွင် သင်ဧ။် စွမ်းဆောင်ရည် တိုးတက်လာစေရန် ပြုလုပ်သင့်သည့် အဆင့် (၄)ဆင့်"

Image
သင်သည် သင်ဧ။်အလုပ်တွင် စွမ်းဆောင်ရည် တိုးတက်မူများစွာ ရရှိနိုင်ရန်အတွက် စွမ်းဆောင်ရည်ကိုတိုးတက်စေနိုင်သည့် အပြု အမူ ပေါင်းများစွာကို ပြုလုပ်ခဲ့သော်လည်း သင်မျှော်မှန်းထားသလောက် စွမ်းဆောင်ရည် တိုးတက်လာမှုမရှိပါလျှင် သင့်အတွက် ပြောင်းလဲမှုတစ်ခုပြုလုပ်ရန်လိုအပ်နေပါသည်။ သင်၏ စွမ်းဆောင်ရည်တိုးတက်လာစေရန် သင့်ဧ။်စိတ်နေသဘောထား၊ အပြုအမူနှင့် အချိန်ကိုထိရောက်စွာစီမံခန့်ခွဲ နိုင်မှသာလျှင် သင့်အတွက် ထိရောက်သောတိုးတက်မှုကို ရနိုင်မည်ဖြစ်ပါသည်။ အောက်တွင်ဖော်ပြထားသော အချက်(၄)ချက် သည် လွယ်ကူထိရောက်စွာဖြင့် သင့်ဧ။် စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်မည့် နည်းလမ်းများဖြစ်ပါသည်။ (၁)အလုပ်အပေါ်ဦးစားပေးအစီအစဉ်ဖြင့်စီမံခန့် ခွဲနိုင်သူဖြစ်အောင်လေ့လာသင်ယူပါ။ အလုပ် တွင်စွမ်းဆောင်ရည်တိုးတက်လာဖို့ အတွက် သင်သည်အဓိကဦးစားပေးလုပ်ရမည့် အလုပ် များကိုသတ်မှတ်ထားရန်လိုအပ်ပါသည်။နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရသော အလုပ်များထဲမှ မိမိဦးစားပေးလုပ်ကိုင်ရမည့်အလုပ်နှင့် သက် ဆိုင်သောအလုပ်၊ မသက်ဆိုင်သောအလုပ်ကို စနစ်တကျခွဲခြားတက်ရန်လိုအပ်ပါသည်။ထိုကဲ့ သို့ပြုလုပ်နိုင်လျှင်သင့်တွင်မည်သည့် ကိစ္စက အရေးကြီးပြုလုပ်ရမည်ဆိုသည်ကို သိမြင် လာ...

“အောင်မြင်မှုကို ဘယ်လိုမှတ်ယူမလဲ?”

Image
“အောင်မြင်မှုကို ဘယ်လိုမှတ်ယူမလဲ?” 🔹️ကျွန်မတို့နေထိုင်တဲ့ ကမ္ဘာပေါ်မှ လူဦးရေသန်းပေါင်းများစွာ ရှိပါတယ်။ ထိုအထဲမှအောင်မြင်ကျော်ကြား သူသည်အနည်းငယ်မျှသာရှိပါတယ်။ လူတစ်ယောက် အနေဖြင့်အောင်မြင်မှုရော၊ ကျော်ကြားမှုရောကိုပိုင်ဆိုင်ထားသူဆိုလျှင် ပို၍နည်း မည်ထင်ပါတယ်။ ထို့ကြောင့် ကျွန်မတို့အနေဖြင့်အောင်မြင်မှုကို သတ်မှတ်သည့်အခါ လူတစ်ဦးတစ်ယောက်ချင်းစီ၌ လက်ရှိရောက်နေတဲ့အနေအထားပေါ်မူတည်ပြီး သတ်မှတ်ချက်တွေ ကွဲပြားနိုင်ပါတယ်။ 🔹️ သင့်အနေဖြင့် အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် အဓိက အကျဆုံးအချက်များအနေဖြင့် ဘ၀ရဲ့ရည်မှန်း ချက်ကို သိရှိပြီးဘ၀ကို ဘယ်လို အနေအထားမျိုးမဆိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခြင်း၊ ကျန်းမာသောဘ၀ကို ပိုင်ဆိုင်နိုင်ခြင်း၊ ဘ၀တွင်အဓိပ္ပါယ်ရှိသော အလုပ်ကို လုပ်ပြီးဘ၀ကိုရပ်တည်နိုင်ခြင်းတို့ ဖြစ်ပါတယ်။ 🔹️ တစ်ခါတစ်ရံ ဘ၀တွင် ကျော်ကြားမှုမရှိလည်း အောင်မြင်မှုကို ပိုင်ဆိုင်ထားတဲ့လူပေါင်းများစွာ ရှိပါတယ်။ တစ်ချို့လူများသည်ဘ၀တွင် မိမိနေထိုင်သည့် လူမှုပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက်အကျိုးရှိစေမည့်ကိစ္စများကို ဆောင်ရွက်ပေးနိုင်သဖြင့်အားလုံး၏ လေးစားမှု၊ အားကိုးမှုကို ရရှိပြီးအောင်မြင်မှုတွေ ရရှိနိုင်ပါသည်။ ...

Good Personality (Part I)

Image
“သင့်ဘ၀အတွက် လိုအပ်သော သင်၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရမည့် အချက်များ” (ပထမပိုင်း) 👉 သင့်ဘ၀တွင် သင်၏ကျွမ်းကျင်မှုများ၊ သင်၏ကိုယ်ရည်ကိုယ်သွေး၊ သင်၏အပြုအမူ၊ အပြောအဆို အစရှိသည့် အချက်များကို အမြဲတမ်း အကောင်းဆုံးဖြစ်အောင် လေ့ကျင့် နေရခြင်းသည် သင့်ဘ၀အတွက် ဘယ်တော့မှ အဆုံးသတ်သွားမည်မဟုတ်ပါ။ 👉 သင့်အနေဖြင့် အမြဲတမ်း ကျွမ်းကျင်မှု အသစ်တွေကို လေ့လာသင်ယူမှုပြုပြီး အမြဲတမ်း မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားနေရမည်ဖြစ်သည်။ 👉 သင်၏ကိုယ်ရည်ကိုယ်သွေးကို တိုးတက်အောင် ပြုလုပ်ခြင်းဖြင့် သင့်ဘ၀အောင်မြင်မှုအတွက် ကောင်းမွန်သော ဘ၀လမ်းကြောင်းကို ရရှိနိုင်မည်ဖြစ်သည်။ 👉 ကိုယ်ရည်ကိုယ်သွေး ဆိုသည်မှာ သင်၏ အပြုအမူ၊ တွေးခေါ်သည့်ပုံစံသည် အများနှင့် မတူပဲ ထူးခြားမှု ရှိနေရန် လိုအပ်သည်။ 👉 သင်၏ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရန်အတွက် သင့်အနေဖြင့် သင်၏ အပြုအမူကို ပိုမိုတိုးတက်လာနိုင်အောင် ကြိုးစားရမည်သာမက သင်၏ တွေးခေါ်စဉ်းစားပုံကိုလည်း တိုးတက်အောင် ကြိုးစားရမည် ဖြစ်သည်။ 💎 အောက်တွင် ဖော်ပြထားသော အချက်များသည် သင်၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်ကောင်းမွန်အောင် ပြုပြင် လေ့လာသင့်သည့် အချက်များဖြစ်သည်။ ...

Daily Use Habits

Image
"နေ့စဉ်လူတိုင်းနဲ့ ဆက်ဆံရေးအဆင်ပြေချင်ရင် ပြုလုပ်သင့်တဲ့အချက်လေးများ......" 👍ဘဝတွင်ပျော်ရွှင်အောင်မြင်တဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်ဖို့အတွက်အောက်ပါအချက်များ ဖြင့်ဖြတ်သန်းကြည့်ရအောင်...... (၁) ကျွန်မတို့အနေဖြင့် နေ့တစ်နေ့ရဲ့ အစကိုအပြုံးဖြင့်စတင်ပါ။ ဟန်ဆောင်မှုမပါပဲ ရင်ထဲကလိုလားမှုအပြည့်ရှိတဲ့အပြုံးဖြင့် စတင်နိုင်အောင်ကြိုးစားပါ။ (၂) ကျွန်မတို့အနေဖြင့် အလုပ်လုပ်ရင် တစ်ယောက်နဲ့တစ်ယောက်ငြင်းခုံရတာတွေရှိနိုင်ပါတယ်။ အလုပ်အတွက်ကောင်းမွန်ပြီး အကျိုးရှိမယ့် ငြင်းခုံမှုမျိုးသာဖြစ်နိုင်အောင်ကြိုးစားပါ။ (၃) မိမိ၏ အယူအဆကိုလက်ခံစေချင်ရင် သင်အနေဖြင့်လည်း တစ်ဖက်လူ၏ အယူအဆကို အလေးပေးဂရုစိုက်ပါ။ (၄) ကျွန်မတို့အားလုံး အနေဖြင့်အလုပ်လုပ်သည့်အခါအမှားရှိတတ်ကြပါတယ်။ မိမိကြောင့်မှားသွားခဲ့ရင်လည်းအမှားကိုဝန်ခံပြီး အဲဒီအမှားကနေသင်ခန်းစာယူနိုင်အောင်ကြိုးစားပါ။ တခြားတစ်ဦးတစ်ယောက်၏ အမှားကိုထောက်ပြသည့်အခါတွင်လည်း ဝေဖန်အပြစ်တင်သည့်ပုံစံမျိုးမဟုတ်ပဲ ဆွေးနွေးတဲ့ပုံစံမျိုးဖြင့် တဘက်လူလက်ခံလာအောင်ပြောဆိုပါ။ (၅) စကားပြောသည့်အခါတွင်လည်း တဘက်လူအပေါ် ချိုချို သာသာ ဖြင့်ပြောဆို ဆက်ဆံပါ။ (၆) တဘက္လူစကားေ...

တစ်ဦးတစ်ယောက်ခြင်းစီအတွက်အလုပ်တွင် မသိမဖြစ်သိသင့်သောဝန်ထမ်းများအတွက် လုပ်ငန်းခွင်ကျင့်ဝတ်များ

Image
တစ်ဦးတစ်ယောက်ခြင်းစီအတွက်အလုပ်တွင် မသိမဖြစ်သိသင့်သောဝန်ထမ်းများအတွက် လုပ်ငန်းခွင်ကျင့်ဝတ်များ လူတစ်ဦးခြင်းစီအတွက်မိမိဧ။်လူမှုပတ်ဝန်းကျင် တွင် အခြားတစ်ဦးဧ။်လေးစားမှု၊ အသိအမှတ် ပြုမှုတို့ကိုရရှိလိုပါက မိမိအနေဖြင့်ကျင့်ဝတ်များ ကို နားလည်လိုက်နာမှုရှိရန်လိုအပ်ပါသည်။ ကျင့်ဝတ်ဆိုသည်မှာ ထိုလူဧ။် အပြုအမှု ၊ နေထိုင်ပုံ ၊ ပြောဆိုပုံ ၊ ဝတ်ပုံ ၊ စားပုံ ကိုဆိုလိုပါသည်။ လူတစ်ဦးခြင်းစီအလိုက် မိမိဘဝအတွက် အခြေခံလိုအပ်ချက်များကိုပြည့်စုံနိုင်ရန်၊ မိမိ ဘဝတက်လမ်းတွင် ကောင်းမွန်ပြည့်စုံမူများရ နိုင်ရန်အတွက် လုပ်ငန်းအဖွဲ့အစည်းများတွင် ဝင်ရောက်၍အလုပ်လုပ်ကိုင်ရပါသည်။ ထိုကဲ့သို့သောလူများကို ဝန်ထမ်းဟုဆိုကြပါ သည်။ ဝန်ထမ်းများအနေဖြင့် အလုပ် လုပ်သည့်အခါ အလုပ်ခွင်တွင် ရင့်ကျက်မှု ၊ အသိဥာဏ်ရှိမှုတို့ဖြင့်လုပ်ကိုင်ရမည်ဖြစ်ပါသည် လေးနက်မှုမရှိသော ၊ ဂရုတစိုက်မရှိသော ၊ သာမန်ကာ လျှံကာ ဖြစ်သောပုံစံမျိုးကို ရှောင်ကြဉ်ရမည်။ တစ်ဦးတစ်ယောက်ချင်းစီ အလုပ်လုပ်သည့်အခါလိုက်နာရမည့် စနစ်များ သည် ဝန်ထမ်းများအတွက် လိုက်နာရမည့် ကျင့်ဝတ်များဖြစ်ပါသည်။ အဖွဲ့အစည်းကနေကိုယ်အတွက် ရနိုင်မည့် အကျိုးကျေးဇူးကို လိုချင်လျှင်ကိုယ်အလုပ် လုပ်သ...

အလုပ်တွင် ကောင်းမွန်ထိရောက်သော ဆက်သွယ် ပြောဆိုခြင်း၏ အရေးပါမှု

Image
မည်သည့်ပတ်ဝန်းကျင်တွင်မဆို လူတစ်ဦး နှင့် တစ်ဦး ဆက်ဆံရေးတွင် ကောင်းမွန်ထိရောက် စွာ ပြောဆိုဆက်ဆံနိုင်ခြင်းသည်လည်း အလွန် အရေးပါသော ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါသည်။ မိမိ အလုပ်လုပ်သည့် ပတ်ဝန်းကျင်တွင် ကောင်းမွန်ထိရောက်သောဆက်သွယ်ပြောဆို နိုင်ခြင်းသည်အောင်မြင်သောဝန်ထမ်းကောင်း တစ်ယောက်၊ အောင်မြင်သောလုပ်ငန်းရှင် တစ်ယောက်အဖြစ် ရပ်တည်နိုင်ရန်အတွက် လိုအပ်သော ကျွမ်းကျင်မှု တစ်ခုဖြစ်ပါသည်။ မိမိအလုပ်ပတ်ဝန်းကျင်တွင် ကောင်းမွန် ထိရောက်သော ဆက်သွယ်ပြောဆိုနိုင်ခြင်း သည် တစ်ဦးနှင့်တစ်ဦး အငြင်းပွားမှုများကို လျော့ကျစေသည့်အပြင်၊ ကောင်းမွန်သော လုပ်ငန်းခွင်တစ်ခုကို ဖန်တီးနိုင်ရန်အတွက် လည်းများစွာအရေးပါသည်။ ကောင်းမွန်သော ဆက်သွယ် ပြန်ကြား ပြောဆိုခြင်းကြောင့် မိမိ၏ဖောက်သည်များနှင့် ကောင်းမွန်သော ဆက်ဆံရေးကိုတည်ဆောက်နိုင်သည့်အတွက် မိမိအလုပ်လုပ်သည့် အဖွဲ့အစည်းအတွက် များစွာအကျိုးအမြတ်ကိုရရှိနိုင်ပါသည်။ မိမိ၏ အဖွဲ့တွင်လည်း အဖွဲ့ဝင်အားလုံးနှင့်ဆက်ဆံရေး ကောင်းမွန်ပြီးအလုပ်များကို ထိရောက် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါသည်။ ထိုကြောင့် မိမိ၏အလုပ်ရှင်ထံမှ ကျေနပ်မှုကို ရရှိပြီး အကောင်းဆုံးဝန်ထမ်းတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရနိ...