Posts

7 Personal Branding Habits (Part I)

Image
"အောင်မြင်သော Professional တစ်ယောက် အတွက် သိရန်လိုအပ်သည့် 7 Personal Branding Habits " ကျွန်မတို့မြန်မာစကားပုံအရ "လူသာသေ နာမည်မသေစေနဲ့" ဆိုတဲ့ စကားပုံအတိုင်း လူတစ်ယောက်အတွက် ကိုယ့်နာမည်ကို အကောင်းဆုံး branding လုပ်နိုင်ရန်လို အပ်ပါ သည်။ ယခုလို အပြိုင်အဆိုင် အရမ်းများသည့် တိုးတက် ပြောင်းလဲနေသောခေတ်တွင် မိမိ၏ လုပ်ငန်း အောင်မြင်နိုင်ဖို့ (သို့မဟုတ်) မိမိကို လူအများသိအောင် လုပ်နိုင်ဖို့သည်အလွန် အရေးကြီးသည့် အချက်တစ်ချက် ဖြစ်လာပါ သည်။ ထို့ကြောင့်မိမိတို့အနေဖြင့် အောင်မြင်သူများ အဖြစ် လူအများရှေ့တွင် ရပ်တည်နိုင်ရန် အတွက် မိမိကိုယ်ကို Personal Branding တည်ဆောက်ရန် အလွန်အရေးကြီးပါသည်။ ဥပမာ - သင်ဟာကွတ်ကီးဝယ်ဖို့အတွက် ဘယ်လိုရွေးချယ်မလဲ? - ကွတ်ကီးတွင်ပါဝင်တဲ့ပစ္စည်းကို ကြည့်မလား? - ကွတ်ကီးအရသာကို အရင်စမ်းမြည်းကြည့် မလား? - ကွတ်ကီးဝယ်သည့်အခါ ဒီကွတ်ကီးကို ဈေးကွက်အတွင်းသို့သွင်းလာတဲ့အဖွဲ့ အစည်း ရဲ့ဂုဏ်သိက္ခာနဲ့အဖွဲ့အစည်းရဲ့သမိုင်းကြောင်း ကိုကြည့်မလား? ထောင်ပေါင်းများစွာသော ပစ္စည်းများထဲမှ ပစ္စည်းတစ်ခုကို ရွေးချယ်သည့်အခါတွင် အမှတ်တံဆိပ်ရြှိခင်းသည် ဆုံးဖြတ်ချက် ချသည့်အခါတွင်များစွ...

Good Personality (Part II)

Image
"သင့်ဘ၀အတွက် လိုအပ်သော သင်၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရမည့် အချက်များ” (ဒုတိယပိုင်း) (၅) သင်၏ ပေါင်းသင်းဆက်ဆံရေးကို အမြဲတမ်း ကောင်းမွန်အောင် ပြုလုပ်ပါ။ 🔹️အောင်မြင်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးသည် အဓိက အရေးကြီးဆုံး အချက်တစ်ခုဖြစ်သည်။သင့်အနေဖြင့် နေ့စဉ်မဖြစ်မနေ လူအများနဲ့ အပြန်အလှန် ပြောဆို ဆက်ဆံမှုများ ပြုလုပ်ပြီး သင့်၏ ပေါင်းသင်း ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် လေ့ကျင့်ယူရမည်ဖြစ်သည်။သင့်အလုပ်နေရာ၊ သင့်မိသားစု၊ သင့်မိတ်ဆွေ အပေါင်းအသင်းများကြားတွင် သင့်အနေဖြင့် စကားပြောဆိုရာတွင် အများ၏ ချစ်ခင်မှု၊ လေးစားမှုကို ရယူနိုင်အောင် ကြိုးစားရမည်ဖြစ်သည်။ (၆) သင့်၏ ခေါင်းဆောင်နိုင်မှု စွမ်းရည်ကိုလည်း တိုးတက်အောင်ကြိုးစားပါ။ 🔹️သင်၏ ဘ၀တွင် Professional ကျကျဖြင့်အောင်မြင်မှုကို ရချင်လျှင် သင့်အနေဖြင့် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားရမည်ဖြစ်သည်။ 🔹️သင်၏ အလုပ်မှာရော၊ မိသားစုဘ၀မှာရော၊ လူမှုပတ်ဝန်းကျင်မှာရော သင့်ကို လူတိုင်းက လေးစားအားကျပြီး စံထားရသော ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်အောင် ဦးဆောင်နိုင်ရန်အတွက်...

"မိမိ၏ လုပ်ငန်းတွင် အကောင်းမြင်သော စိတ်သဘောထားရှိအောင် ဘယ်လိုတည်ဆောက်ယူကြမလဲ???"

Image
သင်သည် မနက် အိပ်ယာမှနိုးလာပြီဆိုတာနှင့် လန်းဆန်းတက်ကြွပြီး အားအင် အပြည့်ဖြင့် မိမိ၏ အလုပ်ကိုသွားဖို့အတွက် ပြင်ဆင်မှုပြုရ မည်ဖြစ်ပါသည်။ သို့မှသာလျှင် မိမိအလုပ်ကို မြတ်နိုးသည့်စိတ်၊ အလုပ်အပေါ်အကောင်း မြင်သည့်စိတ် အပြည့်ဖြင့် လုပ်ငန်းခွင်ရောက် သည့်အခါ တွင်လည်း အားလုံးနှင့်အဆင်ပြေ ချောမွေ့စွာဖြင့် မိမိ၏တစ်နေ့တာလုပ်ငန်းခွင်ကို ဖြတ်သန်းနိုင်မည် ဖြစ်ပါသည်။ အလုပ်ကို ချစ်ပြီး အလုပ်မှာ ပျော်ရွှင်နေသူ တစ်ယောက်အတွက် တနင်္လာနေ့ရောက်မှာကို ဘယ်တော့မှ ကြောက်မည် မဟုတ်တော့ပါ။ တနင်္လာနေ့သည် သူ့အတွက် good challengingတွေကို ရင်ဆိုင်နိုင်ဖို့အသင့်အနေ အထားဖြင့် လုပ်ငန်းသို့ ပျော်ရွှင်စွာသွားမည့် သူတစ်ဦး ဖြစ်အောင် ကြိုးစားသင့်ပါသည်။ မိမိအနေဖြင့် မိမိ၏အလုပ်တွင် အကောင်းမြင် တတ်ပြီး၊ အလုပ်အပေါ် ချစ်တတ်တဲ့ သူ တစ်ယာက်ဖြစ်အောင် အောက်ပါအချက်များ ဖြင့် တည်ဆောက်ယူရမည်ဖြစ်ပါသည်။ ပထမအဆင့် - ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပါ။ မိမိ၏ ပတ်ဝန်းကျင်ကိုလည်း အကောင်းမြင် သူများလာအောင်ပြုလုပ်ပါ။ မိမိအနေဖြင့် အလုပ်တွင် အကောင်းမြင် တတ်သော စိတ်ဓါတ်ရရှိနိုင်ရန်အတွက် ကိုယ့် ကိုယ်ကို ပြင်ဆင်ရန်လိုအပ်ပါသည်။ ပထမ အဆင့်အနေဖြင့် မိမိ၏ ခေါင်းထဲတွင်ရ...

သင့်အတွက်တန်ဖိုးထားတဲ့အရာကိုဘယ်လိုရှာဖွေမလဲ?

Image
လူတိုင်းသည် မိမိဘဝအတွက် တန်ဖိုးထားတဲ့ အရာတစ်ခု သတ်မှတ်ရန် လိုအပ်ပါသည်။ လူတစ်ယောက်ချင်းစီတွင်မိမိဧ။်ယုံကြည်မှုနှင့် စည်းမျဉ်းစည်းကမ်းများပေါ် မူတည်ပြီး ဘဝရဲ့ တန်ဖိုးထားမှုများလည်းကွဲပြားနိုင်ပါသည်။ သင့်အနေဖြင့် သင့်ဘဝတွင် တန်ဖိုးထားဆုံး အရာတစ်ခုကို မသတ်မှတ်ခင် ဒီမေးခွန်းလေး ရဲ့ အဖြေကို အရင်ဆုံးဖြေကြည့်ရန် လိုအပ် ပါသည်။ သင့်အနေဖြင့် မည်သည့်အရာတွေက value ထားရတဲ့အရာတွေဖြစ်တယ်ဆိုတာ ကို ပြန်ပြီးစဉ်းစားကြည့်ရန်လိုအပ်ပါသည်။ လူတစ်ယောက်ချင်းစီအလိုက်မိမိဧ။်valuable, acceptable and important ထားမှုတွေက ကွာခြားနိုင်ပါသည်။ ဥပမာသင့်ဧ။်မိသားစုသည် သင့်အတွက် တန်ဖိုးအထားဆုံး အရာတစ်ခု ဖြစ်မယ်ဆိုလျှင် မိသားစုသည် သင့်အတွက် တန်ဖိုးအကြီးဆုံး အရာတစ်ခု ဖြစ်သည့် အတွက်သင့်မိသားစုကိုထိခိုက်နစ်နာ ၊ ဆုံးရှူံး မည့်ကိစ္စမှန်သမျှကို ပြုလုပ်မည်မဟုတ်သလို သင့်ဘဝအတွက် မိသားစုသည် မရှိမဖြစ် တန်ဖိုးအထားရဆုံးအရာတစ်ခုဖြစ်လာပါမည်။ value ကိုတန်ဖိုးထားတတ်သူသည်မိမိဘဝ အတွက်အမှား ၊ အမှန်ကို သေချာ ဆုံးဖြတ် နိုင်ပြီး ဘဝကို လျှောက်လှမ်းသည့်အခါ တွင် လည်းစည်းမျဉ်း ၊ စည်းကမ်းများဖြင့် တည် ဆောက်နိုင်သူဖြစ်လာသည်။ value သည် ဘဝ အတွက်အစိတ်အပိုင...