"မိမိ၏ လုပ်ငန်းတွင် အကောင်းမြင်သော စိတ်သဘောထားရှိအောင် ဘယ်လိုတည်ဆောက်ယူကြမလဲ???"
သင်သည် မနက် အိပ်ယာမှနိုးလာပြီဆိုတာနှင့် လန်းဆန်းတက်ကြွပြီး အားအင် အပြည့်ဖြင့် မိမိ၏ အလုပ်ကိုသွားဖို့အတွက် ပြင်ဆင်မှုပြုရ မည်ဖြစ်ပါသည်။ သို့မှသာလျှင် မိမိအလုပ်ကို မြတ်နိုးသည့်စိတ်၊ အလုပ်အပေါ်အကောင်း မြင်သည့်စိတ် အပြည့်ဖြင့် လုပ်ငန်းခွင်ရောက် သည့်အခါ တွင်လည်း အားလုံးနှင့်အဆင်ပြေ ချောမွေ့စွာဖြင့် မိမိ၏တစ်နေ့တာလုပ်ငန်းခွင်ကို ဖြတ်သန်းနိုင်မည် ဖြစ်ပါသည်။
အလုပ်ကို ချစ်ပြီး အလုပ်မှာ ပျော်ရွှင်နေသူ တစ်ယောက်အတွက် တနင်္လာနေ့ရောက်မှာကို ဘယ်တော့မှ ကြောက်မည် မဟုတ်တော့ပါ။ တနင်္လာနေ့သည် သူ့အတွက် good challengingတွေကို ရင်ဆိုင်နိုင်ဖို့အသင့်အနေ အထားဖြင့် လုပ်ငန်းသို့ ပျော်ရွှင်စွာသွားမည့် သူတစ်ဦး ဖြစ်အောင် ကြိုးစားသင့်ပါသည်။
မိမိအနေဖြင့် မိမိ၏အလုပ်တွင် အကောင်းမြင် တတ်ပြီး၊ အလုပ်အပေါ် ချစ်တတ်တဲ့ သူ တစ်ယာက်ဖြစ်အောင် အောက်ပါအချက်များ ဖြင့် တည်ဆောက်ယူရမည်ဖြစ်ပါသည်။
မိမိအနေဖြင့် အလုပ်တွင် အကောင်းမြင် တတ်သော စိတ်ဓါတ်ရရှိနိုင်ရန်အတွက် ကိုယ့် ကိုယ်ကို ပြင်ဆင်ရန်လိုအပ်ပါသည်။ ပထမ အဆင့်အနေဖြင့် မိမိ၏ ခေါင်းထဲတွင်ရှိသော negative ဖြစ်စေတတ်သည့် အတွေးများကို ထုတ်ပစ်ရန်လိုအပ်ပါသည်။
လူတိုင်းကိုလည်း အကောင်းမြင်တတ်သည့် စိတ်နှင့် နားလည်မှု အပြည့်ဖြင့် ကြည့်ပေးရန် လိုအပ်ပါသည်။
ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုအပြည့် ရှိရန် လိုအပ်ပါသည်။ ပေးအပ်လိုက်သော တာဝန် များကိုလည်းယုံကြည်မှုအပြည့်ဖြင့် ရအောင် လုပ်မည်ဆိုသည့် positive attitude ဖြင့်လုပ်ကိုင်ရမည်ဖြစ်ပါသည်။
မည်သည့်ကိစ္စမဆို မပြုလုပ်ခင်ကတည်းက မဖြစ်နိုင်ပါဘူး၊ မရနိုင်ပါဘူး၊ ခက်လိုက်တာ ဆိုသည့်စိတ်ဓါတ်မျိုးမထားပဲ အကောင်းဆုံး ရအောင်၊ ဖြစ်အောင်လုပ်မည် ဆိုသည့် စိတ်ဓါတ်မျိုးပဲထားသင့်ပါသည်။
မိမိလက်အောက်က ၀န်ထမ်းများကိုလည်း အကောင်းမြင်တတ်လာအောင်၊ အလုပ်ကို ချစ်မြတ်နိုးလာအောင်မိမိအနေဖြင့် ဦးဆောင် ပြီးလက်တွဲခေါ်ရမည်ဖြစ်ပါသည်။
လုပ်ငန်းတွင် တစ်ဦးနှင့်တစ်ဦး ပြောဆို ဆက်ဆံသည့်အခါတွင် negative ဖြစ်စေသည့် အပြုအမူ အပြောအဆိုမျိုးကို မပြုလုပ်ပဲ အကောင်းဘက်ကို ဦးတည်သည့် positive ဖြစ်စေသည့်အတွေးအခေါ်၊ အပြုအမူများကို သာ မိမိကိုယ်တိုင်လည်း ပြုလုပ်ပြီး မိမိပတ်ဝန်းကျင်၌ရှိသော လူအားလုံးကိုလည်းဦးဆောင်လမ်းပြပြီး မိမိပတ်ဝန်းကျင်ကိုလည်း positive environment ဖြစ်အောင် တည်ဆောက်ယူရမည်ဖြစ်ပါသည်။
သင့်အနေဖြင့်ထိုကဲ့သို့ ပြုမူနေထိုင်မည်ဆိုလျှင် အလုပ်တွင် negative ဖြစ်စေမည့် အရာများ တဖြည်းဖြည်းလျော့နည်းလာမည် ဖြစ်ပါသည်။ မိမိအပါအ၀င်အလုပ်ပတ်ဝန်းကျင် တစ်ခုလုံး သည်လည်း positive မြင်သူ များလာပြီ အလုပ်ကို ပျော်ရွှင်စွာဖြင့် တက်ညီလက်ညီဖြင့် ရှေ့သို့တက်လှမ်းနိုင်မည်ဖြစ်ပါသည်။
မိမိအနေဖြင့်မိမိအလုပ်လုပ်သော ပတ်ဝန်းကျင် တွင် လူတစ်ဦးတစ်ယောက် ချင်းစီတွင် မတူညီသော စိတ်ဓါတ်၊ အမြင်၊ ခံစားချက် နှင့် ခံယူချက်များကွဲပြားနိုင်သည်ကို နားလည် ပေးနိုင်ရန်လိုအပ်သည်။
တစ်ချို့လူများသည်မည်သည့် အကြောင်း အရာမဆိုအမြဲတမ်း အဆိုးမြင်တတ်ခြင်း၊ ငြီးငြူတတ်ခြင်း၊အပြစ်ပြောတတ်ခြင်း ရှိတတ် သည့် လူများကိုလည်း နားလည်ပေးနိုင်ရန် လိုအပ်သည်။
လူအများစုသည်မိမိလုပ်လိုက်သည့် အလုပ်ကို သာ ပုံကြီးချဲ့ပြီး ပြောတတ်သည်။ မည်မျှပင် သေးသည့် ကိစ္စဖြစ်ပါစေ မိမိလုပ်လိုက်လျှင် တကယ်ကိုအခက်အခဲမျိုးစုံကြားက ဘယ်လို ရအောင် ယူလိုက်ရသည်ကို လိုတာထက်ပိုပြီး ပုံကြီးချဲ့ပြောတတ်သည်မှာလူ့သဘာဝ ဖြစ် သည်ကို နားလည်ပေးနိုင်ရန်လိုအပ် ပါသည်။
ထိုကဲ့သို့သော လူအားလုံးအပေါ်တွင်မိမိအနေ ဖြင့်အမှန်တကယ် နားလည်ပေးနိုင်မည်ဆိုလျှင် သင်သည် လူတိုင်းအပေါ်ရှုထောင့် အမျိုးမျိုးမှ မြင်အောင်ကြည့်တတ်လာသဖြင့် သင်သည် မည်သည့် negative working environment မှာမဆိုရပ်တည်နိုင်မည်ဖြစ်သည်။
မိမိဘ၀၏ ရေရှည် ရပ်တည်နိုင်မှုတွင်လည်း များစွာအကျိုးရှိနိုင်မည်ဖြစ်ပါသည်။
မိမိ၏လူအများအပေါ်တွင်နားလည်ပေးနိုင်ခြင်း၊ ခွင့်လွှတ်ပေးနိုင်ခြင်းနှင့် သည်းခံပေးနိုင်ခြင်း သည်လည်း အကောင်းမြင်တတ်သည့် စိတ်ဓါတ်ကို ပိုမို ခိုင်မာလာအောင် တည်ဆောက်နိုင်ပြီး သင်၏ personality တက်လာပြီး အလုပ်ကိုလည်း professional ဆန်ဆန်ဖြင့် လုပ်ကိုင်လာနိုင်မည်ဖြစ်ပါသည်။
တစ်ခါတစ်ရံတွင် မိမိ၏အလုပ်တွင် negative များ အရမ်းများလာပြီး သင်ကိုယ်တိုင် အလုပ်ထွက်ချင်သည့် စိတ်များပေါ်ပေါက် လာပါကအလုပ်ကို အလျင်စလိုထွက်ခြင်းမျိုး မပြုလုပ်သင့်ပါ။ ထိုကဲ့သို့ ပြုလုပ်လျှင် အရှုံးပေးရာရောက်ပါသည်။
ထိုအခြေအနေမျိုးဖြစ်ပေါ်လာလျှင် သင့်ကိုယ် သင် ပြန်လည် သုံးသပ်သင့်ပါသည်။ယခုလို ပြန်လည်သုံးသပ်ခြင်းဖြင့်သင်၏ အားနည်းချက်များကို တွေ့ရှိနိုင်ပြီး ပြန်လည်ပြုပြင်ခြင်းဖြင့် အလုပ်အပေါ် ပြန်လည်ချစ်မြတ်နိုးလာခြင်း၊ အလုပ်အပေါ် ကျေနပ်မှု ပြန်လည်ရရှိနိုင်မည့် နည်းလမ်းများကို တွေ့ရှိလာနိုင်ပါသည်။
အကောင်းမြင်စိတ်ဓါတ်ရှိသူတစ်ယောက်အနေ ဖြင့်မိမိ၏အားနည်းချက်၊ အားသာချက် တို့ကို လည်းအမှန်အတိုင်းမြင်တတ်ရမည် ဖြစ်ပါ သည်။ သင့်အနေဖြင့် အားနည်းချက်ရှိခဲ့လျှင် လည်းကျေနပ်စွာ လက်ခံပြီး ပြုပြင်ခြင်းအားဖြင့် သင်၏အလုပ်ပတ်ဝန်းကျင်ကိုလူသစ်၊ စိတ်သစ် ဖြင့်ပြန်လည် တည်ဆောက်ယူရမည်ဖြစ်ပါ သည်။ သို့မှသာ သင်သည်အလုပ်ကို positive attitude များဖြင့်ပြန်လည် ရှေ့ဆက်နိုင်မည် ဖြစ်ပါသည်။
အထက်ဖော်ပြပါအဆင့်(၃)ဆင့်ဖြင့် သင်၏ လုပ်ငန်းတွင်သင်၏စိတ်ဓါတ်ကို အကောင်းမြင် တတ်အောင်လေ့ကျင့် တည်ဆောက်ယူရမည် ဖြစ်ပါသည်။
Positive attitude အဖြစ်သို့ရောက်အောင် သင့်အနေဖြင့် အကြိမ်ကြိမ်လေ့ကျင့်ယူရ မည် ဖြစ်ပါသည်။တစ်ခါတစ်လေတွင် သင့်အနေဖြင့် အကောင်းဆုံး တည်ဆောက်ယူသော်လည်း သင်ဖြစ်ချင်သည့်အတိုင်း မဖြစ်ခဲ့လျှင်လည်း စိတ်ဓါတ်မကျပဲသင်အောင်မြင်အောင်လုပ်နိုင်ခဲ့ သည့် နည်းလမ်းများကို ပြန်လည်တွေးတောပြီး ပြန်လည် ကြိုးစားသင့်ပါသည်။
အလုပ်တွင် အဆိုးပြောသူ၊ အဆိုးဘက်ကို ရောက်သည့်အတွေးကို ဖြစ်စေမည်သူများလာ လျှင်လည်း သင်၏စိတ်ကို အကောင်းဆုံး ပြန်လည်တည့်မတ်ပြီး သင့်ကိုယ်သင် အလုပ် အသစ်၊ ပတ်ဝန်းကျင်အသစ်ကို ရောက်သွား သောသူ တစ်ယောက်ကဲ့သို့ သဘောထားပြီး အကောင်းမြင်သည့် စိတ်ဓါတ်ဖြင့် အလုပ် ပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်ေ အာင် ပြန် လည်ပြောင်းလဲယူရမည်ဖြစ်ပါသည်။
ယခုလို အခြေအနေမျိုးတွင် အလုပ်လုပ်သည့် သူတိုင်း အဆိုးမြင်တတ်သည့် စိတ်ဓါတ်များကို လျော့ကျစေနိုင်ရန်နှင့် အကောင်းမြင်တတ် သည့် စိတ်ဓါတ်ကို တည်ဆောက်နိုင်ခြင်းဖြင့် မိမိ၏အလုပ်ပတ်ဝန်းကျင်၊လူမှုပတ်ဝန်းကျင်နှင့် မိသားစု ပတ်ဝန်းကျင်အားလုံးတွင် positive attitude ရှိသူတစ်ဦးအဖြစ်ဂုဏ်ယူစွာရပ်တည် နိုင်ရန်အတွက် မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။
မဆွေဇင် MHR
၂၁.၈.၂၀၁၈

ပထမအဆင့် -
ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပါ။ မိမိ၏ ပတ်ဝန်းကျင်ကိုလည်း အကောင်းမြင် သူများလာအောင်ပြုလုပ်ပါ။

ဒုတိယအဆင့် -
လူတိုင်းအပေါ်ရှုထောင့်အမျိုးမျိုးမှ မြင်တတ် အောင်ပြင်ဆင်ပါ။
မိမိအနေဖြင့်မိမိအလုပ်လုပ်သော ပတ်ဝန်းကျင် တွင် လူတစ်ဦးတစ်ယောက် ချင်းစီတွင် မတူညီသော စိတ်ဓါတ်၊ အမြင်၊ ခံစားချက် နှင့် ခံယူချက်များကွဲပြားနိုင်သည်ကို နားလည် ပေးနိုင်ရန်လိုအပ်သည်။
တစ်ချို့လူများသည်မည်သည့် အကြောင်း အရာမဆိုအမြဲတမ်း အဆိုးမြင်တတ်ခြင်း၊ ငြီးငြူတတ်ခြင်း၊အပြစ်ပြောတတ်ခြင်း ရှိတတ် သည့် လူများကိုလည်း နားလည်ပေးနိုင်ရန် လိုအပ်သည်။
လူအများစုသည်မိမိလုပ်လိုက်သည့် အလုပ်ကို သာ ပုံကြီးချဲ့ပြီး ပြောတတ်သည်။ မည်မျှပင် သေးသည့် ကိစ္စဖြစ်ပါစေ မိမိလုပ်လိုက်လျှင် တကယ်ကိုအခက်အခဲမျိုးစုံကြားက ဘယ်လို ရအောင် ယူလိုက်ရသည်ကို လိုတာထက်ပိုပြီး ပုံကြီးချဲ့ပြောတတ်သည်မှာလူ့သဘာဝ ဖြစ် သည်ကို နားလည်ပေးနိုင်ရန်လိုအပ် ပါသည်။
ထိုကဲ့သို့သော လူအားလုံးအပေါ်တွင်မိမိအနေ ဖြင့်အမှန်တကယ် နားလည်ပေးနိုင်မည်ဆိုလျှင် သင်သည် လူတိုင်းအပေါ်ရှုထောင့် အမျိုးမျိုးမှ မြင်အောင်ကြည့်တတ်လာသဖြင့် သင်သည် မည်သည့် negative working environment မှာမဆိုရပ်တည်နိုင်မည်ဖြစ်သည်။
မိမိဘ၀၏ ရေရှည် ရပ်တည်နိုင်မှုတွင်လည်း များစွာအကျိုးရှိနိုင်မည်ဖြစ်ပါသည်။
မိမိ၏လူအများအပေါ်တွင်နားလည်ပေးနိုင်ခြင်း၊ ခွင့်လွှတ်ပေးနိုင်ခြင်းနှင့် သည်းခံပေးနိုင်ခြင်း သည်လည်း အကောင်းမြင်တတ်သည့် စိတ်ဓါတ်ကို ပိုမို ခိုင်မာလာအောင် တည်ဆောက်နိုင်ပြီး သင်၏ personality တက်လာပြီး အလုပ်ကိုလည်း professional ဆန်ဆန်ဖြင့် လုပ်ကိုင်လာနိုင်မည်ဖြစ်ပါသည်။
တတိယအဆင့် -
မိမိ၏အလုပ်ကို အလုပ်သစ်ကဲ့သို့ပြောင်းလဲယူပါ
တစ်ခါတစ်ရံတွင် မိမိ၏အလုပ်တွင် negative များ အရမ်းများလာပြီး သင်ကိုယ်တိုင် အလုပ်ထွက်ချင်သည့် စိတ်များပေါ်ပေါက် လာပါကအလုပ်ကို အလျင်စလိုထွက်ခြင်းမျိုး မပြုလုပ်သင့်ပါ။ ထိုကဲ့သို့ ပြုလုပ်လျှင် အရှုံးပေးရာရောက်ပါသည်။
ထိုအခြေအနေမျိုးဖြစ်ပေါ်လာလျှင် သင့်ကိုယ် သင် ပြန်လည် သုံးသပ်သင့်ပါသည်။ယခုလို ပြန်လည်သုံးသပ်ခြင်းဖြင့်သင်၏ အားနည်းချက်များကို တွေ့ရှိနိုင်ပြီး ပြန်လည်ပြုပြင်ခြင်းဖြင့် အလုပ်အပေါ် ပြန်လည်ချစ်မြတ်နိုးလာခြင်း၊ အလုပ်အပေါ် ကျေနပ်မှု ပြန်လည်ရရှိနိုင်မည့် နည်းလမ်းများကို တွေ့ရှိလာနိုင်ပါသည်။
အကောင်းမြင်စိတ်ဓါတ်ရှိသူတစ်ယောက်အနေ ဖြင့်မိမိ၏အားနည်းချက်၊ အားသာချက် တို့ကို လည်းအမှန်အတိုင်းမြင်တတ်ရမည် ဖြစ်ပါ သည်။ သင့်အနေဖြင့် အားနည်းချက်ရှိခဲ့လျှင် လည်းကျေနပ်စွာ လက်ခံပြီး ပြုပြင်ခြင်းအားဖြင့် သင်၏အလုပ်ပတ်ဝန်းကျင်ကိုလူသစ်၊ စိတ်သစ် ဖြင့်ပြန်လည် တည်ဆောက်ယူရမည်ဖြစ်ပါ သည်။ သို့မှသာ သင်သည်အလုပ်ကို positive attitude များဖြင့်ပြန်လည် ရှေ့ဆက်နိုင်မည် ဖြစ်ပါသည်။
အထက်ဖော်ပြပါအဆင့်(၃)ဆင့်ဖြင့် သင်၏ လုပ်ငန်းတွင်သင်၏စိတ်ဓါတ်ကို အကောင်းမြင် တတ်အောင်လေ့ကျင့် တည်ဆောက်ယူရမည် ဖြစ်ပါသည်။
Positive attitude အဖြစ်သို့ရောက်အောင် သင့်အနေဖြင့် အကြိမ်ကြိမ်လေ့ကျင့်ယူရ မည် ဖြစ်ပါသည်။တစ်ခါတစ်လေတွင် သင့်အနေဖြင့် အကောင်းဆုံး တည်ဆောက်ယူသော်လည်း သင်ဖြစ်ချင်သည့်အတိုင်း မဖြစ်ခဲ့လျှင်လည်း စိတ်ဓါတ်မကျပဲသင်အောင်မြင်အောင်လုပ်နိုင်ခဲ့ သည့် နည်းလမ်းများကို ပြန်လည်တွေးတောပြီး ပြန်လည် ကြိုးစားသင့်ပါသည်။
အလုပ်တွင် အဆိုးပြောသူ၊ အဆိုးဘက်ကို ရောက်သည့်အတွေးကို ဖြစ်စေမည်သူများလာ လျှင်လည်း သင်၏စိတ်ကို အကောင်းဆုံး ပြန်လည်တည့်မတ်ပြီး သင့်ကိုယ်သင် အလုပ် အသစ်၊ ပတ်ဝန်းကျင်အသစ်ကို ရောက်သွား သောသူ တစ်ယောက်ကဲ့သို့ သဘောထားပြီး အကောင်းမြင်သည့် စိတ်ဓါတ်ဖြင့် အလုပ် ပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်ေ အာင် ပြန် လည်ပြောင်းလဲယူရမည်ဖြစ်ပါသည်။
ယခုလို အခြေအနေမျိုးတွင် အလုပ်လုပ်သည့် သူတိုင်း အဆိုးမြင်တတ်သည့် စိတ်ဓါတ်များကို လျော့ကျစေနိုင်ရန်နှင့် အကောင်းမြင်တတ် သည့် စိတ်ဓါတ်ကို တည်ဆောက်နိုင်ခြင်းဖြင့် မိမိ၏အလုပ်ပတ်ဝန်းကျင်၊လူမှုပတ်ဝန်းကျင်နှင့် မိသားစု ပတ်ဝန်းကျင်အားလုံးတွင် positive attitude ရှိသူတစ်ဦးအဖြစ်ဂုဏ်ယူစွာရပ်တည် နိုင်ရန်အတွက် မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။
မဆွေဇင် MHR
၂၁.၈.၂၀၁၈
Comments
Post a Comment