"မိမိ၏ လုပ်ငန်းတွင် အကောင်းမြင်သော စိတ်သဘောထားရှိအောင် ဘယ်လိုတည်ဆောက်ယူကြမလဲ???"
သင်သည် မနက် အိပ်ယာမှနိုးလာပြီဆိုတာနှင့် လန်းဆန်းတက်ကြွပြီး အားအင် အပြည့်ဖြင့် မိမိ၏ အလုပ်ကိုသွားဖို့အတွက် ပြင်ဆင်မှုပြုရ မည်ဖြစ်ပါသည်။ သို့မှသာလျှင် မိမိအလုပ်ကို မြတ်နိုးသည့်စိတ်၊ အလုပ်အပေါ်အကောင်း မြင်သည့်စိတ် အပြည့်ဖြင့် လုပ်ငန်းခွင်ရောက် သည့်အခါ တွင်လည်း အားလုံးနှင့်အဆင်ပြေ ချောမွေ့စွာဖြင့် မိမိ၏တစ်နေ့တာလုပ်ငန်းခွင်ကို ဖြတ်သန်းနိုင်မည် ဖြစ်ပါသည်။ အလုပ်ကို ချစ်ပြီး အလုပ်မှာ ပျော်ရွှင်နေသူ တစ်ယောက်အတွက် တနင်္လာနေ့ရောက်မှာကို ဘယ်တော့မှ ကြောက်မည် မဟုတ်တော့ပါ။ တနင်္လာနေ့သည် သူ့အတွက် good challengingတွေကို ရင်ဆိုင်နိုင်ဖို့အသင့်အနေ အထားဖြင့် လုပ်ငန်းသို့ ပျော်ရွှင်စွာသွားမည့် သူတစ်ဦး ဖြစ်အောင် ကြိုးစားသင့်ပါသည်။ မိမိအနေဖြင့် မိမိ၏အလုပ်တွင် အကောင်းမြင် တတ်ပြီး၊ အလုပ်အပေါ် ချစ်တတ်တဲ့ သူ တစ်ယာက်ဖြစ်အောင် အောက်ပါအချက်များ ဖြင့် တည်ဆောက်ယူရမည်ဖြစ်ပါသည်။ ပထမအဆင့် - ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပါ။ မိမိ၏ ပတ်ဝန်းကျင်ကိုလည်း အကောင်းမြင် သူများလာအောင်ပြုလုပ်ပါ။ မိမိအနေဖြင့် အလုပ်တွင် အကောင်းမြင် တတ်သော စိတ်ဓါတ်ရရှိနိုင်ရန်အတွက် ကိုယ့် ကိုယ်ကို ပြင်ဆင်ရန်လိုအပ်ပါသည်။ ပထမ အဆင့်အနေဖြင့် မိမိ၏ ခေါင်းထဲတွင်ရ...