Posts

Showing posts from June, 2020

"မိမိဧ။်လုပ်ငန်းခွင်တွင် သင်ဧ။် စွမ်းဆောင်ရည် တိုးတက်လာစေရန် ပြုလုပ်သင့်သည့် အဆင့် (၄)ဆင့်"

Image
သင်သည် သင်ဧ။်အလုပ်တွင် စွမ်းဆောင်ရည် တိုးတက်မူများစွာ ရရှိနိုင်ရန်အတွက် စွမ်းဆောင်ရည်ကိုတိုးတက်စေနိုင်သည့် အပြု အမူ ပေါင်းများစွာကို ပြုလုပ်ခဲ့သော်လည်း သင်မျှော်မှန်းထားသလောက် စွမ်းဆောင်ရည် တိုးတက်လာမှုမရှိပါလျှင် သင့်အတွက် ပြောင်းလဲမှုတစ်ခုပြုလုပ်ရန်လိုအပ်နေပါသည်။ သင်၏ စွမ်းဆောင်ရည်တိုးတက်လာစေရန် သင့်ဧ။်စိတ်နေသဘောထား၊ အပြုအမူနှင့် အချိန်ကိုထိရောက်စွာစီမံခန့်ခွဲ နိုင်မှသာလျှင် သင့်အတွက် ထိရောက်သောတိုးတက်မှုကို ရနိုင်မည်ဖြစ်ပါသည်။ အောက်တွင်ဖော်ပြထားသော အချက်(၄)ချက် သည် လွယ်ကူထိရောက်စွာဖြင့် သင့်ဧ။် စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်မည့် နည်းလမ်းများဖြစ်ပါသည်။ (၁)အလုပ်အပေါ်ဦးစားပေးအစီအစဉ်ဖြင့်စီမံခန့် ခွဲနိုင်သူဖြစ်အောင်လေ့လာသင်ယူပါ။ အလုပ် တွင်စွမ်းဆောင်ရည်တိုးတက်လာဖို့ အတွက် သင်သည်အဓိကဦးစားပေးလုပ်ရမည့် အလုပ် များကိုသတ်မှတ်ထားရန်လိုအပ်ပါသည်။နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေရသော အလုပ်များထဲမှ မိမိဦးစားပေးလုပ်ကိုင်ရမည့်အလုပ်နှင့် သက် ဆိုင်သောအလုပ်၊ မသက်ဆိုင်သောအလုပ်ကို စနစ်တကျခွဲခြားတက်ရန်လိုအပ်ပါသည်။ထိုကဲ့ သို့ပြုလုပ်နိုင်လျှင်သင့်တွင်မည်သည့် ကိစ္စက အရေးကြီးပြုလုပ်ရမည်ဆိုသည်ကို သိမြင် လာ...

“အောင်မြင်မှုကို ဘယ်လိုမှတ်ယူမလဲ?”

Image
“အောင်မြင်မှုကို ဘယ်လိုမှတ်ယူမလဲ?” 🔹️ကျွန်မတို့နေထိုင်တဲ့ ကမ္ဘာပေါ်မှ လူဦးရေသန်းပေါင်းများစွာ ရှိပါတယ်။ ထိုအထဲမှအောင်မြင်ကျော်ကြား သူသည်အနည်းငယ်မျှသာရှိပါတယ်။ လူတစ်ယောက် အနေဖြင့်အောင်မြင်မှုရော၊ ကျော်ကြားမှုရောကိုပိုင်ဆိုင်ထားသူဆိုလျှင် ပို၍နည်း မည်ထင်ပါတယ်။ ထို့ကြောင့် ကျွန်မတို့အနေဖြင့်အောင်မြင်မှုကို သတ်မှတ်သည့်အခါ လူတစ်ဦးတစ်ယောက်ချင်းစီ၌ လက်ရှိရောက်နေတဲ့အနေအထားပေါ်မူတည်ပြီး သတ်မှတ်ချက်တွေ ကွဲပြားနိုင်ပါတယ်။ 🔹️ သင့်အနေဖြင့် အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် အဓိက အကျဆုံးအချက်များအနေဖြင့် ဘ၀ရဲ့ရည်မှန်း ချက်ကို သိရှိပြီးဘ၀ကို ဘယ်လို အနေအထားမျိုးမဆိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခြင်း၊ ကျန်းမာသောဘ၀ကို ပိုင်ဆိုင်နိုင်ခြင်း၊ ဘ၀တွင်အဓိပ္ပါယ်ရှိသော အလုပ်ကို လုပ်ပြီးဘ၀ကိုရပ်တည်နိုင်ခြင်းတို့ ဖြစ်ပါတယ်။ 🔹️ တစ်ခါတစ်ရံ ဘ၀တွင် ကျော်ကြားမှုမရှိလည်း အောင်မြင်မှုကို ပိုင်ဆိုင်ထားတဲ့လူပေါင်းများစွာ ရှိပါတယ်။ တစ်ချို့လူများသည်ဘ၀တွင် မိမိနေထိုင်သည့် လူမှုပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက်အကျိုးရှိစေမည့်ကိစ္စများကို ဆောင်ရွက်ပေးနိုင်သဖြင့်အားလုံး၏ လေးစားမှု၊ အားကိုးမှုကို ရရှိပြီးအောင်မြင်မှုတွေ ရရှိနိုင်ပါသည်။ ...

Good Personality (Part I)

Image
“သင့်ဘ၀အတွက် လိုအပ်သော သင်၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရမည့် အချက်များ” (ပထမပိုင်း) 👉 သင့်ဘ၀တွင် သင်၏ကျွမ်းကျင်မှုများ၊ သင်၏ကိုယ်ရည်ကိုယ်သွေး၊ သင်၏အပြုအမူ၊ အပြောအဆို အစရှိသည့် အချက်များကို အမြဲတမ်း အကောင်းဆုံးဖြစ်အောင် လေ့ကျင့် နေရခြင်းသည် သင့်ဘ၀အတွက် ဘယ်တော့မှ အဆုံးသတ်သွားမည်မဟုတ်ပါ။ 👉 သင့်အနေဖြင့် အမြဲတမ်း ကျွမ်းကျင်မှု အသစ်တွေကို လေ့လာသင်ယူမှုပြုပြီး အမြဲတမ်း မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားနေရမည်ဖြစ်သည်။ 👉 သင်၏ကိုယ်ရည်ကိုယ်သွေးကို တိုးတက်အောင် ပြုလုပ်ခြင်းဖြင့် သင့်ဘ၀အောင်မြင်မှုအတွက် ကောင်းမွန်သော ဘ၀လမ်းကြောင်းကို ရရှိနိုင်မည်ဖြစ်သည်။ 👉 ကိုယ်ရည်ကိုယ်သွေး ဆိုသည်မှာ သင်၏ အပြုအမူ၊ တွေးခေါ်သည့်ပုံစံသည် အများနှင့် မတူပဲ ထူးခြားမှု ရှိနေရန် လိုအပ်သည်။ 👉 သင်၏ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရန်အတွက် သင့်အနေဖြင့် သင်၏ အပြုအမူကို ပိုမိုတိုးတက်လာနိုင်အောင် ကြိုးစားရမည်သာမက သင်၏ တွေးခေါ်စဉ်းစားပုံကိုလည်း တိုးတက်အောင် ကြိုးစားရမည် ဖြစ်သည်။ 💎 အောက်တွင် ဖော်ပြထားသော အချက်များသည် သင်၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်ကောင်းမွန်အောင် ပြုပြင် လေ့လာသင့်သည့် အချက်များဖြစ်သည်။ ...